ၾကားသိရသမ်ွ

စင်ကာပူ (DDI Lab) က တွက်ချက် ထုတ်ပြန်ထားတဲ့ မြန်မာပြည် ကိုဗစ်-၁၉ အဆုံးသတ်မယ့်နေ့

Written by Aung Lay











Thant Lwin Oo

Unicode

စင်ကာပူ (DDI Lab) က တွက်ချက် ထုတ်ပြန်ထားတဲ့ မြန်မာပြည် ကိုဗစ်-၁၉ အဆုံးသတ်မယ့်နေ့

မြန်မာနိုင်ငံ ကိုဗစ်-19 ဘယ်နေ့ အဆုံးသတ်မလဲ။

စင်္ကာပူနိုင်ငံ ဒီဇိုင်းနှင့် နည်းပညာတက္ကသိုလ် (DDI Lab) Singapore University of Technology and Design (SUTD), Data-Driven Innovation Lab. က ထုတ်ပြန် ထားတဲ့ အချက်အလက်တွေ အရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၁ နိုင်ငံရဲ့ ကိုဗစ်-19 ရောဂါဖြစ်ပွားမှု အဆုံးသတ်နိုင်တဲ့ ရက်တွေကို ခန့်မှန်း တွက်ချက်ထားရာမှာ မြန်မာနိုင်ငံမှာ ကိုဗစ်-19 ရောဂါဖြစ်ပွားမှုဟာ လာမယ့် မေလ ၁၂ ရက်နေ့မှာ အဆုံးသတ်သွားမယ်လို့ ခန့်မှန်း တွက်ချက်ထားတာ တွေ့ရပါတယ်။

(ကိုဗစ်-19 ရောဂါဖြစ်ပွားမှု အဆုံးသတ်နိုင်တဲ့ ခန့်မှန်းရက် ဇယား)

အစိုးရရဲ့ ယခုလက်ရှိ ပိတ်ပင်မှုတွေ ကန့်သတ်ချက် တွေကို မေလ ၁၅ ရက်နေ့ထိပဲ တိုးမြှင့် ထားပြီး၊ ပြည်ထောင်စုလွှတ်တော် ကိုလည်း မေလ ၁၈ ရက်နေ့ ပြန်လည်စတင် ခေါ်ယူဖို့ သတ်မှတ်ရက် ကြေညာခဲ့တာ တွေ့ရတဲ့အတွက် အစိုးရအဖွဲ့ဟာ ယခု စင်္ကာပူနိုင်ငံ ဒီဇိုင်းနှင့် နည်းပညာ တက္ကသိုလ် DDI Lab ရဲ့ ခန့်မှန်းတွက်ချက်ထားတဲ့ ဒေတာ အချက်အလက်တွေကို ယုံကြည် ကိုးကားထားလေသလား ထင်မှတ် ရပါတယ်။

ဒေတာ အချက်အလက်တွေ ခန့်မှန်းတွက်ချက်ထားရာမှာ မူရင်း အချက်အလက် ထုတ်ပြန်ချက်တွေရဲ့ မှန်ကန်မှုကလဲ အလွန် အရေးကြီးပါတယ်။

မြန်မာ အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ် ရောဂါ ဖြစ်ပွားမှု အချက်အလက်တွေဟာ ရာနှုန်းပြည့် နီးပါး မှန်ကန်မှု ရှိပါစေလို့ ဆုတောင်းပါတယ်။

ဒါ့အပြင် စင်္ကာပူနိုင်ငံ ဒီဇိုင်းနှင့် နည်းပညာ တက္ကသိုလ် DDI Lab ရဲ့ ခန့်မှန်းတွက်ချက်ထားတဲ့ ဒေတာ အချက်အလက် တွေလည်း ရာနှုန်းပြည့်နီးပါး မှန်ကန်ပါစေလို့ ဆုတောင်းပါတယ်။

ဒါမှလည်း မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး ပြန်လည်ကျန်းမာ နလန်ထနိုင်မှာ မဟုတ်ပါလား။

လက်ရှိ မြန်မာ့ အနေအထားက ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် သေကြေပျက်စီးမှုထက်ကို ကိုဗစ်ရောဂါ အလွန် စီးပွားပျက်ကပ်ကြောင့် ငတ်သေကုန်မှာ ပိုပြီးတော့ စိုးရိမ် သောက ရောက်နေရတာ မဟုတ်ပါလား။

ကမ္ဘာ့ကပ်ရောဂါ (ရောဂန္တရ) ကပ်ဘေးကြီး အမြန်ပြီးဆုံးပြီး ငတ်မွတ်ခေါင်းပါးခြင်း (ဒု ဗ္ဘိက္ခ န္တရကပ်) ဘေးကြီး မဆိုက်ပါစေနဲ့လို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ဗျာ။

Thant Lwin Oo

About the author

Aung Lay

Leave a Comment