ကျော်ဇင်ထွဋ် မိခင်ရဲ့ ဈာပနကို ဆွေမျိုးတွေ ဖြစ်တဲ့ အဆိုတော်ထွန်းထွန်း နဲ့ သက်အောင် (Examplez) တို့ကလည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ မိခင် ဒေါ်မြင့်မြတ်အေး ကတော့ ဇွန်လ (၉) ရက်နေ့ မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ မိခင်ဖြစ်သူရဲ့ ဈာပနာကို လိုက်ပို့ပေးခဲ့တဲ့ ဆွေမျိုးတွေကို ကျော်ဇင်ထွဋ်က ကျေးဇူးတင်စကားဆိုလာပါတယ်။
“9-6-2020 နေ့လည်2:00အချိန်တွင် 100% ကျော်ဇင်ထွဋ်ရဲ့မေမေ ဒေါ်မြင့်မြတ်အေး အသ က် ( 74 ) နှစ် သည်ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားပါ၍ အမေ့ နောက်ဆုံးခရီးစဉ်ကို လိုက်ပို့ပေးခဲ့ကြတဲ့အမေ့ရဲ့ ဆွေမျိုးညီအကိုမောင်နှမများ အားလုံးကို အထူးပင်ကျေးဇူးတ င်ရှိပါကြောင်းသတင်းပို့ပါအိ…..100% ကျော်ဇင်ထွဋ်ရဲ့မေမေ ကောင်းရာသုဂတိလားပါစေ” ဆိုပြီးတော့ ဇွန်လ၉ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသား ခဲ့ပါတယ်။
ကျော်ဇင်ထွဋ် မိခင်ရဲ့ ဈာပနကိုတော့ အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း နဲ့ သက်အော င်(Examplez) တို့ကလည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ တွေ့ရပါတယ်။ သူတို့ကတော့ ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်ကြသူတွေ ဖြစ်ပါတယ်။ ဈာပနကိစ္စအဝဝကိုလည်း နာရေး ကူညီမှုအသင်းက စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျော်ဇင်ထွဋ်မိခင်ရဲ့ ဈာပနအခမ်းအနားကိုတော့ နာရေးကူညီမှုအသင်းမှ သရုပ်ဆောင် ထွန်းကိုကိုက စီစဉ်ဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။ ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး အတွက် ရည်စူးပြီး ကျော်ဇင်ထွဋ်နဲ့ ဆွေမျိုးများက ကွယ်လွန်သူအတွက် နာရေးကူညီမှု အသင်းကို အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထွန်းကိုကို က ပြောပါတယ်။
”ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး အသက် ( 74 ) နှစ်အား ရည်စူး၍ ကျန်ရစ်သူမိသား စု များမှ အလှူငွေ – ၂၅၀,၀၀၀/- ( နှစ်သိန်း ငါးသောင်းကျပ်တိတိ) လှူဒါန်းခဲ့ပါသည်။ သာဓု သာဓု သာဓုကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး ကောင်းရာသုဂတိလားပါစေ ……. ။” ဆိုပြီးတော့ လည်း ဇွန်လ ၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
ကျော်ဇင်ထွဋ်ကိုတော့ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ ဗီလိန် တစ်ယောက်လို သရုပ်ဆောင်ရပြီး ပရိသတ်တွေရဲ့ ချစ်တာတစ်မျိုး၊ မုန်းတာ တစ်လှည့် အကြိုက်မျိုးစုံ ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း (၁၀) စုနှစ်တစ်ခုကို ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အခုချိန်ထိလည်း အနုပညာအလုပ် လုပ်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။
Zawgyi
ေက်ာ္ဇင္ထြဋ္ မိခင္ရဲ႕ ဈာပနကို ေဆြမ်ိဳးေတြ ျဖစ္တဲ့ အဆိုေတာ္ထြန္းထြန္း နဲ႔ သက္ေအာင္ (Examplez) တို႔ကလည္း လိုက္ပါပို႔ေဆာင္ေပးခဲ့ၾကပါတယ္။
ဇာတ္ပို႔သ႐ုပ္ေဆာင္ ေက်ာ္ဇင္ထြဋ္ရဲ႕ မိခင္ ေဒၚျမင့္ျမတ္ေအး ကေတာ့ ဇြန္လ (၉) ရက္ေန႔ မွာ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။ မိခင္ျဖစ္သူရဲ႕ ဈာပနာကို လိုက္ပို႔ေပးခဲ့တဲ့ ေဆြမ်ိဳးေတြကို ေက်ာ္ဇင္ထြဋ္က ေက်းဇူးတင္စကားဆိုလာပါတယ္။
“9-6-2020 ေန႔လည္2:00အခ်ိန္တြင္ 100% ေက်ာ္ဇင္ထြဋ္ရဲ႕ေမေမ ေဒၚျမင့္ျမတ္ေအး အသ က္ ( 74 ) ႏွစ္ သည္ကင္ဆာေရာဂါျဖင့္ကြယ္လြန္သြားပါ၍ အေမ့ ေနာက္ဆုံးခရီးစဥ္ကို လိုက္ပို႔ေပးခဲ့ၾကတဲ့အေမ့ရဲ႕ ေဆြမ်ိဳးညီအကိုေမာင္ႏွမမ်ား အားလုံးကို အထူးပင္ေက်းဇူးတ င္ရွိပါေၾကာင္းသတင္းပို႔ပါအိ…..100% ေက်ာ္ဇင္ထြဋ္ရဲ႕ေမေမ ေကာင္းရာသုဂတိလားပါေစ” ဆိုၿပီးေတာ့ ဇြန္လ၉ ရက္ေန႔ ည ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသား ခဲ့ပါတယ္။
ေက်ာ္ဇင္ထြဋ္ မိခင္ရဲ႕ ဈာပနကိုေတာ့ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ထြန္းထြန္း နဲ႔ သက္ေအာ င္(Examplez) တို႔ကလည္း လိုက္ပါပို႔ေဆာင္ေပးခဲ့ၾကတာ ေတြ႕ရပါတယ္။ သူတို႔ကေတာ့ ညီအစ္ကို တစ္ဝမ္းကြဲ ေတာ္စပ္ၾကသူေတြ ျဖစ္ပါတယ္။ ဈာပနကိစၥအဝဝကိုလည္း နာေရး ကူညီမႈအသင္းက စီစဥ္ေဆာင္႐ြက္ေပးခဲ့တယ္လို႔ ဆိုပါတယ္။
ေက်ာ္ဇင္ထြဋ္မိခင္ရဲ႕ ဈာပနအခမ္းအနားကိုေတာ့ နာေရးကူညီမႈအသင္းမွ သ႐ုပ္ေဆာင္ ထြန္းကိုကိုက စီစဥ္ေဆာင္႐ြက္ေပးခဲ့တာကို ေတြ႕ရပါတယ္။ ကြယ္လြန္သူ ေဒၚျမင့္ျမတ္ေအး အတြက္ ရည္စူးၿပီး ေက်ာ္ဇင္ထြဋ္နဲ႔ ေဆြမ်ိဳးမ်ားက ကြယ္လြန္သူအတြက္ နာေရးကူညီမႈ အသင္းကို အလႉေငြ ေပးအပ္လႉဒါန္းခဲ့တယ္လို႔ ထြန္းကိုကို က ေျပာပါတယ္။
”ကြယ္လြန္သူ ေဒၚျမင့္ျမတ္ေအး အသက္ ( 74 ) ႏွစ္အား ရည္စူး၍ က်န္ရစ္သူမိသား စု မ်ားမွ အလႉေငြ – ၂၅၀,၀၀၀/- ( ႏွစ္သိန္း ငါးေသာင္းက်ပ္တိတိ) လႉဒါန္းခဲ့ပါသည္။ သာဓု သာဓု သာဓုကြယ္လြန္သူ ေဒၚျမင့္ျမတ္ေအး ေကာင္းရာသုဂတိလားပါေစ ……. ။” ဆိုၿပီးေတာ့ လည္း ဇြန္လ ၉ ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။
ေက်ာ္ဇင္ထြဋ္ကိုေတာ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ လူၾကမ္း၊ ဗီလိန္ တစ္ေယာက္လို သ႐ုပ္ေဆာင္ရၿပီး ပရိသတ္ေတြရဲ႕ ခ်စ္တာတစ္မ်ိဳး၊ မုန္းတာ တစ္လွည့္ အႀကိဳက္မ်ိဳးစုံ ေဝဖန္ခံခဲ့ရသူလည္းျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း (၁၀) စုႏွစ္တစ္ခုကို ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။ အခုခ်ိန္ထိလည္း အႏုပညာအလုပ္ လုပ္ေနတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။