Unicode
ရုပ်ရှင်သရုပ်ဆောင် ကျော်ဇင်ထွဋ် ၏ အမေ ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး အသက် ( 74 ) နှစ်၏ နောက်ဆုံးခရီး
၂၀၂၀၊ ဇွန်လ (၉)ရက် ညနေ (၄း၁၅)အချိန်တွင် ဈာပနကူညီပေးမှုအဖြစ် ရုပ်ရှင်သရုပ်ဆောင် ကျော်ဇင်ထွဋ် ၏ အမေ ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး အသက် ( 74 ) နှစ်သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း နေအိမ်တွင် ယနေ့ နေ့လယ် (၂:၀၀)နာရီအချိန်၌ ကွယ်လွန်သွားခဲ့ပါသည်။
ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး ၏ ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်မောင်းနှင်ပေးခဲ့ပြီး စေတနာ့လုပ်အားပေး အသင်းသား/အသင်းသူများက လိုက်ပါပို့ဆောင်၍ ဖေးမကူညီခဲ့ကြသည်။
ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး အသက် ( 74 ) နှစ်အား ရည်စူး၍ ကျန်ရစ်သူမိသားစုများမှ အလှူငွေ – ၂၅၀,၀၀၀/- (နှစ်သိန်း ငါးသောင်းကျပ်တိတိ) လှူဒါန်းခဲ့ပါသည်။
သာဓု သာဓု သာဓု ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး ကောင်းရာသုဂတိလားပါစေ ……. ။ နာရေးကိစ္စများနှင့်ပတ်သက်၍အကူညီတောင်းခံလိုပါက ရုံးချုပ် ဖုန်း – 01-709277 ၊ 01- 704784 ၊ 09 – 406 7777 13 ၊ 09 – 406 7777 14 ရေဝေးရုံးခွဲဖုန်း – 09 406 7777 24 ထိန်ပင်ရုံးခွဲဖုန်း – 09 406 7777 92 သို့ (အခမဲ့)ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။
ဓာတ်ပုံ – အုပ်စိုးညီညီ #FFSS_YGN
နာရေးကူညီမှုအသင်း ရန်ကုန်