အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများကို ကိုဗစ်ကာလ အပိုဆောင်းထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ စီ ပေးအပ်မည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပြောပါတယ်။
ယင်း အပိုဆောင်းထောက်ပံ့ကြေးကို ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှစကာ နိုင်ငံတော်က ၃လတစ်ကြိမ် ပေးအပ်သည့် သက်ကြီးပင်စင် ၃၀၀၀၀ကျပ်နှင့် ပေါင်းစပ်ကာ ပေးအပ်မည်ဖြစ်ပြီးယင်းကိုဗစ်ကာလထောက်ပံ့ကြေး ၃၀၀၀၀ကို လူမှုဝန်ထမ်းဦးစီးဌာန နှင့် LIFT Myanmar တို့က ပံ့ပိုးဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးက“အခုထောက်ပံ့မှုက နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေထဲကနေ ထောက်ပံ့ပေးနေတဲ့ တစ်လတစ်သောင်းကျပ် နဲ့ ၃လတစ်ကြိမ် ၃၀၀၀၀ ကျပ် မဟုတ်ဘဲ။ ကိုဗစ်ကာလ သီးသန့်အပိုဆောင်း ထောက်ပံ့ကြေးဖြစ်ပါတယ်။
နိုင်ငံတော်က ထောက်ပံ့ပေးနေတဲ့ သက်ကြီးပင်စင် နဲ့ အတူ ပူးတွဲပေးအပ်မှာဖြစ်ပါတယ်”ဟု ပြောပါတယ်။ အသက် ၈၅နှစ်နှင့် အထက် ဘိုးဘွားများအနေဖြင့် ယခုကိုဗစ်ကာလတွင် ပုံမှန်ခံစားနေကြဖြစ်သည့် လူမှုရေးပင်စင်အပြင်ယခုအပိုဆောင်းထောက်ပံ့ပေးမည့် ထောက်ပံ့ကြေးတို့ကို ရရှိခံစားရမည်ဖြစ်၍ စုစုပေါင်း ၆၀၀၀၀ကျပ် ရရှိမှာ ဖြစ်ပါတယ်။
လူဦးရေ စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၈၅နှစ်နှင့်အထက်အဘိုးအဘွား ၂၀၀,၁၃၅ ဦးရှိနေပြီး လက်ရှိတွင် စာရင်းများကောက်ယူနေသည့်အပြင် ထောက်ပံ့ကြေး ပေးအပ်မှုအချို့ကိုလည်း ပြုလုပ်နေပြီလို့ သိရပါတယ်။
ကိုဗစ်မပြီးမချင်း (၈၅) နှစ်နဲ့အထက် ဘိုးဘွားများ လစဉ်ထောက်ပံ့ကြေး နှစ်သောင်း ရမည်
Zawgyi
အသက္ ၈၅ ႏွစ္ႏွင့္အထက္ အဘိုးအဘြားမ်ားကို ကိုဗစ္ကာလ အပိုေဆာင္းေထာက္ပံ့ေၾကး က်ပ္ ၃၀၀၀၀ စီ ေပးအပ္မည္ဟု လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနကေျပာပါတယ္။
ယင္း အပိုေဆာင္းေထာက္ပံ့ေၾကးကို ၂၀၁၇-၂၀၁၈ဘ႑ာႏွစ္မွစကာ ႏိုင္ငံေတာ္က ၃လတစ္ႀကိမ္ ေပးအပ္သည့္ သက္ႀကီးပင္စင္ ၃၀၀၀၀က်ပ္ႏွင့္ ေပါင္းစပ္ကာ ေပးအပ္မည္ျဖစ္ၿပီးယင္းကိုဗစ္ကာလေထာက္ပံ့ေၾကး ၃၀၀၀၀ကို လူမႈဝန္ထမ္းဦးစီးဌာန ႏွင့္ LIFT Myanmar တို႔က ပံ့ပိုးေဆာင္႐ြက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေဒၚစန္းစန္းေအးက“အခုေထာက္ပံ့မႈက ႏိုင္ငံေတာ္ရဲ႕ ဘ႑ာရန္ပုံေငြထဲကေန ေထာက္ပံ့ေပးေနတဲ့ တစ္လတစ္ေသာင္းက်ပ္ နဲ႔ ၃လတစ္ႀကိမ္ ၃၀၀၀၀ က်ပ္ မဟုတ္ဘဲ။ ကိုဗစ္ကာလ သီးသန႔္အပိုေဆာင္း ေထာက္ပံ့ေၾကးျဖစ္ပါတယ္။
ႏိုင္ငံေတာ္က ေထာက္ပံ့ေပးေနတဲ့ သက္ႀကီးပင္စင္ နဲ႔ အတူ ပူးတြဲေပးအပ္မွာျဖစ္ပါတယ္”ဟု ေျပာပါတယ္။ အသက္ ၈၅ႏွစ္ႏွင့္ အထက္ ဘိုးဘြားမ်ားအေနျဖင့္ ယခုကိုဗစ္ကာလတြင္ ပုံမွန္ခံစားေနၾကျဖစ္သည့္ လူမႈေရးပင္စင္အျပင္ယခုအပိုေဆာင္းေထာက္ပံ့ေပးမည့္ ေထာက္ပံ့ေၾကးတို႔ကို ရရွိခံစားရမည္ျဖစ္၍ စုစုေပါင္း ၆၀၀၀၀က်ပ္ ရရွိမွာ ျဖစ္ပါတယ္။
လူဦးေရ စာရင္းအရ ျမန္မာႏိုင္ငံတြင္ အသက္ ၈၅ႏွစ္ႏွင့္အထက္အဘိုးအဘြား ၂၀၀,၁၃၅ ဦးရွိေနၿပီး လက္ရွိတြင္ စာရင္းမ်ားေကာက္ယူေနသည့္အျပင္ ေထာက္ပံ့ေၾကး ေပးအပ္မႈအခ်ိဳ႕ကိုလည္း ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။