News

ယနေ့ စူဌာမဏိ ဘုရား နှင့် ဓမ္မရံကြီး ဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ ထပ်မံ ဖောက်ထွင်းခံရ

Written by Aung Lay

ယနေ့ စူဌာမဏိ ဘုရား နှင့် ဓမ္မရံကြီး ဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ ထပ်မံ ဖောက်ထွင်းခံရ

ယနေ့ (၉/၆/၂၀၂၀) ပုဂံညောင်ဦးဧည့်လမ်းညွှန်များ အသင်း မနက်ပိုင်းကင်းပတ်လှည့်လည်ရာတွင် စူဌာမဏိ ဘုရား နှင့် ဓမ္မရံကြီး ဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ(၇၅၃/၇၅၁/၇၅၁(က)) အစရှိသော

ဘုရားများတွင် ဖောက်ထွင်းထားသည်ဟု သံသယရှိ၍ ရှေးဟောင်းသုတေသနဦးစီး ဌာန နှင့် တာဝန်ရှိအဖွဲ့အစည်းများသို့ ဆက်သွယ် အကြောင်းကြား၍ စစ်ဆေးခဲ့ကြရာတွင် ဖောက်ထွင်းထားကြောင်းထပ်မံ တွေ့ရှိခဲ့ရပါသည်။

အလုပ်အမှုဆောင်ကော်မတီပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်းကဲ…. ဘယ်လိုလုပ်ကြမှာလဲဗျာတို့ရေ…. အစောင့်တွေ မထားကြဖူးလားကပ်ဘေးဆိုက်ရောက်တာလဲမပြောနဲ့ မလုပ်သင့် မလုပ်ထိုက်တာတွေကို ဆက်တိုက်လုပ်လာနေကြပီ

ဘုရားကိုလဲ မလေးစား၊ တရားကိုလဲ မလေးစား၊ သံဃာကိုလဲ မလေးစားကြတော့ဖူးကြောက်ဖို့ကောင်းတဲ့ ခေတ်ကြီးပါလား?

သာသနာရဲ့ အမွေအနှစ် ၊ မြန်မာလူမျိုးတွေရဲ့ အမွေအနှစ်၊ မြန်မာပြည်သူ/ပြည်သားတိုင်းရဲ့ အသည်းနှလုံးဖြစ်တဲ့ပုဂံကို ဖျက်ဆီးနေကြတာ ဒီတိုင်းထိုင်ကြည့်နေကြတော့မှာလား

အားလုံးသော မြန်မာပြည်သူအပေါင်းတို့ ကျွန်တော်တို့ရဲ့ အသည်းနှလုံးဖြစ်တဲ့ပုဂံကို တတ်စွမ်းသမျှ ကာကွယ်ကြရအောင်လားဗျာ…

အားလုံးသော ပြည်သူတွေ အသိ သတိ ရှိဖို့ ဒီသတင်းကိုတော့ မျှဝေပေးစေချင်ပါတယ်။

လေးစားစွာဖြင့်#ပေသီး#

Zawgyi













လေးစားစွာဖြင့်#ပေသီး#

About the author

Aung Lay

Leave a Comment