ညီမကို ထိခိုက်နစ်နာအောင် လုပ်လို့ အခုလို လုပ်ရတာပါ။ သံစဉ်မောင်ကတော့ သရုပ်ဆောင် နေဒွေးဆီကနေ ထိထိရောက်ရောက် တောင်းပန်လာတာမျိုး မရှိရင် အမှုကို ကျေအေးပေးမှာ မဟုတ်တဲ့အကြောင်းပြောလာပါတယ်။
သံစဉ်မောင်ဟာ နေဒွေးနဲ့ အတူ ဇွန်လ (၈) ရက်နေ့က အွန်လိုင်းမီဒီယာတွေမှာ အင်တာဗျူးတွေ ဖြေဆိုခဲ့တာဟာ Star & Model Agency ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်၊ သူမရဲ့ ဆရာတစ်ဦးလည်းဖြစ်သူ ကိုဂျွန်လွင်က သူတို့နှစ်ဦးစလုံး ပြန်လည်အဆင်ပြေစေဖို့ အတွက် ညှိနှိုင်းပေးခဲ့တာဖြစ်တယ်လို့ သံစဉ်မောင်က ပြောပါတယ်။ ဒါဟာ လက်ရှိတရားစွဲဆိုထားတဲ့ အမှုကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
“ ဆရာက သူ့ဖေ့စ်ဘွတ်မှာ တင်ထားသလိုပဲ ‘အကြင်နာထွန်းကားရေး’ ဆိုတဲ့သဘောနဲ့ ဖြေရှင်းပေးတာ။ ညီမက ကိုနေဒွေးကို အမှုကြေအေးပေးတာမဟုတ်ပါဘူး။ အမှုကိစ္စနဲ့ပတ်သက်ပြီးတော့ အဖေက ကျေနပ်တာ၊ မကျေနပ်တာရယ်၊ အဖေကရော ဘယ်လို သဘောမျိုးရှိသလဲ ဆိုတာလည်းကြည့်ရသေးတယ်။ အပြင်မှာသာ သူကတောင်းပန်တာ တကယ်တမ်း မီဒီယာမှာကျတော့ ညီမရေ တောင်းပန်ပါတယ် ဒါတွေကို အစ်ကိုမှားခဲ့ပါတယ်ဆိုတာ မရှိဘူး။ သူ့စိတ်နဲ့ သူကိုယ် တောင်းပန်တယ်ဆိုရင် ညီမဘက်က အမှုကျေအေးပေးကောင်း ကျေအေးပေးနိုင်တယ်။ အခုလိုပြောတာက သူတောင်းပန်တာကို ညီမက ခွင့်လွှတ်တာ အမှုကိစ္စတွေကတော့ ဆက်ပြီးတော့ ရှိနေဦးမှာပါပဲ” လို့ ဆိုပါတယ်။
နေဒွေးကို တရားစွဲဆိုထားတဲ့ အချိန်မှာလည်း ဝေဖန်မှုတွေ ကြုံတွေ့ရတယ်လို့ သံစဉ်မောင်က ရင်ဖွင့်ပြောပြလာပါသေးတယ်။ အခုလို အမှုဖွင့်ခဲ့တဲ့အပေါ်မှာ နေဒွေးကို ထောင်ကျစေလိုတဲ့ ဆန္ဒ မရှိဘူးလို့လည်း သူက ဆိုပါတယ်။ “ ကျွန်တော်မှားရင် ကျွန်တော် တရားရုံးရောက်နေပြီ။ သံစဉ်မောင်ကို တရားပြန်စွဲမယ် ဆိုတဲ့ စကားတွေလည်း ပြောခဲ့ဖူးတယ်။ အခု သူ ညီမကို လာတောင်းပန်တယ်။ ဒါပေမယ့် အခုလို ညီမရဲ့ စိတ် အဆင်ပြေပြေဖြစ်လာဖို့ အချိန်တွေ အများကြီးစောင့်ခဲ့ရတယ်။ လူတွေရဲ့ ရိုက်ခတ်မှုတွေ ညီမ အများကြီး ခံခဲ့ရတာပါ။ အရှင်းဆုံးပြောရရင် သူ့ကိုလည်း ထောင်မကျစေချင်ဘူး၊ အေးချမ်းစေချင်တယ်။ ဒီကိစ္စကြောင့်နဲ့လည်း သူ့ကိုမထိခိုက်စေချင်ပါဘူး။ သူ့ဘက်က ကိုယ့်ကို ထိခိုက်အောင် လုပ်လို့သာ ကိုယ့်ဘက်က ဒီလိုမျိုးလုပ်ရတာပါ။ အမှုက အခုမှ စတာ တရားရုံးကို သူမတက်ရသေးဘူး။ ညီမပဲ တက်ရသေးတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
သရုပ်ဆောင် သံစဉ်မောင်ကတော့ သရုပ်ဆောင်နေဒွေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု ပုဒ်မ(၃၂၃)နဲ့ ရန်ကင်းတရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ တရားစွဲဆို ခဲ့တာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး ကျေအေးပေးနိုင်ဖို့အတွက် ဖခင်ဖြစ်သူနဲ့ ညှိနှိုင်းဖို့လိုအပ်တယ်ဆိုတာကိုလည်း ဆက်လက် ပြောပြလာပါသေးတယ်။
“ အမှုကျေအေးပေးဖို့ဆိုတာက အဖေနဲ့ သူ သေချာ ညှိစေချင်တယ်။ အမှုကိစ္စတွေက အဖေက ပိုသိတယ်။ ညီမက နောက်ကနေပြီးတော့ တရားရုံးမှာ လိုအပ်တယ်ဆိုမှ ရုံးချိန်းသွားတာပါ။ တရားရုံး ခဏခဏ တက်ရတယ်ဆိုတဲ့ အဖြစ်လည်း မဖြစ်ချင်ဘူး။ ညီမကို ထိခိုက်နစ်နာအောင်လုပ်လို့ ညီမမှာလည်း သက်သေ အစုံရှိလို့သာ ရှေ့ဆက်တာပါ။ အမှုကလည်း ညီမရဲ့ မိသားစုဝင်တွေပါ အကုန်ပါလာတဲ့ အတွက်ကြောင့် အဖေ နဲ့ အစ်မပြန်တိုင်ပင်နေပါတယ်။ သူတောင်းပန်တယ်ဆိုတာ နည်းနည်းပေါ့သေးတယ်။ ဒီ့ထက်ပိုပြီး ထိထိရောက်ရောက် တောင်းပန်မယ်ဆိုရင်တော့ ညီမဘက်က ဖြစ်ပျက်ခဲ့ပြီးသား ကိစ္စ အကုန်လုံးအတွက် ခွင့်လွှတ်ပေးလို့ရတယ်။ နစ်နာတာတော့ အရမ်းနစ်နာတယ်။ သူ ဒါတွေလုပ်ခဲ့ပါတယ် ဆိုတာကို သူ့ အသိစိတ်ဓာတ်နဲ့ သူ တောင်းပန်စေချင်တာ။ ယောင်္ကျားတစ်ယောက် အနေနဲ့ သူဝန်ခံတယ်ဆိုရင်တော့ ညီမဘက်က ကြေအေးပေးဖို့က အသင့်ပါပဲ” လို့ သူက ဆိုပါတယ်။
သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်အကြာ လက်တွဲလာခဲ့တာဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာလည်း နေဒွေးက ရန်ဖြစ်ကြတဲ့အချိန်တွေဆို သူမကို ရိုက်နှက် နှိပ်စက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နေဒွေး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဓာတ်ပုံနဲ့တကွဇန်နဝါရီလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။
Credit-ဆယ်လီရပ်ကွက်
Zawgyi
ညီမကို ထိခိုက္နစ္နာေအာင္ လုပ္လို႔ အခုလို လုပ္ရတာပါ။ သံစဥ္ေမာင္ကေတာ့ သ႐ုပ္ေဆာင္ ေနေဒြးဆီကေန ထိထိေရာက္ေရာက္ ေတာင္းပန္လာတာမ်ိဳး မရွိရင္ အမႈကို ေက်ေအးေပးမွာ မဟုတ္တဲ့အေၾကာင္းေျပာလာပါတယ္။
သံစဥ္ေမာင္ဟာ ေနေဒြးနဲ႔ အတူ ဇြန္လ (၈) ရက္ေန႔က အြန္လိုင္းမီဒီယာေတြမွာ အင္တာဗ်ဴးေတြ ေျဖဆိုခဲ့တာဟာ Star & Model Agency ရဲ႕ ပဲ့ကိုင္ရွင္တစ္ဦးလည္းျဖစ္၊ သူမရဲ႕ ဆရာတစ္ဦးလည္းျဖစ္သူ ကိုဂြၽန္လြင္က သူတို႔ႏွစ္ဦးစလုံး ျပန္လည္အဆင္ေျပေစဖို႔ အတြက္ ညႇိႏႈိင္းေပးခဲ့တာျဖစ္တယ္လို႔ သံစဥ္ေမာင္က ေျပာပါတယ္။ ဒါဟာ လက္ရွိတရားစြဲဆိုထားတဲ့ အမႈကိစၥနဲ႔ မသက္ဆိုင္ဘူးလို႔ ဆိုပါတယ္။
“ ဆရာက သူ႔ေဖ့စ္ဘြတ္မွာ တင္ထားသလိုပဲ ‘အၾကင္နာထြန္းကားေရး’ ဆိုတဲ့သေဘာနဲ႔ ေျဖရွင္းေပးတာ။ ညီမက ကိုေနေဒြးကို အမႈေၾကေအးေပးတာမဟုတ္ပါဘူး။ အမႈကိစၥနဲ႔ပတ္သက္ၿပီးေတာ့ အေဖက ေက်နပ္တာ၊ မေက်နပ္တာရယ္၊ အေဖကေရာ ဘယ္လို သေဘာမ်ိဳးရွိသလဲ ဆိုတာလည္းၾကည့္ရေသးတယ္။ အျပင္မွာသာ သူကေတာင္းပန္တာ တကယ္တမ္း မီဒီယာမွာက်ေတာ့ ညီမေရ ေတာင္းပန္ပါတယ္ ဒါေတြကို အစ္ကိုမွားခဲ့ပါတယ္ဆိုတာ မရွိဘူး။ သူ႔စိတ္နဲ႔ သူကိုယ္ ေတာင္းပန္တယ္ဆိုရင္ ညီမဘက္က အမႈေက်ေအးေပးေကာင္း ေက်ေအးေပးႏိုင္တယ္။ အခုလိုေျပာတာက သူေတာင္းပန္တာကို ညီမက ခြင့္လႊတ္တာ အမႈကိစၥေတြကေတာ့ ဆက္ၿပီးေတာ့ ရွိေနဦးမွာပါပဲ” လို႔ ဆိုပါတယ္။
ေနေဒြးကို တရားစြဲဆိုထားတဲ့ အခ်ိန္မွာလည္း ေဝဖန္မႈေတြ ႀကဳံေတြ႕ရတယ္လို႔ သံစဥ္ေမာင္က ရင္ဖြင့္ေျပာျပလာပါေသးတယ္။ အခုလို အမႈဖြင့္ခဲ့တဲ့အေပၚမွာ ေနေဒြးကို ေထာင္က်ေစလိုတဲ့ ဆႏၵ မရွိဘူးလို႔လည္း သူက ဆိုပါတယ္။ “ ကြၽန္ေတာ္မွားရင္ ကြၽန္ေတာ္ တရား႐ုံးေရာက္ေနၿပီ။ သံစဥ္ေမာင္ကို တရားျပန္စြဲမယ္ ဆိုတဲ့ စကားေတြလည္း ေျပာခဲ့ဖူးတယ္။ အခု သူ ညီမကို လာေတာင္းပန္တယ္။ ဒါေပမယ့္ အခုလို ညီမရဲ႕ စိတ္ အဆင္ေျပေျပျဖစ္လာဖို႔ အခ်ိန္ေတြ အမ်ားႀကီးေစာင့္ခဲ့ရတယ္။ လူေတြရဲ႕ ႐ိုက္ခတ္မႈေတြ ညီမ အမ်ားႀကီး ခံခဲ့ရတာပါ။ အရွင္းဆုံးေျပာရရင္ သူ႔ကိုလည္း ေထာင္မက်ေစခ်င္ဘူး၊ ေအးခ်မ္းေစခ်င္တယ္။ ဒီကိစၥေၾကာင့္နဲ႔လည္း သူ႔ကိုမထိခိုက္ေစခ်င္ပါဘူး။ သူ႔ဘက္က ကိုယ့္ကို ထိခိုက္ေအာင္ လုပ္လို႔သာ ကိုယ့္ဘက္က ဒီလိုမ်ိဳးလုပ္ရတာပါ။ အမႈက အခုမွ စတာ တရား႐ုံးကို သူမတက္ရေသးဘူး။ ညီမပဲ တက္ရေသးတာပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။
သ႐ုပ္ေဆာင္ သံစဥ္ေမာင္ကေတာ့ သ႐ုပ္ေဆာင္ေနေဒြးကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ ပုဒ္မ(၃၂၃)နဲ႔ ရန္ကင္းတရား႐ုံးမွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ (၇) ရက္ေန႔က တာေမြၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲဆို ခဲ့တာပါ။ ဒီအမႈနဲ႔ ပတ္သက္ၿပီး ေက်ေအးေပးႏိုင္ဖို႔အတြက္ ဖခင္ျဖစ္သူနဲ႔ ညႇိႏႈိင္းဖို႔လိုအပ္တယ္ဆိုတာကိုလည္း ဆက္လက္ ေျပာျပလာပါေသးတယ္။
“ အမႈေက်ေအးေပးဖို႔ဆိုတာက အေဖနဲ႔ သူ ေသခ်ာ ညႇိေစခ်င္တယ္။ အမႈကိစၥေတြက အေဖက ပိုသိတယ္။ ညီမက ေနာက္ကေနၿပီးေတာ့ တရား႐ုံးမွာ လိုအပ္တယ္ဆိုမွ ႐ုံးခ်ိန္းသြားတာပါ။ တရား႐ုံး ခဏခဏ တက္ရတယ္ဆိုတဲ့ အျဖစ္လည္း မျဖစ္ခ်င္ဘူး။ ညီမကို ထိခိုက္နစ္နာေအာင္လုပ္လို႔ ညီမမွာလည္း သက္ေသ အစုံရွိလို႔သာ ေရွ႕ဆက္တာပါ။ အမႈကလည္း ညီမရဲ႕ မိသားစုဝင္ေတြပါ အကုန္ပါလာတဲ့ အတြက္ေၾကာင့္ အေဖ နဲ႔ အစ္မျပန္တိုင္ပင္ေနပါတယ္။ သူေတာင္းပန္တယ္ဆိုတာ နည္းနည္းေပါ့ေသးတယ္။ ဒီ့ထက္ပိုၿပီး ထိထိေရာက္ေရာက္ ေတာင္းပန္မယ္ဆိုရင္ေတာ့ ညီမဘက္က ျဖစ္ပ်က္ခဲ့ၿပီးသား ကိစၥ အကုန္လုံးအတြက္ ခြင့္လႊတ္ေပးလို႔ရတယ္။ နစ္နာတာေတာ့ အရမ္းနစ္နာတယ္။ သူ ဒါေတြလုပ္ခဲ့ပါတယ္ ဆိုတာကို သူ႔ အသိစိတ္ဓာတ္နဲ႔ သူ ေတာင္းပန္ေစခ်င္တာ။ ေယာက်ၤားတစ္ေယာက္ အေနနဲ႔ သူဝန္ခံတယ္ဆိုရင္ေတာ့ ညီမဘက္က ေၾကေအးေပးဖို႔က အသင့္ပါပဲ” လို႔ သူက ဆိုပါတယ္။
သံစဥ္ေမာင္ဟာ သ႐ုပ္ေဆာင္ ေနေဒြးနဲ႔ ခ်စ္သူသက္တမ္း ၃ ႏွစ္အၾကာ လက္တြဲလာခဲ့တာျဖစ္ပါတယ္။ ၃ ႏွစ္အတြင္းမွာလည္း ေနေဒြးက ရန္ျဖစ္ၾကတဲ့အခ်ိန္ေတြဆို သူမကို ႐ိုက္ႏွက္ ႏွိပ္စက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ ေနေဒြး ႏွိပ္စက္ထားတဲ့ ဒဏ္ရာေတြကိုလည္း ဓာတ္ပုံနဲ႔တကြဇန္နဝါရီလ ၁၅ ရက္ေန႔က သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြ သိေအာင္ ေျပာျပခဲ့ပါတယ္။ သံစဥ္ေမာင္ကိုေတာ့ သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမငယ္ေလးအျဖစ္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာျဖစ္ပါတယ္။ သူမဟာ အခုလက္ရွိမွာ တီဗီေၾကာ္ျငာေတြ၊ ျပကၡဒိန္ေတြ အျပင္ ဗီဒီယို ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားလည္း ႐ိုက္ကူးေနရသူျဖစ္ပါတယ္။ သံစဥ္ေမာင္ရဲ႕ အႏုပညာသက္တမ္းကလည္း ၄ ႏွစ္ခန႔္ကို ေရာက္ရွိလို႔လာပါၿပီ။
Credit-ဆယ္လီရပ္ကြက္