Health

နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတာ အံ့သြစရာပါဗျာ

Written by Aung Lay

ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေတနာရှင်ဗျ။ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာ

မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။ဒီလိုဗျ••၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့

ဆရာဝန်သွားပြတယ် ။ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ဒါပေမယ့်

သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့်

ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ

၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။နှစ်နှစ်ပြည့်တော့မယ်။နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာြင်္ပီလေ။ရန်ကုန်ရောက်တော့

လှည်းတန်းသွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ဆက်ကုပေါ့။သက်သာသလိုရှိပေမယ့်

အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။

တမာရွက်တွေဝါး။

တမာခေါက်ငုံ။

ဆားရေငုံ မရပါဘူး။

တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့

ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း စမ်းသတ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး)အဲဒီမှာ ကြက်ကန်းဆန်အိုးတိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း

အစအနမကျန် ပျောက်ကင်းသွားတယ်။ဆိုရင် ခင်ဗျားတို့ယုံမလား•••အံ့သြမလား။ကျုပ် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်တော့။ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။ဒါကြောင့်••အရမ်းဝမ်းသာလွန်းလို့

အသက် ၆၀ ကျော် ၇၀ ကိုယ့်လိုသင်္ဂျိုင်းခြေတစ်လှန်းရောက်နေတဲ့ ဘဝတူတွေအတွက်စိတ်ဒါဏ်ရာတစ်ချို့သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။ကုနည်း

၁။ကျောက်ချဉ် နှစ်ရာတန်တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ် အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။ တစ်နေ့နှစ်ကြိမ်။

၂။ပင်စိမ်းပင်တစ်ရာဖိုးဝယ် ငငြုပ်ဆုံသန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးမှညှစ်လို့ရတဲ့အရည်နဲ့ပင်စိမ်းရောသမ ပြီးလျှင်တစ်နေ့သုံးကြိမ်ထည့် ဒါပဲ။

ဘဝတူများဝေတနာပျောက်၍လိုရာခရီးရောက်ကြပါစေ။(အများသိအောင်ရှယ်ပေးကြပါ)ခရက်ဒစ်

Zawgyi

ႀကိဳတင္ဝန္ခံပါရေစ။ က်ဳပ္က ဆရာဝန္မဟုတ္ဘူး။ေဝတနာရွင္ဗ်။ကိုယ့္ေရာဂါ ကိုယ့္ေဝတနာကို ကိုယ့္ဖာသာ

မွန္းကု ရမ္းကု ေဒါက္တာရမ္းကုလုပ္ရင္းရရွိလာတဲ့အက်ိဳးကို မွ်ေဝလိုက္တာ။ဒီလိုဗ်••၂၀၁၇ ခုႏွစ္မွာ က်ဳပ္အံသြားတစ္ေခ်ာင္းလႈတ္ၿပီး မခံမရပ္ကိုက္လြန္းလို႔

ဆရာဝန္သြားျပတယ္ ။ဆရာဝန္ကသြားရဲ႕တန္ဖိုးကိုသိေတာ့ မႏုတ္ေစခ်င္ဘူး စားေဆးေပးၿပီးထိန္းလိုက္တယ္။သက္သာသြားတယ္။ဒါေပမယ့္

သြားရဲ႕ေဘးမွာဖုကေလးလိုျဖစ္ၿပီးၿပီတည္လာတယ္။ဆရာဝန္ထပ္ျပ ေဆးထပ္ေပး ဒီလိုနဲ႔ပဲသံသရာလည္ေနတာေပါ့။ၿပီတည္တဲ့အခါ သြားဖုံးတင္းၿပီး ေနထိုင္ရခက္ေပမယ့္

ညႇစ္ထုတ္လိုက္လို႔ၿပီထြက္သြားရင္ တစ္ပါတ္ေလာက္ေနထိုင္လို႔ေကာင္းသြားျပန္ေရာ။ၿပီးရင္ျပန္ထြက္။ေဆးကေတာ့ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ေန႔တိုင္းေသာက္လာလိုက္တာ

၂၀၁၇မွ၂၀၁၉ခုႏွစ္ခုခ်ိန္ထိပဲ။ႏွစ္ႏွစ္ျပည့္ေတာ့မယ္။ႏွစ္ခ်ီၾကာလာေတာ့ ကင္ဆာဘာညာလန႔္လာၿပႌေလ။ရန္ကုန္ေရာက္ေတာ့

လွည္းတန္းသြားဘက္ဆိုင္ရာ ဆရာဝန္နဲ႔ဆက္ျပတယ္။ဆရာဝန္က ဓါတ္မွန္႐ိုက္စစ္ေဆး အေျဖက ကင္ဆာမျဖစ္ေသးဘူးဆိုေတာ့ စိတ္ေအးၿပီမို႔ဆက္ကုေပါ့။သက္သာသလိုရွိေပမယ့္

အနာၿပီထြက္တာေတာ့ ထုံးစံအတိုင္းပဲ။တင္းၿပီေလ။ လူကခတ္႐ြတ္႐ြတ္ဆိုေတာ့ေတြ႕သမွ် လမ္းေဘးအ႐ြက္ေတြခူး အရည္ထြက္ေအာင္ႀကိတ္ အနာထဲထည့္ေပါ့။

တမာ႐ြက္ေတြဝါး။

တမာေခါက္ငုံ။

ဆားေရငုံ မရပါဘူး။

တစ္ေန႔ ဖုန္းပြတ္ရင္းေက်ာက္ခ်ဥ္အာနိသင္အေၾကာင္းပင္စိမ္း႐ြက္နဲ႔ သံပုရာသီးအေၾကာင္းေရးထားတာေလးေတြ႕လို႔

ဖတ္ၾကည့္ရင္းအႀကံေပၚလာတာနဲ႔ထုံးစံအတိုင္း စမ္းသတ္တာေပါ့။(သြားနဲ႔ပါတ္သက္တာေတာ့မပါပါဘူး)အဲဒီမွာ ၾကက္ကန္းဆန္အိုးတိုးေတာ့တာပဲဗ်ိဳ႕”တစ္ကယ္အံ့ၾသစရာပါ”ႏွစ္နဲ႔ခ်ီခံစားေနရတဲ့ေရာဂါ ႏွစ္ရက္သုံးရက္အတြင္း

အစအနမက်န္ ေပ်ာက္ကင္းသြားတယ္။ဆိုရင္ ခင္ဗ်ားတို႔ယုံမလား•••အံ့ၾသမလား။က်ဳပ္ ဘယ္လိုခံစားရမလဲ စဥ္းစားသာၾကည့္ေတာ့။ယိုင္နဲ႔ေနတဲ့သြားလည္း ျပန္ခိုင္သြားၿပီေလ။ဒါေၾကာင့္••အရမ္းဝမ္းသာလြန္းလို႔

အသက္ ၆၀ ေက်ာ္ ၇၀ ကိုယ့္လိုသဂ်ႋဳင္းေျခတစ္လွန္းေရာက္ေနတဲ့ ဘဝတူေတြအတြက္စိတ္ဒါဏ္ရာတစ္ခ်ိဳ႕သက္သာေစရန္ ေစတနာနဲ႔ေဝမွ်လိုက္တယ္။ကုနည္း

၁။ေက်ာက္ခ်ဥ္ ႏွစ္ရာတန္တစ္ထုပ္ဝယ္ၿပီး အမႈန႔္ႀကိတ္ အဲ့ဒီအမႈန႔္ကို အနာရွိတဲ့ဒါဏ္ရာထဲထည့္။ တစ္ေန႔ႏွစ္ႀကိမ္။

၂။ပင္စိမ္းပင္တစ္ရာဖိုးဝယ္ ငျငဳပ္ဆုံသန႔္သန႔္နဲ႔ေထာင္း။ သံပုရာသီးတစ္လုံးမွညႇစ္လို႔ရတဲ့အရည္နဲ႔ပင္စိမ္းေရာသမ ၿပီးလွ်င္တစ္ေန႔သုံးႀကိမ္ထည့္ ဒါပဲ။

ဘဝတူမ်ားေဝတနာေပ်ာက္၍လိုရာခရီးေရာက္ၾကပါေစ။(အမ်ားသိေအာင္ရွယ္ေပးၾကပါ)ခရက္ဒစ္

About the author

Aung Lay

Leave a Comment