Cele News

အသက်အရွယ်တွေရလာတာတောင် ခန့်ညားချောမောနေဆဲဖြစ်ပြီး စတိုင်အမိုက်စားနဲ့ဂေါက်ရိုက်နေတဲ့ မင်းသားကြီးလွင်မိုး

Written by Aung Lay

အကယ်ဒမီမင်းသားကြီးလွင်မိုးကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ယနေ့အချိန်ထိတိုင် တစ်ခဲနက်ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ယခုချိန်မှာဆိုရင် မြေးလေးတစ်ယောက် ကိုလ ည်းပိုင်ဆိုင်ထားပြီဖြစ်တဲ့လွင်မိုးက ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကြောင့် အမြဲပျော် ရွှင်နေရပြီး အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။လွင်မိုးက အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလေးကိုသာ တွင်ကျယ်အော င်လုပ်ဆောင်နေတာပါနော်။

လွင်မိုးရဲ့ချစ်ဇနီးချောလေး မေသူကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသလို့ မိသား စုလေးကိုသေချာဂရုစိုက်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။လွင်မိုးတို့ရဲ့မိသားစုလေးကို ပရိသတ်တွေကအရမ်းအားကျကြပြီး မြေးချောလေးLiam လေးကိုလည်း ပရိသတ်တွေ ကတုန်နေအောင်ချစ်နေကြတာပါနော်။Liam လေးကတော့ အိမ်ရဲ့ဆည်းလည်းလေးဖြစ်ပြီး ဖိုးဖိုးနဲ့လည်းအမြဲကစားကာ လွင်မိုးကလည်း အားတဲ့အချိန်တိုင်းမြေးလေးကိုထိန်းကူ ပေး တာဖြစ်ပါတယ်။

အခုအရွယ်ထိတိုင် ခန့်ညားချောမောနေဆဲဖြစ်တဲ့လွင်မိုးက ပျော်ရွှင်စရာမိသားစု လေး ကြောင့် အရွယ်တင်ပြီးနုပျိုနေတာဖြစ်ပါတယ်။အားကစားလည်းဝါသနာပါတာကြောင့် တစ်ခါ တစ်လေကျရင် ချစ်ဇနီးချောလေးနဲ့အတူ ခြံထဲမှာပဲကြက်တောင်ရိုက်ပြီး အခုဆိုရင်လည်း ဒဂုံဂေါက်ကွင်းမှာ ဂေါက်ကစားနေတာဖြစ်ပါတယ်။လွင်မိုးကတော့ စတိုင်အမိုက်စားနဲ့ အပီအပြင်ဂေါက်ရိုက်နေပြီး မိုးအေးအေးလေးနဲ့သာယာနေတဲ့ဂေါက်ကွင်းပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Zawgyi




About the author

Aung Lay

Leave a Comment