Cele News

ချူစား တယ်လို့ ဝေဖန်နေကြတဲ့သူတွေကို တုန့်ပြန်လိုက်တဲ့ သရုပ်ဆောင် မယ်လိုဒီ

Written by Aung Lay









Melody Myo

Unicode

မြိုချခဲ့ရသမျှ စစ်မှန်သော သည်းခံခြင်းနှင့်ဥပက္ခပြုခြင်းကို သေသည်ထိ ထိမ်းသိမ်းနိုင်ရပါလို၏ သူယုတ်တို့၏အကုသိုလ် အပေးအယူ တရားခံဘဝမှာ လွတ်မြောက်ရပါစေသား

ကိုယ့်ဘက်က အရာခပ်သိမ်း အပေးကြီးဖြစ်သော်လည်း ဝက်ဝက်ကွဲရနေသည် ရသွားသည် ချူစားသည်ဟုပြောသောသူများ အား ခွင့်လွှတ်ဖို့ ကြိုးစားနေရပါသည်

အပေါ်ယံတွေ တစ်လွှာပြီး တစ်လွှာကွာကျလာရင် နောက်ဆုံးကျန်တာတော့ လူသားခြင်းစာနာပြီး ချစ်ခြင်းမေတ္တာ အပြည့် နဲ့ကိုယ် ချစ်ရသောသူများ ကိုယ့်ကိုချစ်သာသူများသာကျန်ခဲ့မှာပါ

အကြိမ်ပေါင်းများစွာ ဘဝနဲ့စည်းစိမ်အကုန်ပုံအောခဲ့သော်လည်း လှပ ချောမောသော နတ်သမီးရုပ်ရည်ကြောင့် ခစား ဆက်သသူများပြီး ရုပ်ကလေးဗန်းပြ ပေးသမျှ အကုန်ယူသည်ဟု ထင်ကြပါသည်

ထားခဲ့ဖူးသမျှရည်းစားတွေအားလုံးဆီ အကြွေးပတ်တောင်းလို့တောင်ရပါသည် (ထားသမျှဘဲတစ်ယောက်ဘဲ ကိုယ်ကပိုက်ဆံမအမ်းဖူးတာ) ကျန်တဲ့ဘဲတွေ အလှူပါလေ🙏🏻

မရေးဘူး နေတာ ကိုယ့်ကြောင့် အကုသိုလ်စိတ် ဖြစ်မှာစိုးသောကြောင့် ရေးလိုက်ပါသည်🙏🏻

သူတစ်ပါး ပစ္စည်း အခွင့်မရှိ မကိုင်ရ ကိုယ်ပိုင်ပစ္စည်း ပိုင်ဆိုင်ရတုန်း တန်ဖိုးထားမြတ်နိုးပါ ကိုယ့်လက်ထဲရောက်လာတဲ့ပစ္စည်း ချနင်းနင်း ဘုရားလိုဘဲကိုးကွယ် ကိုးကွယ် စိတ်မဝင်စားပါနှင့် ချနင်းမှာစိတ်ပူရင် စောင့်ရှောက်ခွင့်ရအောင်လုံးပမ်းပါ

ဘုရားလိုကိုးကွယ်နေမယ်ထင်ရင် အိမ်ကနေဘဲ စိတ်မှန်းနှင့်ကန်တော့လိုက်ပါ စိတ်လျော့ စိတ်ဖြေ ဒီလောက်နဲ့ဘဲ တော်သေးပြီ🧘🏻 လိပ်ပြာလုံပါစေ💐

Melody Myo

About the author

Aung Lay

Leave a Comment