Knowledge

အောက်လမ်း ဆရာ ကြောက် တဲ့ ထယ်သွား ကပ် မြေကြီးနှ င့် ဘုရားဂုဏ်တော်အစွမ်း အံ့မခန်း

Written by Aung Lay

အောက် လမ်း ဆရာ ကြောက် တဲ့ ထယ်သွား ကပ် မြေကြီးနှ င့် ဘုရားဂုဏ်တော်အစွမ်း အံ့မခန်း

“အောင့် တယ်…အောင့်တယ်”ဟူ၍အော်နေသော မောင်ကျော်မိုး ၏ အော်နေသောအသံ သည် စူးနစ်စွာထွက်ပေါ်လာ၏။ မောင်ကျော်မိုး၏ ဖခင်နှင့် အကိုဖြစ်သူတို့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြသည်။

မောင်ကျော်မိုး ၏အော်သံမှာလည်းပို၍ကျယ်လာပြီး အော်သံစိပ်လာသဖြင့် အိမ်နီးချင်းများမှအားလုံးဝိုင်းအုံလာကြသဖြင့် သူတို့အိမ်တွင်လူများပြည့်ကျပ်သွားသည်။ တစ်ယောက်ကပြေးခေါ်သဖြင့်ဗိန္နောဆေးဆရာကြီး ဦးဖြူသီးရောက်လာပြီး တိုင်းရင်းဆေးများတိုက်ကြွေးသော်လည်း အအောင့်ကမပျောက်သဖြင့် မြို့ဆေးရုံသို့ပို့ရန်အကြံပေးကြလေသည်။

ထိုအချိန်မှာပင် ရွာဦးကျောင်းဆရာတော်ဦးသုတဆွမ်းခံကြွလာ၏ အိမ်ထဲသို့ဝင်လိုက်သည်နှင့် မောင်ကျော်မိုး မချိမဆန့်အော်လိုက်သော အသံများက ဆီးကြိုလျက်ရှိသည်။ ထို့ကြောင့် သပိတ်ချပြီး လူနာထံကြွသွား၏။ အသင့်ခင်းထားသောနေရာပေါ်ထိုင်ပြီးသည်နှင့်အကျိုးအကြောင်းမေးလေ၏

“မောင်ကျော်မိုးဘာရောဂါဖြစ်တာလည်း”ဟုမေးလေသည် မည်သူမှဦးဆောင်၍ဖြေသူမရှိ မောင်ကျော်မိုး၏ဖခင်မှ ဗိုက်အောင့်တာပါဘုရားဟုဖြေးဖြေးလေးပြန်လျှောက်၏ ဆရာတော်မှ“ရောဂါကြောင့်လား မတည့်စာ စားမိလို့လား” ထိုအမေးကို မည်သူမှဖြေသံမကြား သူတို့မျက်နှာများမှာ ကြောက်လန့်နေသည့်လဏ္ခာတွေ့ရသည်။

ထိုအချိန်မှာပင် မောင်ကျော်မိုး၏အကိုဖြစ်သူမှ ရဲဝံ့စွာ “ဝေဒနာကြောင့်ပါဘုရား ဝေဒနာမှရိုးရိုးဝေဒနာမဟုတ်ပါဘုရား” “ဒါဆိုရင်ဘယ်လိုဝေဒနာမျိုးလည်းကွဲ့” “အောက်လမ်းဆရာလုပ်ထားတာပါဘုရား” “ဒါကိုဘယ်လိုသိရတာလည်းကွဲ့” “တင်ပါ့ ခုမနက်ပိုင်း မောင်ကျော်မိုးဦးသာဒင်ရဲ့အိမ်ရှေ့ကအဖြတ် ဦးသာဒင်မွေးထားတဲ့ခွေးက မောင်ကျော်မိုးကိုလိုက်ပြီးဆွဲပါတယ်။ အဲ့ဒီမှာမောင်ကျော်မိုးက အုတ်ခဲပိုင်းနဲ့ပစ်လိုက်တာ ခွေးနှာနုရိုးကိုထိပြီးအော်ပြေးပါတယ်။

ဦးသာဒင်က သူ့ခွေးအော်သံကြားတော့ ခြံအပြင်ထွက်လာပြီးမောင်ကျော်မိုးနောက်ကျောကို လက်ညှိုးနဲ့ထိုးပြီးမြေကြီးကိုသူ့ဖနောင့်နဲ့ပေါက်လိုက်တာ တဖက်ကလာနေတဲ့ တပည့်တော်ကိုယ်တိုင်တွေ့လိုက်ရပါတယ်ဘုရား” “အဲ့ဒါနဲ့မောင်ကျော်မိုးအိမ်ရောက်ပြီး အခုလိုအောင့်ပြီ လူးလိမ့်နေတာပါပဲဘုရား”ဟုလျှောက်လေသည်။

“ဆရာတော်ကအနည်းငယ်စဉ်းစားပြီး” “ဒါဆိုဖြစ်နိုင်တယ် ဦးသာဒင်အရင်လူတွေကိုရောအခုလိုလုပ်ဖူးလား” “လုပ်ဖူးပါတယ်ဘုရား မောင်ကျော်မိုးနဲ့ဆို လူမနည်းတော့ပါဖူး အဲ့ဒီလိုဖြစ်ပြီဆို ဘယ်ဆေးဆရာနဲ့မှ ကုလို့မရပါဘူး ဦးသာဒင် ကုပေးမှပျောက်ပါတယ် ခုတပည့်တော်တို့သူ့ဆီ ဆေးမကုချင်လို့တခြားဆရာနဲ့ကုနေတာပါဘုရား”

“ဆရာတော်ဦးသုတရိပ်မိသွား၏ အောက်လမ်းဆရာဆိုတာ ရက်စက်သည့်နေရာမှာနှစ်ယောက်မရှိ သူတစ်ပါးကိုဒုက္ခများများပေးနိုင်လေ သူတို့ပညာတတ်လေဖြစ်၏” “ယ္ခုလက်တွေ့အသုံးချရတော့မည် ထို့ကြောင့်လည်းထယ်သွားတွင်ကပ်နေသောမြေကိုယူခိုင်းပြီးလျှင်” “အဋ္ဌာနမေတံပါဋိတော်ကို ငါးခေါက် ဘုရားဂုဏ်တော်ကိုးပါးကို ငါးခေါက်မန်းပြီး မောင်ကျော်မိုးအားတိုက်လိုက်လေသည်”

“ဘုရာဂုဏ်တော်အစွမ်း အံ့မခန်းပါတကား” မောင်ကျော်မိုးတစ်ယောက် ထည်သွားကပ် မြေကြီးရေစိမ်ကိုသောက်ပြီး ဗိုက်အောင့်ရောဂါချက်ခြင်းပျောက်သွား၏။ လူအများ ဘုရားရှင်၏ဂုဏ်တော်ကို ပိုမိုယုံကြည်လာကြသည်။ မောင်ကျော်မိုး၏ဖခင်မှ“အရှင်ဘုရားဒီလူရှိနေသရွေ့တပည့်တော်တို့စိတ်ဆင်းရဲနေရမှာပါပဲဘုရား” “အဲ့ဒါဆိုရွာထဲကနှင်ထုတ်ကြပါလား” “နှင်မရလို့ခက်နေတာပါဘုရား” “ဒါဆိုသူ့ဘာသာထွက်သွားအောင်လုပ်ရမယ်”ဟုဆရာတော်မှမိန့်ပြီးကျောင်းပြန်ကြွသည်။

နောက်တစ်နေ့ညနေခင်းတွင် ရွာကျောင်းဆရာတော်တစ်ပါးထဲ ဦးသာဒင်အိမ်သို့ မည်သူမှအသိမပေးပဲ ကြွသွားသည်။ အိမ်ပေါ်သို့အရောက်တွင် မျက်လုံးပြူးုပြူး အသားမည်းမည်း မုတ်ဆိတ်မွေးရှည်ရှည်နှင့်ဦးသာဒင်က ဖျာတချပ်ခင်းပေးသည်။ သို့သော် ဦးတော့မချ “အရှင်ဘုရားဘာကိစ္စရှိလို့ ကြွလာတာလည်း” “ဦးပဉ္ဇင်းကစကားကို သွယ်ဝိုက်မပြောတတ်ဖူး ဒကာကြီးက အောက်လမ်းပညာတတ်တယ်ဆိုတာဟုတ်လား?” ဦးသာဒင်ငြင်း၍မရမည့်အတူတူဝန်ခံလိုက်၏။

“ဒကာကြီး ပညာလက်တွေ့မြင်ဖူးချင်တယ် ပြလို့ရမလား” “အရှင်ဘုရားက ဘယ်လိုပြစေချင်တာလည်းဘုရား” “ဦးပဉ္ဇင်းလက်ညှိုးထိုးတဲ့အပင်ကို သေအောင်လုပ်ပေးနိုင်မလား” “ဒါလောက်ကမခက်ပါဖူး ရိုးရိုးသေအောင်ထက် အပင်ကိုမီးလောင်ပြီးသေအောင် လုပ်ပြနိုင်ပါတယ်ဘုရား’

“ကဲ့…ဒါဆိုအပြင်ထွက်ကြစို့ ဒကာကြီး အိမ်ရှေ့လမ်းမဘေးမှာ ဝါးရုံပင်တွေရှိနေတာပဲ” သူတို့နှစ်ယောက်အပြင်ထွက်ကြပြီး ဦးသာဒင်ကို လမ်းဘေမှာနေစေပြီး ဦးပဉ္ဇင်းက ဝါးရုံပင်နားရပ်နေလေသည်။ ဝါးရုံပင်နှင့် ဦးသာဒင် ပေငါးဆယ်ခန့်ကွာလေသည်။ ရွာမှလူအများရောက်လာပြီး မျက်တောင်မခတ်ပဲကြည့်နေကြလေသည်။

ထို့နောက် ဦးပဉ္ဇင်းမှ ဝါးရုံတစ်ရုံအား လက်ညှိုးထိုးပြပြီး… “ဒီအပင်ပဲဒကာကြီး”ဟုလှမ်းအော်ပြောလိုက်သည်နှင့် “ဦးသာဒင်သည် ဝါးပင်ကို စိုက်ကြည့်လျက် လက်ညှိုးထိုး၍ တစ်စုံတစ်ခုကိုရွတ်ဆိုနေ၏။ နှစ်မိနစ်ခန့်အကြာ ဝါးပင်မှာစိမ်းစိုနေရာမှတဖြည်းဖြည်းခြောက်သွေ့ပြီး မီးလောင်၍သွားလေသည်” ရွာသားများဦးသာဒင်ကိုပိုကြောက်လာကြသည်”

“ဦးပဉ္ဇင်းဒုတိယဝါးပင်ကိုညွှန်ပြရာ ပထမဝါးပင်ကဲ့သို့မီးလောင်သွားလေသည်” “ဤတွင်ဦးသာဒင်မှရင်ကော့၍ သာဒင်ကို ဘာထင်သလဲဟူသော မျက်လုံးဖြင့် မြှောက်ကြွကြွ ဖြစ်နေသည်” “အရှင်ဘုရား တပည့်တော်ဝါးတစ်ရုံလုံးမီးလောင်အောင်လုပ်နိုင်ပါတယ်” ရွာသားများရွာဦးကျောင်းဆရာတော်အား စိတ်ပူပင်နေကြသည်။

ထိုအခါရွာဦးကျောင်းဆရာတော်မှ“ဒကာကြီးပညာကို ဒကာကြီးက ယုံကြည်တယ်ဆိုရင်ပေါ့အလောင်းအစားတစ်ခုလုပ်ကြမယ်ဘယ်နှယ့်လဲ” “ဒီတတိယဝါးပင်ကို မီးလောင်အောင်လုပ်ပြနိုင်ခဲ့ရင်ဦးပဉ္ဇင်းဒီရွာကထွက်သွားမယ်၊ လုပ်မပြနိုင်လို့ရှိရင်တော့ဒကာကြီးဒီရွာကထွက်သွားပေးပါ” “စိမ်လိုက်လေသဘောတူပါတယ်ဘုရား” “ဦးပဉ္ဇင်းမှ ကဲ့ဒီစကားအားလုံးကြားတယ်နော် မှတ်ထားကြ ဒါဆို ဒီဝါးပင်ကို မီးလောင်အောင်လုပ်ပြပါဟု တတိယဝါးပင်ကိုလက်ညှိုးထိုးပြလေသည်”

“ဦးသာဒင်လည်းအရင်ပုံစံအတိုင်း လက်ညှိုးထိုးလျှက်ဝါးပင်းအား စိုက်ကြည့်ပြီး တစ်စုံတစ်ခုရွတ်နေ၏” “ဝါးပင်မှာဘာမှမဖြစ်သောအခါ သူချွေးပြန်လာ၏ ထို့အခါ နောက်ဆုံးပညာကုန်သုံးပြီး ဖနောင့်ပေါက်လိုက်သည် ဝါးပင်မှာဘာမှမဖြစ်” “ဦးသာဒင်သာနောက်သို့လေးပေခန့်လွင့်သွားပြီးမြေကြီးပေါ်လူးလိမ့်နေလေသည် အတော်ကြာမှ သူ့မယားနှင့် သူသားတွဲခေါ်သွားရလေသည်”

“ရွားသားများမှ ရွာကျောင်းဆရာတော်နိုင်ပြီ ဦးသာဒင်ကြီးရှုံးပြီဟု အားရဝမ်းသာအော်ကြလေသည်” “ဝမ်းသာအားရအော်ဟစ်ဆူညံနေသဖြင့် တတိယဝါးပင်ကိုဦးသာဒင်မီးလောင်အောင်မလုပ်နိုင်သည်ကို မည်သူမျှမစူးစမ်းမလေ့လာမိကြ”

“တတိယမြှောက်ဝါးပင်၏ နောက်ကျောဖက်ကို သေခြာကြည့်လျှင် စက္ကူဖြင့်ရေးကပ်ထားသော စာလုံးသုံးလုံးကို တွေ့ရမည်ဖြစ်သည်။ ထိုစာလုံးကား” အ ရ ဟံ မေတ္တာရှင်ရွှေပြည်သာ၏ဇာတ်လမ်းကိုအတိုချုံး၍ပြန်လည်မျှဝေပါသည်။

အားလုံးကို အထူးကျေးဇူးတင်လျှက်
စိုင်းမင်းသန့်

Zawgyi

ေအာက္ လမ္း ဆရာ ေၾကာက္ တဲ့ ထယ္သြား ကပ္ ေျမႀကီးႏွ င္႔ ဘုရားဂုဏ္ေတာ္အစြမ္း အံ့မခန္း

“ေအာင့္ တယ္…ေအာင့္တယ္”ဟူ၍ေအာ္ေနေသာ ေမာင္ေက်ာ္မိုး ၏ ေအာ္ေနေသာအသံ သည္ စူးနစ္စြာထြက္ေပၚလာ၏။ ေမာင္ေက်ာ္မိုး၏ ဖခင္နွင့္ အကိုျဖစ္သူတို႔မွာ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနႀကသည္။

ေမာင္ေက်ာ္မိုး ၏ေအာ္သံမွာလည္းပို၍က်ယ္လာျပီး ေအာ္သံစိပ္လာသျဖင့္ အိ္မ္နီးခ်င္းမ်ားမွအားလုံးဝိုင္းအုံလာႀကသျဖင့္ သူတို႔အိမ္တြင္လူမ်ားျပည့္က်ပ္သြားသည္။ တစ္ေယာက္ကေျပးေခၚသျဖင့္ဗိေႏၷာေဆးဆရာႀကီး ဦးျဖဴသီးေရာက္လာျပီး တိုင္းရင္းေဆးမ်ားတိုက္ေျကြးေသာ္လည္း အေအာင့္ကမေပ်ာက္သျဖင့္ ၿမိဳ႕ေဆးရံုသို႔ပို႔ရန္အႀကံေပးႀကေလသည္။

ထိုအခ်ိန္မွာပင္ ရြာဦးေက်ာင္းဆရာေတာ္ဦးသုတဆြမ္းခံျကြလာ၏ အိမ္ထဲသို႔ဝင္လိုက္သည္နွင့္ ေမာင္ေက်ာ္မိုး မခ်ိမဆန္႔ေအာ္လိုက္ေသာ အသံမ်ားက ဆီးျကိုလ်က္ရွိသည္။ ထို႔ေႀကာင့္ သပိတ္ခ်ျပီး လူနာထံျကြသြား၏။ အသင့္ခင္းထားေသာေနရာေပၚထိုင္ျပီးသည္နွင့္အက်ိဳးအေႀကာင္းေမးေလ၏

“ေမာင္ေက်ာ္မိုးဘာေရာဂါျဖစ္တာလည္း”ဟုေမးေလသည္ မည္သူမွဦးေဆာင္၍ေျဖသူမရွိ ေမာင္ေက်ာ္မိုး၏ဖခင္မွ ဗိုက္ေအာင့္တာပါဘုရားဟုေျဖးေျဖးေလးျပန္ေလွ်ာက္၏ ဆရာေတာ္မွ“ေရာဂါေႀကာင့္လား မတည့္စာ စားမိလို႔လား” ထိုအေမးကို မည္သူမွေျဖသံမႀကား သူတို႔မ်က္နွာမ်ားမွာ ေႀကာက္လန္႔ေနသည့္လဏၡာေတြ႕ရသည္။

ထိုအခ်ိန္မွာပင္ ေမာင္ေက်ာ္မိုး၏အကိုျဖစ္သူမွ ရဲဝံ႕စြာ “ေဝဒနာေႀကာင့္ပါဘုရား ေဝဒနာမွရိုးရိုးေဝဒနာမဟုတ္ပါဘုရား” “ဒါဆိုရင္ဘယ္လိုေဝဒနာမ်ိဳးလည္းကြဲ႕” “ေအာက္လမ္းဆရာလုပ္ထားတာပါဘုရား” “ဒါကိုဘယ္လိုသိရတာလည္းကြဲ႕” “တင္ပါ့ ခုမနက္ပိုင္း ေမာင္ေက်ာ္မိုးဦးသာဒင္ရဲ႕အိမ္ေရွ႕ကအျဖတ္ ဦးသာဒင္ေမြးထားတဲ႔ေခြးက ေမာင္ေက်ာ္မိုးကိုလိုက္ျပီးဆြဲပါတယ္။ အဲ႔ဒီမွာေမာင္ေက်ာ္မိုးက အုတ္ခဲပိုင္းနဲ႕ပစ္လိုက္တာ ေခြးနွာနုရိုးကိုထိျပီးေအာ္ေျပးပါတယ္။

ဦးသာဒင္က သူ႔ေခြးေအာ္သံႀကားေတာ့ ျခံအျပင္ထြက္လာျပီးေမာင္ေက်ာ္မိုးေနာက္ေက်ာကို လက္ညွိဳးနဲ႕ထိုးျပီးေျမျကီးကိုသူ႔ဖေနာင့္နဲ႕ေပါက္လိုက္တာ တဖက္ကလာေနတဲ႔ တပည့္ေတာ္ကိုယ္တိုင္ေတြ႕လိုက္ရပါတယ္ဘုရား” “အဲ႔ဒါနဲ႕ေမာင္ေက်ာ္မိုးအိမ္ေရာက္ျပီး အခုလိုေအာင့္ျပီ လူးလိမ့္ေနတာပါပဲဘုရား”ဟုေလွ်ာက္ေလသည္။

“ဆရာေတာ္ကအနည္းငယ္စဥ္းစားျပီး” “ဒါဆိုျဖစ္နိုင္တယ္ ဦးသာဒင္အရင္လူေတြကိုေရာအခုလိုလုပ္ဖူးလား” “လုပ္ဖူးပါတယ္ဘုရား ေမာင္ေက်ာ္မိုးနဲ႔ဆို လူမနည္းေတာ့ပါဖူး အ့ဲဒီလိုျဖစ္ျပီဆို ဘယ္ေဆးဆရာနဲ႔မွ ကုလို႔မရပါဘူး ဦးသာဒင္ ကုေပးမွေပ်ာက္ပါတယ္ ခုတပည့္ေတာ္တို႕သူ႕ဆီ ေဆးမကုခ်င္လို႔တျခားဆရာနဲ႔ကုေနတာပါဘုရား”

“ဆရာေတာ္ဦးသုတရိပ္မိသြား၏ ေအာက္လမ္းဆရာဆိုတာ ရက္စက္သည့္ေနရာမွာနွစ္ေယာက္မရွိ သူတစ္ပါးကိုဒုကၡမ်ားမ်ားေပးနိုင္ေလ သူတို႔ပညာတတ္ေလျဖစ္၏” “ယၡဳလက္ေတြ႕အသုံးခ်ရေတာ့မည္ ထို႕ေႀကာင့္လည္းထယ္သြားတြင္ကပ္ေနေသာေျမကိုယူခိုင္းျပီးလွ်င္” “အ႒ာနေမတံပါဋိေတာ္ကို ငါးေခါက္ ဘုရားဂုဏ္ေတာ္ကိုးပါးကို ငါးေခါက္မန္းျပီး ေမာင္ေက်ာ္မိုးအားတိုက္လိုက္ေလသည္”

“ဘုရာဂုဏ္ေတာ္အစြမ္း အံ႔မခန္းပါတကား” ေမာင္ေက်ာ္မိုးတစ္ေယာက္ ထည္သြားကပ္ ေျမႀကီးေရစိမ္ကိုေသာက္ျပီး ဗိုက္ေအာင့္ေရာဂါခ်က္ျခင္းေပ်ာက္သြား၏။ လူအမ်ား ဘုရားရွင္၏ဂုဏ္ေတာ္ကို ပိုမိုယုံႀကည္လာႀကသည္။ ေမာင္ေက်ာ္မိုး၏ဖခင္မွ“အရွင္ဘုရားဒီလူရွိေနသေရြ႕တပည့္ေတာ္တို႔စိတ္ဆင္းရဲေနရမွာပါပဲဘုရား” “အဲ႔ဒါဆိုရြာထဲကနွင္ထုတ္ႀကပါလား” “နွင္မရလို႔ခက္ေနတာပါဘုရား” “ဒါဆိုသူ႔ဘာသာထြက္သြားေအာင္လုပ္ရမယ္”ဟုဆရာေတာ္မွမိန္႔ျပီးေက်ာင္းျပန္ျကြသည္။

ေနာက္တစ္ေန႔ညေနခင္းတြင္ ရြာေက်ာင္းဆရာေတာ္တစ္ပါးထဲ ဦးသာဒင္အိမ္သို႔ မည္သူမွအသိမေပးပဲ ျကြသြားသည္။ အိမ္ေပၚသို႕အေရာက္တြင္ မ်က္လုံးျပဴးုျပဴး အသားမည္းမည္း မုတ္ဆိတ္ေမြးရွည္ရွည္နွင့္ဦးသာဒင္က ဖ်ာတခ်ပ္ခင္းေပးသည္။ သို႔ေသာ္ ဦးေတာ့မခ် “အရွင္ဘုရားဘာကိစၥရွိလို႔ ျကြလာတာလည္း” “ဦးပဥၨင္းကစကားကို သြယ္ဝုိက္မေျပာတတ္ဖူး ဒကာျကီးက ေအာက္လမ္းပညာတတ္တယ္ဆိုတာဟုတ္လား?” ဦးသာဒင္ျငင္း၍မရမည့္အတူတူဝန္ခံလိုက္၏။

“ဒကာႀကီး ပညာလက္ေတြ႕ျမင္ဖူးခ်င္တယ္ ျပလို႔ရမလား” “အရွင္ဘုရားက ဘယ္လိုျပေစခ်င္တာလည္းဘုရား” “ဦးပဥၨင္းလက္ညွိဳးထိုးတဲ႔အပင္ကို ေသေအာင္လုပ္ေပးနိဳင္မလား” “ဒါေလာက္ကမခက္ပါဖူး ရိုးရိုးေသေအာင္ထက္ အပင္ကိုမီးေလာင္ျပီးေသေအာင္ လုပ္ျပနိဳင္ပါတယ္ဘုရား’

“ကဲ႔…ဒါဆိုအျပင္ထြက္ႀကစုိ႔ ဒကာႀကီး အိမ္ေရွ႕လမ္းမေဘးမွာ ဝါးရံုပင္ေတြရွိေနတာပဲ” သူတို႔နွစ္ေယာက္အျပင္ထြက္ႀကျပီး ဦးသာဒင္ကို လမ္းေဘမွာေနေစျပီး ဦးပဥၨင္းက ဝါးရံုပင္နားရပ္ေနေလသည္။ ဝါးရံုပင္နွင့္ ဦးသာဒင္ ေပငါးဆယ္ခန္႔ကြာေလသည္။ ရြာမွလူအမ်ားေရာက္လာျပီး မ်က္ေတာင္မခတ္ပဲျကည့္ေနႀကေလသည္။

ထို႔ေနာက္ ဦးပဥၨင္းမွ ဝါးရံုတစ္ရံုအား လက္ညွိဳးထိုးျပျပီး… “ဒီအပင္ပဲဒကာႀကီး”ဟုလွမ္းေအာ္ေျပာလိုက္သည္နွင့္ “ဦးသာဒင္သည္ ဝါးပင္ကို စိုက္ႀကည့္လ်က္ လက္ညွိဳးထိုး၍ တစ္စုံတစ္ခုကိုရြတ္ဆိုေန၏။ ႏွစ္မိနစ္ခန္႔အႀကာ ဝါးပင္မွာစိမ္းစိုေနရာမွတျဖည္းျဖည္းေျခာက္ေသြ႕ျပီး မီးေလာင္၍သြားေလသည္” ရြာသားမ်ားဦးသာဒင္ကိုပိုေႀကာက္လာႀကသည္”

“ဦးပဥၨင္းဒုတိယဝါးပင္ကိုညႊန္ျပရာ ပထမဝါးပင္ကဲ႔သို႔မီးေလာင္သြားေလသည္” “ဤတြင္ဦးသာဒင္မွရင္ေကာ့၍ သာဒင္ကို ဘာထင္သလဲဟူေသာ မ်က္လုံးျဖင့္ ေျမွာက္ၾကြၾကြ ျဖစ္ေနသည္” “အရွင္ဘုရား တပည့္ေတာ္ဝါးတစ္ရံုလုံးမီးေလာင္ေအာင္လုပ္နိဳင္ပါတယ္” ရြာသားမ်ားရြာဦးေက်ာင္းဆရာေတာ္အား စိတ္ပူပင္ေနႀကသည္။

ထိုအခါရြာဦးေက်ာင္းဆရာေတာ္မွ“ဒကာႀကီးပညာကို ဒကာႀကီးက ယုံႀကည္တယ္ဆိုရင္ေပါ့အေလာင္းအစားတစ္ခုလုပ္ႀကမယ္ဘယ္နွယ့္လဲ” “ဒီတတိယဝါးပင္ကို မီးေလာင္ေအာင္လုပ္ျပနိဳင္ခဲ႔ရင္ဦးပဥၨင္းဒီရြာကထြက္သြားမယ္၊ လုပ္မျပနိဳင္လို႔ရွိရင္ေတာ့ဒကာႀကီးဒီရြာကထြက္သြားေပးပါ” “စိမ္လိုက္ေလသေဘာတူပါတယ္ဘုရား” “ဦးပဥၨင္းမွ ကဲ႔ဒီစကားအားလုံးႀကားတယ္ေနာ္ မွတ္ထားႀက ဒါဆို ဒီဝါးပင္ကို မီးေလာင္ေအာင္လုပ္ျပပါဟု တတိယဝါးပင္ကိုလက္ညွိဳးထိုးျပေလသည္”

“ဦးသာဒင္လည္းအရင္ပုံစံအတိုင္း လက္ညွိဳးထိုးလွ်က္ဝါးပင္းအား စိုက္ႀကည့္ျပီး တစ္စုံတစ္ခုရြတ္ေန၏” “ဝါးပင္မွာဘာမွမျဖစ္ေသာအခါ သူေခြ်းျပန္လာ၏ ထို႕အခါ ေနာက္ဆုံးပညာကုန္သုံးျပီး ဖေနာင့္ေပါက္လိုက္သည္ ဝါးပင္မွာဘာမွမျဖစ္” “ဦးသာဒင္သာေနာက္သို႕ေလးေပခန္႔လြင့္သြားျပီးေျမႀကီးေပၚလူးလိမ့္ေနေလသည္ အေတာ္ႀကာမွ သူ႔မယားနွင့္ သူသားတြဲေခၚသြားရေလသည္”

“ရြားသားမ်ားမွ ရြာေက်ာင္းဆရာေတာ္နိဳင္ျပီ ဦးသာဒင္ႀကီးရွဳံးျပီဟု အားရဝမ္းသာေအာ္ႀကေလသည္” “ဝမ္းသာအားရေအာ္ဟစ္ဆူညံေနသျဖင့္ တတိယဝါးပင္ကိုဦးသာဒင္မီးေလာင္ေအာင္မလုပ္နိဳင္သည္ကို မည္သူမွ်မစူးစမ္းမေလ့လာမိႀက”

“တတိယေျမွာက္ဝါးပင္၏ ေနာက္ေက်ာဖက္ကို ေသျခာႀကည့္လွ်င္ စကၠဴျဖင့္ေရးကပ္ထားေသာ စာလုံးသုံးလုံးကို ေတြ႕ရမည္ျဖစ္သည္။ ထိုစာလုံးကား” အ ရ ဟံ ေမတၲာရွင္ေရႊျပည္သာ၏ဇာတ္လမ္းကိုအတိုခ်ံဳး၍ျပန္လည္မွ်ေဝပါသည္။

အားလုံးကို အထူးေက်းဇူးတင္လွ်က္
စိုင္းမင္းသန္႔

About the author

Aung Lay

Leave a Comment