ကွမ်း ယာဆိုင် ဖွင့် ၍ စီးပွား ရှာလို သူများ အတွက် နည်း လမ်းကောင်း ( သို့ ) ကွမ်း ယာ ၏ လျှို့ဝှက်ချက်
ကွမ်း
ကွမ်း ဝယ် ရာ တွင် စီးပွားရေး အမြင်အရ ကွမ်းရွက်သေးသေး ကိုသာ ဝယ်ရမည် ။ အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာ တွင် ရွက်ရေများများ ပိုရသဖြင့် ကွမ်းယာ အထွက်ပိုခြင်းကြောင့်ဖြစ်သည် ။ကွမ်းရွက် ကို အရင်း(အရိုး)ဘက်နှင့်အဖျားဘက် ကို ညှပ်ထား ရသည်။ ကွမ်းရွက်ကိုရေဆေးပြီး ဒိန်ချဉ်နှင့် စိမ်ကာ ကွမ်းဘန်းထဲ တွင် ညီညီညာညာ မျှတ လှပအောင် စိမ်ထားနှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကို စားလိုက်သည်နှင့် နုနုညံ့ညံ့ အရသာ ကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါ သည်။
ကွမ်းယာဆိုင်ဖွင့် ၍ စီးပွားရှာလို သူများ အတွက် နည်းလမ်းကောင်း ( သို့ ) ကွမ်းယာ ၏ လျှို့ဝှက်ချက်
ထုံး
ထုံးစပ်နည်း အလွယ်နည်း။။ ကွမ်းယာ ပစ္စည်းဆိုင် မှ အသင့်ဖောက်ထားသော ထုံးဗူး (ရေသန့်ဗူးနှင့်) ထည့် ထားသော ထုံးဗူး သိုမဟုတ် အထုတ်ကိုဝယ်ပါ။အုန်းနို့(စတိုးဆိုင်မှာ အသင့်သုံး ရှိ) မိမိ ကုန်လောက်မည့်ပမာဏကိုချိန်ပြီး ထုံး ၅ကျပ်သားကို ထမင်းစားဇွန်းဖြင့်အုန်းနို့ တစ်ဇွန်းနှုန်းထည့်ပါ။ဟင်းချိုမှုံ့ကို အမှုံဖြသ်သည်ထိ ကျိတ်ပြီး ထုံံး၅ကျပ်သားကို လဖက်စားဇွန်း ဇွန်း ်ဝက်မရှိတရှိ /မန်းကျည်စေ့ခန့်ထည့်ပါ ဆားကိုလည်း ကျိတ်ချေပြီးထုံး၅ကျပ်သားကို ဆားအမှုံ့ လဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး အဝကျယ်သော အိုး ခွက်ထဲထည့်ပြီး စုတ်တန်ဖြင့် နှံ့အောင် နာနာမွှေပြီးစပ်ပါ တအားပြစ်နေလျင် ရေကျက်အေး ထည့်ပါ ။(ရေစိမ်း လုံးဝ မထည့် ပါ နဲ့) မနက်မိုးလင်းရောကပါက ရေများသွားလျင် အရေကြည်ကို ခပ်ထုတ်ပြီး မိမိရောင်းမည့် ထုံးအိုးထဲသို့ထည့်ပြီး ကွမ်းယာရောင်းလို့ရပါပြီ ။ကွမ်း က စားကောင်းပြီး ထုံးပေါက်ခြင်း စပ်ခြင်း လုံးဝ မဖြစ်ပါ (ညကတည်းက စပ်ထားရမည် ) မှတ်ချက် ပျားရည် ဆေးသကြာ သံပုရာသီး လုံးဝမထည့်ပါနဲ့ ထုံးချိုသွာ လျင် အချို့က မကြိုက်ပါ
ကွမ်းယာဆိုင်ဖွင့် ၍ စီးပွားရှာလို သူများ အတွက် နည်းလမ်းကောင်း ( သို့ ) ကွမ်းယာ ၏ လျှို့ဝှက်ချက်
(ရေ ရှည် သုံံး ရန် ထုံံးစပ်နည်း)
ထုံး ၃ပိဿာ၊ ဆား ၅၀-သား၊ ကျောက်ချဉ် ၁၀-သား ပထမအဆင့် ထုံးကို အင်တုံကြီးထဲတွင် ရေအနည်းငယ်ထည့်၍ ခြေပါ။ကျောက်ချဉ် ၁၀-သားကို အမှုန့်ပြုပြီးထည့်ပါ။ နှံ့အောင်မွှေပါ အထက်အောက် နှံ့ပါက ဆား၅၀-သားကို ထည့်လိုက်ပါ နှံ့အောင်မွှေပါ။ဒုတိယအဆင့် ရေနွေးဆူပြီးသားကို ထုံး ကျောက်ချဉ် ဆား ထည့်ပြီးသားထဲကို လောင်းထည့်ပြီးမွှေပါ။ ရေထည့်ပြီး ဖုံးအုပ်ပါ။၅-ရက်ခန့်ကြာသော် ထုံးအိုးထဲမှ အရည်ကြည်များကို သွန်ပါ။ရေအသစ်ကိုထည့်ပြီး တစ်ညအိပ် စိမ်ပါ၊ မနက်လင်းရင် အပေါ်ရေကြည်ကိုသွန်။ မြေအိုးမှာထည့်ပြီး ပွက်အောင်ကျိုပါ၊မီးအနေတော်လောက် ဆူပွက်လာရင် အအေးခံထား၊ အရေကြည်ကိုသွန်၊ရေပြန်ထည့်၊ ညသိပ်ပြီး မနက်တိုင်း ရေကြည်လဲပေးပါ၊ နေ့စဉ်ရေလဲပေးရမည်။တစ်နေ့စာထုံးကို ရေဖျော်ပြီး ပိတ်ပါးပါးနဲ့စစ်ချပါ။ ခဲ သလဲတွေစင်ပြီး နုညံ့တဲ့ထုံးကိုရမယ်။ ထုံးကို အချိုမှုန့်နည်းနည်း ဆားနည်းနည်းချိန်ဆထည့်ပါ။ ထုံးကို ရေဖျော်ရာမှာ ရေနွေးသုံးရမယ်။
ဒါက နည်းတစ်မျိုးဖြစ်သည်။ နောက်တစ်နည်းက ထုံးကို အချိန်တစိဆယ် နှစ်ဆယ် စသည်ဖြင့် ဝယ်ထားပါ၊ ထုံးကို စဉ့်အိုးများတွင်ထည့်၍ ရေအပြည့်ထည့်ပြီး စိမ်ထားပါ၊ထုံးရေကြည်များကို မကြာခဏ သွန်ပြီးရေအသစ်ထည့်ကာ လဲလှယ်ပေးရမည်။ တစ်ချို့သော ထုံးအိုးများမှာ နှစ်နှင့်ချီကြာအောင်ပင် ရေစိမ်ထားကြရသည်။ထို့ကြောင့် ထုံးစပ်ခြင်း၊ ထုံးပေါက်ခြင်း အာနိသင်များ လျော့သွားခြင်းဖြစ်သည်။ထုံးအိုးများမှ ထုံးကိုတစ်နေ့စာ ရောင်ကုန်မည့်အချိုးအစားကိုကြည့်၍ အသုံးပြုရန် ယူရမည်။ကြေးအိုး(သို့မဟုတ်)မြေအိုး စသည်တို့တွင် ထည့်ပြီး တစ်ညလုံးရေစိမ်ထားရမည်။နံနက်ဘက်တွင် ရေကြည်များကို သွန်ပြီး ရေအသစ်ထည့်၍ နွားနို့နှင့် သမအောင် ရောမွှေကာ အသုံးပြုရမည် ဖြစ်ပါသည်။ထုံးမှာ ဆွဲတိုင်း လိုက်ပြီး စားသုံးသူများမှာ အာပေါက်ခြင်း မရှိတော့ချေ။ သို့သော် နိုးရောစပ်ထားသော ထုံးမှာ တစ်နေ့သုံးဖြစ်သဖြင့် မကုန်လျှင် သွန်ပစ်ပြီး အိုးကို သန့်ရှင်းအောင် စင်ကြယ်စွာဆေးကြောထားရမည်။
ကွမ်း သီး
ဈေးထဲ မှ ညှပ်ပြီးရောင်းသော ကွမ်းသီးစိပ်များ ကို အသုံး မပြုပါနှင့်။ ကွမ်းသီးဝယ်ကာ ကွမ်းသီးခြမ်းကိုရေဝအောင် စိမ်ပြီး ညှပ်ကာ နေပူပူတွင် ကြွပ်အောင် လှန်းထားရသည်။ယင်းနောက် မပြင်းလွန်း မပူလွန်းသော မီးရှိန်ရှိန် တွင် ကွမ်းသီးကို မတူးအောင် မချစ်အောင် လှော်ပေးရသည်။ဤကဲ့သို့ လှော်ထားသော ကွမ်းသီးစိပ်မှာ စားရာတွင် ပျင်းတွဲခြင်းမရှိဘဲ ကြွပ်ကြွပ်ရွရွဖြစ်ပြီး စားသူ၏ သွားကို ဝါးချင်ပြီးရင်း ဝါးချင်လာအောင် စွဲဆောင်မှု တစ်မျိုးပင်ဖြစ် သည်။
ကွမ်းယာဆိုင်ဖွင့် ၍ စီးပွားရှာလို သူများ အတွက် နည်းလမ်းကောင်း ( သို့ ) ကွမ်းယာ ၏ လျှို့ဝှက်ချက်
ရှားစေး
ရှားစေးမှာ ထုံးနှင့်မိတ်ဘက်ဖြစ်သည်။ ထုံးများလျှင်လည်း စားမကောင်း၊ ရှားစေးများလျှင်လည်း စားမကောင်း ဖြစ်တတ်သည်။ရှားစေးမှာ ထုံးကို နိုင်ပေသည်။ သို့ရာတွင် ရှားစေးမများဖို့ လက်အချိန်အဆ ကျွမ်းကျင်မှုလိုသည်။ ရှားစေးမှာ ထုံးကဲ့သို့ပင် အိုးထဲတွင် အရည်ဖျော်ကာ စိမ်ထားပြီး နံနက်ဘက်တွင် အဖန်ရည်များ သွန်ပစ်ကာ အာမွှေးဆီထည့်ပြီး သမပေးရမည်။ရှားစေးအနံ့မှာ သင်းပျံ့ပျံ့နှင့် စားသုံးသူများ အကြိုက်တွေ့စေမည်ဖြစ်သည်။
ဗမာဆေး
ဆေးကို တစ်နေ့စာ အတွက်သာ ကွမ်းတယာသုံး အရွယ်များ ညှပ်ထားပြီး လေးလံအောင်ထားရမည်။ကျန်ဆေးများကို မကြာခဏ နေပူလှန်းပေးရမည်။ အစိုပြန်ခြင်မှ ကာကွယ်ရလေသည်။ လေသလပ်ကာ အစိုပြန်ပါက ဆေူအရသာမှာ ပူစပ်ခါးဖြစ်ပြီးအရသာမကောင်းချေ။ယင်းအတွက်ကြောင့် ဆေးကို စက္ကူဖြင့်ပတ်ပြီး စက္ကူပေါ်မှ အဝတ် (သို့မဟုတ်)အိတ်ဖြင့် ပတ်ထားရမည်။
နှပ်ဆေး စပ်နည်း
နှပ်ဆေးအထုတ်ကို ဝယ်ပါ ကော်ဗူး ဖန်ဗူးစသည် ထဲကို ထည့်ပြီး ဆေးအဖတ်ကြီးနေလျင် ကပ်ကျေးဖြင့်ညှပ်ပါ။ ရှောက်ပေါင်း/သံပုရာအရက်ကို လဘက်ရည်ပုဂံအကြမ်းဖြင့် နှစ်ခွက်ထည့်ပါ ပျားရည် စစ်စစ်ကိုလည်း ထမင်းစားဇွန်းတဝက်လောက်ထည့် ပါ။ကျွဲရိုင်း/ချပ်ဗူး ဖျော်ရည် တဗူးထည့်ပါ သမအောင် မွှေပြီးညကတည်းက နှပ်ထားပါ မကုန်လျင် ပုပ်ခြင်း နံခြင်းမရှိပဲ ရက်ကြာလေ ပိုကောင်းလေ ဖြစ်ပါတယ်
ကွမ်းယာ အဓိကပစ္စည်းများ – ၁။ကွမ်း ၂။ထုံး ၃။ကွမ်းသီး ၄။ရှားစေး ၅။ဗမာဆေး ၆။ ဗူးဆေး ၇။ပုလင်းဆေး။အရန်ပစ္စည်းများ – ၁။အာမွှေး အလုံး ၂။အာမွှေး(အရည်)ခေါ်ပရုတ်အာမွှေး ၃။စမုံစပါး ၄။နံနံစေ့ ၅။နွယ်ချို အမှုန့်ကြိတ်ပြီး ၆။နွယ်ခ်ျို အမြစ် ၇။ကွမ်းစားဂမုန်း ၈။ဘိတ်စေ့ ၉။နှပ်ဆေး၁၀။ပရုပ် ၁၁။လေညှင်း ၁၂။ကွန်းသီးအမှုန့် ၁၃။ဖာလာစေ့ ၁၄။အာမွှေးဆီ(ရှားစေးဖျော်ရာတွင်အသုံးပြုရန်) ၁၅။ ဒိန်ချဉ်(ကွမ်းအတွက်အသုံးပြုရန်) ၁၆။နွားနို့(ထုံးဖျော်ရာတွင် အသုံးပြုရန်)
ကွမ်းယာဆိုင်ဖွင့် ၍ စီးပွားရှာလို သူများ အတွက် နည်းလမ်းကောင်း ( သို့ ) ကွမ်းယာ ၏ လျှို့ဝှက်ချက်
အထက်ပါ ပစ္စည်များ စုံစုံလင်လင်ရှိပြီး ပြောပြထားသည့် လျှို့ဝှက်ချက်နည်း ပညာအတိုင်း ကွမ်းယာဆိုင်ထောင်ကာအသုံးပြုကြမည်ဆိုပါက မိတ်ဆွေ၏ ဆိုင်သည် အဆင်ပြေ ပြီး လူကြိုက်များသော စားသုံးသူတို့ အသဲစွဲသော ကွမ်းယာဆိုင်ကောင်း တစ်ဆိုင်ဖြစ်မည်ဆိုတဲ့ အကြောင်း စာချစ်သူ မိတ်ဆွေများနှင့် ရင်းနှီးသော မိတ်ဆွေများအတွက် ဘဝတွင် လက်တွေ့အသုံးကျစေမည့် ကွမ်းယာ၏ လျှို့ဝှက်ချက် နည်းလမ်းအားစာရေးသူ သိရှိ မှတ်သားမိသမျှ စေတနာ ဆန္ဒ အရင်းခံ၍ အသိအမြင် ဗဟုသုများကို မျှးဝေပေးလိုက်ခြင်းဖြစ် ပါသည်။
Ashin Thu Min Ga La