FCPN ပရဟိတ အဖွဲ့ တစ်လပြည့်ပြီလို့ ဆိုပါတယ်။ ဇဏ်ခီကတော့ FCPN ပရဟိတအဖွဲ့ (၁) လပြည့် အထိ ငွေကျပ်(၈၄၁)သိန်း ၊ လူဦးရေ (၈၄၁၀) ဦးကို ကူညီပေးနိုင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဦးဆောင်တဲ့ FCPN ပရဟိတအဖွဲ့ဟာ ဇွန်လ(၈) ရက်နေ့မှာ တစ်လ ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။ ဒီ တစ်လ အတွင်းမှာ ငွေကျပ်(၈၄၁) သိန်း လှူဒါန်းပြီးခဲ့ပြီဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်ရတယ်လို့ ဇဏ်ခီက ဆိုပါတယ်။
” ဒီနေ့ဟာ FCPN ရဲ့ တစ်လပြည့်ပါ။ Yes! One month!! သိန်း(၅၀) နဲ့စခဲ့တဲ့ idea လေးကနေ အားလုံးပူးပေါင်းပါဝင်ပြီး အလှူကြီးတစ်ခုဖြစ်လာတာ အားလုံးအတွက် ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ (၈၄၁)သိန်း ကနေ သိန်း(၁၀၀၀) ထိရောက်သွားနိုင်မလားလို့ စိတ်ကူးမိတယ်။ လိုအပ်နေတဲ့သူတွေအများကြီးတွေ့လာတော့ ဆက်တိုက်လှူပေးချင်နေမိတယ်။ အလှူငွေတွေလည်းဆက်လက် လက်ခံနေပါတယ်။ တစ်ခါလှူတာအားမရလို့ အခေါက်ခေါက်အခါခါလှူချင်ရင်လည်း လှူနိုင်ပါတယ်နော် လို့ပြောရင်း ယုံယုံကြည်ကြည်နဲ့လှူနေတဲ့အလှူရှင်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပါရစေ။ ယုံကြည်မှုမရှိရင် စည်းလုံးမှုမရှိနိုင်ပါဘူး။ စည်းလုံးမှုမရှိရင် ဘာအလုပ်မှမဖြစ်မြောက်နိုင်ပါဘူး။ I’m so proud of this program #fcpn and I’m so proud of all of you!!!” ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ ည ၉နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
FCPN Facebook Page မှာလည်း အလှူတွေ လုပ်ခဲ့တဲ့ တစ်လ အတွင်းမှာ လူဦးရေ (၈၄၁၀) ဦးကို လှူဒါန်းပြီးခဲ့ပြီဖြစ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ FCPN Program ကိုတော့ ၂၀၂၀ ခုနှစ် မေလ အတွင်းမှာပဲ စတင်တည်ထောင်ခဲ့တာ တွေ့ရပါတယ်။ ဒီအစီအစဉ် ကနေ တဆင့် တကယ်လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေမှာ လိုအပ်နေတဲ့ သူတွေကို အဖွဲ့သားတွေကိုယ်တိုင်က သွားရောက် လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက FCPN Page ကနေတဆင့် ဗီဒီယိုဖိုင်လေးနဲ့ ပြောပြထားတာ တွေ့ရပါတယ်။ အလှူငွေများ ဝိုင်းဝန်းကောက်ခံခြင်း နဲ့ အလှူငွေ စာရင်းများကိုလည်း FCPN Facebook Page ကနေ အမြဲတမ်း တင်ပြပေးနေတယ်လို့လည်း သူက ဆိုပါတယ်။
ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့နဲ့ အတူ FCPN ပရဟိတအဖွဲ့သားတွေဟာ ရန်ကုန်တိုင်း အတွင်းရှိ စားနပ်ရိက္ခာ နဲ့ ငွေကြေးထောက်ပံ့မှုလိုအပ်တဲ့ နေရာဒေသတွေတင်မက နယ်မြို့လေးတွေမှာ အမှန်တကယ် လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေ အထိ လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက ဆိုပါတယ်။သူတို့ ဇနီးမောင်နှံဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေအတွက် ဧပြီလ အတွင်းက We Love Yangon ကနေတဆင့် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
FCPN ပရဟိတအဖွဲ့သားတွေနဲ့ အတူ ကိုယ်တိုင်ကိုယ်ကျ အလှူအတန်းတွေ လုပ်နေတဲ့ သရုပ်ဆောင် ဒါရိုက်တာဇဏ်ခီကိုတော့ ‘ ဥပါယ်တံမျဉ်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘ မုဒြာရဲ့ ခေါ်သံ’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ လည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက် ရုပ်ရှင်ကားကြီး အနေနဲ့ ‘ Now & Ever’ ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်သလို ပရိသတ်အားပေးမှုတွေလည်း ပိုလို့ရရှိခဲ့ပြန်ပါသေးတယ်။
Credit-ဆယ်လီရပ်ကွက်
Zawgyi
FCPN ပရဟိတ အဖြဲ႕ တစ္လျပည့္ၿပီလို႔ ဆိုပါတယ္။ ဇဏ္ခီကေတာ့ FCPN ပရဟိတအဖြဲ႕ (၁) လျပည့္ အထိ ေငြက်ပ္(၈၄၁)သိန္း ၊ လူဦးေရ (၈၄၁၀) ဦးကို ကူညီေပးႏိုင္ခဲ့တဲ့အေပၚ ဝမ္းသာပီတိျဖစ္ရတဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။
သ႐ုပ္ေဆာင္ ဇဏ္ခီနဲ႔ ဒါ႐ိုက္တာ ခရစၥတီးနားခီတို႔ ဦးေဆာင္တဲ့ FCPN ပရဟိတအဖြဲ႕ဟာ ဇြန္လ(၈) ရက္ေန႔မွာ တစ္လ ျပည့္ခဲ့ၿပီလို႔ ဆိုပါတယ္။ ဒီ တစ္လ အတြင္းမွာ ေငြက်ပ္(၈၄၁) သိန္း လႉဒါန္းၿပီးခဲ့ၿပီျဖစ္တာေၾကာင့္ ဝမ္းသာပီတိျဖစ္ရတယ္လို႔ ဇဏ္ခီက ဆိုပါတယ္။
” ဒီေန႔ဟာ FCPN ရဲ႕ တစ္လျပည့္ပါ။ Yes! One month!! သိန္း(၅၀) နဲ႔စခဲ့တဲ့ idea ေလးကေန အားလုံးပူးေပါင္းပါဝင္ၿပီး အလႉႀကီးတစ္ခုျဖစ္လာတာ အားလုံးအတြက္ ကြၽန္ေတာ္ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္။ (၈၄၁)သိန္း ကေန သိန္း(၁၀၀၀) ထိေရာက္သြားႏိုင္မလားလို႔ စိတ္ကူးမိတယ္။ လိုအပ္ေနတဲ့သူေတြအမ်ားႀကီးေတြ႕လာေတာ့ ဆက္တိုက္လႉေပးခ်င္ေနမိတယ္။ အလႉေငြေတြလည္းဆက္လက္ လက္ခံေနပါတယ္။ တစ္ခါလႉတာအားမရလို႔ အေခါက္ေခါက္အခါခါလႉခ်င္ရင္လည္း လႉႏိုင္ပါတယ္ေနာ္ လို႔ေျပာရင္း ယုံယုံၾကည္ၾကည္နဲ႔လႉေနတဲ့အလႉရွင္မ်ားအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ေျပာပါရေစ။ ယုံၾကည္မႈမရွိရင္ စည္းလုံးမႈမရွိႏိုင္ပါဘူး။ စည္းလုံးမႈမရွိရင္ ဘာအလုပ္မွမျဖစ္ေျမာက္ႏိုင္ပါဘူး။ I’m so proud of this program #fcpn and I’m so proud of all of you!!!” ဆိုၿပီးေတာ့ ဇြန္လ ၈ ရက္ေန႔ ည ၉နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားထားတာ ျဖစ္ပါတယ္။
FCPN Facebook Page မွာလည္း အလႉေတြ လုပ္ခဲ့တဲ့ တစ္လ အတြင္းမွာ လူဦးေရ (၈၄၁၀) ဦးကို လႉဒါန္းၿပီးခဲ့ၿပီျဖစ္တယ္လို႔ ေရးသားထားတာ ေတြ႕ရပါတယ္။ FCPN Program ကိုေတာ့ ၂၀၂၀ ခုႏွစ္ ေမလ အတြင္းမွာပဲ စတင္တည္ေထာင္ခဲ့တာ ေတြ႕ရပါတယ္။ ဒီအစီအစဥ္ ကေန တဆင့္ တကယ္လိုအပ္မႈရွိေနတဲ့ ေနရာေဒသေတြမွာ လိုအပ္ေနတဲ့ သူေတြကို အဖြဲ႕သားေတြကိုယ္တိုင္က သြားေရာက္ လႉဒါန္းလွ်က္ရွိတယ္လို႔ ဇဏ္ခီက FCPN Page ကေနတဆင့္ ဗီဒီယိုဖိုင္ေလးနဲ႔ ေျပာျပထားတာ ေတြ႕ရပါတယ္။ အလႉေငြမ်ား ဝိုင္းဝန္းေကာက္ခံျခင္း နဲ႔ အလႉေငြ စာရင္းမ်ားကိုလည္း FCPN Facebook Page ကေန အၿမဲတမ္း တင္ျပေပးေနတယ္လို႔လည္း သူက ဆိုပါတယ္။
ဇဏ္ခီနဲ႔ ခရစၥတီးနားခီတို႔နဲ႔ အတူ FCPN ပရဟိတအဖြဲ႕သားေတြဟာ ရန္ကုန္တိုင္း အတြင္းရွိ စားနပ္ရိကၡာ နဲ႔ ေငြေၾကးေထာက္ပံ့မႈလိုအပ္တဲ့ ေနရာေဒသေတြတင္မက နယ္ၿမိဳ႕ေလးေတြမွာ အမွန္တကယ္ လိုအပ္မႈရွိေနတဲ့ ေနရာေဒသေတြ အထိ လႉဒါန္းလွ်က္ရွိတယ္လို႔ ဇဏ္ခီက ဆိုပါတယ္။သူတို႔ ဇနီးေမာင္ႏွံဟာ COVID-19 ကာလမွာ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့ အိမ္ေထာင္စုေတြအတြက္ ဧၿပီလ အတြင္းက We Love Yangon ကေနတဆင့္ စားနပ္ရိကၡာေတြ လႉဒါန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။
FCPN ပရဟိတအဖြဲ႕သားေတြနဲ႔ အတူ ကိုယ္တိုင္ကိုယ္က် အလႉအတန္းေတြ လုပ္ေနတဲ့ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာဇဏ္ခီကိုေတာ့ ‘ ဥပါယ္တံမ်ဥ္’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ အဓိက သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ‘ မုျဒာရဲ႕ ေခၚသံ’ ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးမွာ လည္း ပရိသတ္ေတြက အားေပးခဲ့ၾကပါေသးတယ္။ တတိယေျမာက္ ႐ုပ္ရွင္ကားႀကီး အေနနဲ႔ ‘ Now & Ever’ ႐ုပ္ရွင္ကားႀကီးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္သလို ပရိသတ္အားေပးမႈေတြလည္း ပိုလို႔ရရွိခဲ့ျပန္ပါေသးတယ္။
Credit-ဆယ္လီရပ္ကြက္