ရန္ ကုန္၊ ဇြန္လ (၉)
အိမ္ေမြးတိရစာၦန္ (ေခြးနဲ႔ ေၾကာင္) ေတြကို အခုႏွစ္ ၂၀၂၀ ကစၿပီး ခႏၶာကိုယ္ထဲ Microchips ထည့္ၿပီး မွတ္ပုံတင္ ေပးေတာ့မယ္လို႔ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီ၊ တိရစာၦန္ေဆးကုနဲ႔ အသားထုတ္လုပ္႐ုံမ်ား႒ာနက သိရပါတယ္။
“အခုႏွစ္မွ စလုပ္တဲ့ လုပ္ငန္းစဥ္ပါ။ အဲဒီဟာက ခ႐ိုင္႐ုံးေတြမွာ ကိုယ္ထည့္ခ်င္တဲ့ေခြးကို ေခၚသြားလို႔လည္း ရတယ္။ တခ်ိဳ႕ဟာေတြက်ေတာ့လည္း ရပ္ကြက္က ေခြးေတြစုစည္းထားပါတယ္။ လာၿပီးလုပ္ေပးပါဆိုရင္ သြားလုပ္ေပးမယ္။ ေလာေလာဆယ္ေတာ့ ကိုဗစ္ေၾကာင့္ ဒီရက္ပိုင္းမွာေတာ့ နည္းမွာေပါ့ေနာ္။” လို႔ တိရစာၦန္ေဆးကုနဲ႔ အသားထုတ္လုပ္႐ုံမ်ား႒ာနမႉး ဦးမင္းေအာင္က ေျပာပါတယ္။
အဲဒီ Microchips ကို တိရိစာၦန္ရဲ႕ အေၾကာနဲ႔ အသားထဲကိုထည့္မွာျဖစ္ၿပီးေတာ့ မွတ္ပုံတင္ထား တာရွိ၊ မရွိကိုပဲ မွတ္တမ္းတင္ေပးမယ့္ စနစ္ျဖစ္တယ္လို႔ သိရပါတယ္။
“အထက္ကေတာ့ မေန႔ကၫႊန္ၾကားထားတယ္။ ဒါကိုလုပ္ဖို႔။ ကြၽန္ေတာ္တို႔ကေတာ့ ဇြန္လ (၁၂)ရက္ေန႔ ၾကရင္ ေလွ်ာက္လႊာေတြကို ႀကိဳျပင္ဆင္ထားတယ္။” လို႔ ဗဟန္းၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္ မတီဥကၠ႒ ဦးဝင္းဗိုလ္က ေျပာပါတယ္။
ဒါေၾကာင့္ ေမြးထားတဲ့ ေခြး၊ ေၾကာင္ေတြကို မွတ္ပုံတင္ဖို႔ ေမြးျမဴခြင့္ ေလွ်ာက္လႊာေတြကို ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ႐ုံး၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြမွာ ထုတ္ယူႏိုင္တယ္လို႔ သိရပါတယ္။
ေလွ်ာက္ထားမယ့္သူေတြအေနနဲ႔ ေခြး/ေၾကာင္ေတြရဲ႕ (၄”×၆”) ဆိုဒ္ဓာတ္ပုံ ေရွ႕က႐ိုက္တဲ့ ပုံ (၁)ပုံ၊ (၄”× ၆”) ဆိုဒ္ဓာတ္ပုံ ေဘးတိုက္႐ိုက္တဲ့ (၁)ပုံ၊ ကာကြယ္ေဆးထိုးမွတ္တမ္းမူရင္းနဲ႔ မိတၱဴတို႔လိုအပ္တယ္လို႔ သိရပါတယ္။
Unicode
ရန် ကုန်၊ ဇွန်လ (၉)
အိမ်မွေးတိရစ္ဆာန် (ခွေးနဲ့ ကြောင်) တွေကို အခုနှစ် ၂၀၂၀ ကစပြီး ခန္ဓာကိုယ်ထဲ Microchips ထည့်ပြီး မှတ်ပုံတင် ပေးတော့မယ်လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနဲ့ အသားထုတ်လုပ်ရုံများဋ္ဌာနက သိရပါတယ်။
“အခုနှစ်မှ စလုပ်တဲ့ လုပ်ငန်းစဉ်ပါ။ အဲဒီဟာက ခရိုင်ရုံးတွေမှာ ကိုယ်ထည့်ချင်တဲ့ခွေးကို ခေါ်သွားလို့လည်း ရတယ်။ တချို့ဟာတွေကျတော့လည်း ရပ်ကွက်က ခွေးတွေစုစည်းထားပါတယ်။ လာပြီးလုပ်ပေးပါဆိုရင် သွားလုပ်ပေးမယ်။ လောလောဆယ်တော့ ကိုဗစ်ကြောင့် ဒီရက်ပိုင်းမှာတော့ နည်းမှာပေါ့နော်။” လို့ တိရစ္ဆာန်ဆေးကုနဲ့ အသားထုတ်လုပ်ရုံများဋ္ဌာနမှူး ဦးမင်းအောင်က ပြောပါတယ်။
အဲဒီ Microchips ကို တိရိစ္ဆာန်ရဲ့ အကြောနဲ့ အသားထဲကိုထည့်မှာဖြစ်ပြီးတော့ မှတ်ပုံတင်ထား တာရှိ၊ မရှိကိုပဲ မှတ်တမ်းတင်ပေးမယ့် စနစ်ဖြစ်တယ်လို့ သိရပါတယ်။
“အထက်ကတော့ မနေ့ကညွှန်ကြားထားတယ်။ ဒါကိုလုပ်ဖို့။ ကျွန်တော်တို့ကတော့ ဇွန်လ (၁၂)ရက်နေ့ ကြရင် လျှောက်လွှာတွေကို ကြိုပြင်ဆင်ထားတယ်။” လို့ ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။
ဒါကြောင့် မွေးထားတဲ့ ခွေး၊ ကြောင်တွေကို မှတ်ပုံတင်ဖို့ မွေးမြူခွင့် လျှောက်လွှာတွေကို မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
လျှောက်ထားမယ့်သူတွေအနေနဲ့ ခွေး/ကြောင်တွေရဲ့ (၄”×၆”) ဆိုဒ်ဓာတ်ပုံ ရှေ့ကရိုက်တဲ့ ပုံ (၁)ပုံ၊ (၄”× ၆”) ဆိုဒ်ဓာတ်ပုံ ဘေးတိုက်ရိုက်တဲ့ (၁)ပုံ၊ ကာကွယ်ဆေးထိုးမှတ်တမ်းမူရင်းနဲ့ မိတ္တူတို့လိုအပ်တယ်လို့ သိရပါတယ်။