မီတာခများ တိုးမြှင့် ကောက်ခံခဲ့ပေမဲ့လည်း လျှပ်စစ်ကဏ္ဍ ယခင်အတိုင်းဆက်လက် အရှုံးပေါ်နေဆဲဟုဆို
လျှပ်စစ်ဝန်ကြီးဌာနမှ ယခင်နှစ် ဇူလိုင်လမှစတင်၍ မီတာခဈေးနှုန်းများပြောင်းလဲကောက်ခံခဲ့သော်လည်း နိုင်ငံတော်အနေ ဖြင့် လျှပ်စစ်ကဏ္ဍမှ တစ်နှစ်လျှင် ကျပ် ၁၀၀ ဘီလီယံမှ ၂၀၀ ဘီလီယံအတွင်း အရှုံးပေါ်နေလျက်ရှိတယ်လို့ သိရပါတယ်။
ဇွန် ၈ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရသက်တမ်း စတုတ္ထနှစ် တစ်နှစ်တာဆောင်ရွက်ချက် များသတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍမှ နိုင်ငံတော်အနေဖြင့် အမြတ်အစွန်းမရရှိသေးဘဲ အရှုံးခံ စိုက်ထုတ်ဆောင်ရွက်လျက်ရှိနေကြောင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာအရ ယခင်နှစ်တွင် လျှပ်စစ် ထုတ်လုပ်မှုကဏ္ဍမြင့်တက်လာမှု၊ ဓါတ်အားခပြောင်းလဲကောက်ခံမှုတို့အရ လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍမှ အမြတ်ငွေ ကျပ်(၃၂)ဘီလီယံအထိ ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။
“လျှပ်စစ်ကဏ္ဍမှာမြတ်မယ်လို့ခန့်မှန်းထားပေမယ့်လည်း ရေအားလျှပ်စစ်တွေအကန့်အသတ်နဲ့ထုတ်လုပ်ရတာ တွေ၊ ကျန်တဲ့သဘာဝဓါတ်ငွေ့သုံး လျှပ်စစ် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်တက်လာတဲ့အပိုင်းတွေနဲ့ နေရောင် ခြည်စွမ်းအင်သုံးတွေက ကုန်ကျစရိတ်တွေမြင့်တက်လာတာတွေရှိလို့ အရှုံးအရမ်းနည်းပါးသွားတဲ့အထိပဲရှိတယ် လို့ပြောပါရစေ”ဟု အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ဆက်လက်ပြောကြားပါတယ်။
ထို့ပြင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကာလအတွင်း လျှပ်စစ်သုံးစွဲမှုလျော့နည်းခဲ့ခြင်း၊ လျှပ်စစ်ထုတ် လုပ်မှုလျှော့ချခဲ့ခြင်းများကြောင့် လျှပ်စစ်ကဏ္ဍမှ ဝင်ငွေလျော့နည်းမှုများ ရှိနေတယ်လို့ သိရပါတယ်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာတွင် ထုတ်လုပ်သည့်ပုံစံ အပေါ်မူတည်၍ တစ်ယူနစ် ကုန်ကျစရိတ်ကွာခြားနေပြီး နိုင်ငံပိုင်ရေအားလျှပ်စစ်ထုတ်လုပ်မှုသည် တစ်ယူနစ်လျှင် ၁၂ကျပ်သာ ကုန်ကျသော်လည်း
ပုဂ္ဂလိကပိုင် ရေအားထုတ်လုပ်မှု ကုန်ကျစရိတ် တစ်ယူနစ်လျှင် ၇၂ကျပ်၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်မှုမှာ တစ်ယူနစ် ၅၄ကျပ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကုန်ကျ စရိတ်မှာ တစ်ယူနစ်လျှင် ၁၉၅ကျပ် ဖြစ်ကြောင်း လျှပ်စစ်ဌာန မှပြောကြားသည်။
Zawgyi
မီတာခမ်ား တုိးျမွင့္ ေကာက္ခံခဲ႔ေပမဲ႕လည္း လွ်ပ္စစ္က႑ ယခင္အတိုင္းဆက္လက္ အရံႈးေပၚေနဆဲဟုဆုိ
လွ်ပ္စစ္ဝန္ႀကီးဌာနမွ ယခင္ႏွစ္ ဇူလိုင္လမွစတင္၍ မီတာခေစ်းႏႈန္းမ်ားေျပာင္းလဲေကာက္ခံခဲ့ေသာ္လည္း နိုင္ငံေတာ္အေန ျဖင့္ လၽွပ္စစ္က႑မွ တစ္ႏွစ္လၽွင္ က်ပ္ ၁၀၀ ဘီလီယံမွ ၂၀၀ ဘီလီယံအတြင္း အရႈံးေပၚေနလ်က္ရွိတယ္လုိ႔ သိရပါတယ္။
ဇြန္ ၈ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ အစိုးရသက္တမ္း စတုတၳႏွစ္ တစ္ႏွစ္တာေဆာင္ရြက္ခ်က္ မ်ားသတင္းစာရွင္းလင္းပြဲတြင္ လၽွပ္စစ္ထုတ္လုပ္မႈက႑မွ နိုင္ငံေတာ္အေနျဖင့္ အျမတ္အစြန္းမရရွိေသးဘဲ အရႈံးခံ စုိက္ထုတ္ေဆာင္ရြက္လ်က္ရွိေနေၾကာင္းကို လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန တာဝန္ရွိသူက ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။
၂၀၁၉-၂၀၂ဝဘ႑ာႏွစ္အတြက္ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ အစီရင္ခံစာအရ ယခင္ႏွစ္တြင္ လၽွပ္စစ္ ထုတ္လုပ္မႈက႑ျမင့္တက္လာမႈ၊ ဓါတ္အားခေျပာင္းလဲေကာက္ခံမႈတို႔အရ လၽွပ္စစ္ထုတ္လုပ္မႈက႑မွ အျမတ္ေငြ က်ပ္(၃၂)ဘီလီယံအထိ ခန႔္မွန္းခဲ့ေၾကာင္း သိရပါတယ္။
“လၽွပ္စစ္က႑မွာျမတ္မယ္လို႔ခန႔္မွန္းထားေပမယ့္လည္း ေရအားလၽွပ္စစ္ေတြအကန႔္အသတ္နဲ႔ထုတ္လုပ္ရတာ ေတြ၊ က်န္တဲ့သဘာဝဓါတ္ေငြ႔သုံး လၽွပ္စစ္ ထုတ္လုပ္မႈကုန္က်စရိတ္ေတြ ျမင့္တက္လာတဲ့အပိုင္းေတြနဲ႔ ေနေရာင္ ျခည္စြမ္းအင္သုံးေတြက ကုန္က်စရိတ္ေတြျမင့္တက္လာတာေတြရွိလို႔ အရႈံးအရမ္းနည္းပါးသြားတဲ့အထိပဲရွိတယ္ လို႔ေျပာပါရေစ”ဟု အျမဲတမ္းအတြင္းဝန္ ဦးတင္ေမာင္ဦးက ဆက္လက္ေျပာၾကားပါတယ္။
ထို႔ျပင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကာလအတြင္း လၽွပ္စစ္သုံးစြဲမႈေလ်ာ့နည္းခဲ့ျခင္း၊ လၽွပ္စစ္ထုတ္ လုပ္မႈေလၽွာ့ခ်ခဲ့ျခင္းမ်ားေၾကာင့္ လၽွပ္စစ္က႑မွ ဝင္ေငြေလ်ာ့နည္းမႈမ်ား ရွိေနတယ္လုိ႔ သိရပါတယ္။ လၽွပ္စစ္ဓါတ္အား ထုတ္လုပ္ရာတြင္ ထုတ္လုပ္သည့္ပံုစံ အေပၚမူတည္၍ တစ္ယူနစ္ ကုန္က်စရိတ္ကြာျခားေနၿပီး နိုင္ငံပိုင္ေရအားလၽွပ္စစ္ထုတ္လုပ္မႈသည္ တစ္ယူနစ္လၽွင္ ၁၂က်ပ္သာ ကုန္က်ေသာ္လည္း
ပုဂၢလိကပိုင္ ေရအားထုတ္လုပ္မႈ ကုန္က်စရိတ္ တစ္ယူနစ္လၽွင္ ၇၂က်ပ္၊ သဘာဝဓါတ္ေငြ႕သုံး လၽွပ္စစ္ထုတ္လုပ္မႈမွာ တစ္ယူနစ္ ၅၄က်ပ္ႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံးလၽွပ္စစ္ဓါတ္အားထုတ္လုပ္မႈကုန္က် စရိတ္မွာ တစ္ယူနစ္လၽွင္ ၁၉၅က်ပ္ ျဖစ္ေၾကာင္း လွ်ပ္စစ္ဌာန မွေျပာႀကားသည္။