Writer ; Kwee (Jeeptoolay)
Source ; Ayeyarwady Foundation
Unicode
ပရိသတ်ကြီးရေ …ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းကနေ လှူဒါန်းမှုတွေ မပျက်လုပ်လျက်ရှိရာမှာ ယခုလည်း ချင်းပြည်နယ်မှာကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ လှူခဲ့တယ်လို့ သိရပါတယ်…
“COVID-19 ကူးစက် ခံထားရသူ အတည်ပြု စာရင်းအရ ကလေးမြို့နယ် တိုင်းရင်း ဆေးရုံကြီးတွင် (၆)ဦး၊တီးတိန်မြို့နယ် ပြည်သူ့ ဆေးရုံတွင် (၅)ဦးတို့ကို အနီးကပ် ကြပ်မတ် ကုသပေးလျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့်..
သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများ၊ တာဝန်ခံများနှင့် ဆွေးနွေးတိုင်ပင်၍ ၎င်းတို့အတွက် လိုအပ်လျက် ရှိသောငွေကျပ် သိန်း(၃၀၀) တန်ဖိုးရှိ ကာကွယ် ကုသရေး ပစ္စည်းများကို ဧပြီလ (၂၃)ရက်နေ့နှင့် (၂၄)နေ့တို့တွင် ..
အရောက်ပို့ဆောင် လှူဒါန်းခဲ့ပါသည်။” ဆိုပြီး ဧရာဝတီဖောင်ဒေးရှင်းလူမှုကွန်ရက်မှာ ဖော်ပြထားတာပါ…
ဒီလို ကိုဗစ်ကာကွယ်ရေးအတွက် နှမြောတွန့်တိုခြင်းမရှိ ခဏခဏလှူဒါန်းနေတဲ့ ဦးဇော်ဇော်ရဲ့ အလှူကို သာဓုခေါ်ပေးခဲ့ကြပါအုံးနော်..