အာဟာရမျှတပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ မုန်လာဥနီ
ဝါးစားလို့ ရပြီး အရသာလည်း ရှိသလို ဗီတာမင်များစွာ ပါဝင်တယ်။ အမျှင်ဓါတ်နဲ့ ခန္ဓါကိုယ်အကျိုးပြု antioxidant တွေ ပေါကြွယ်ဝပါတယ်။
သွေးတွင်း ကိုလက်စထရောဓါတ်ကို လျှော့ချပေးလို့ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တယ်။ မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အားဆေးတစ်ခွက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
မုန်လာဥနီမှာ ကင်ဆာရောဂါ၊ နှလုံးနဲ့ သွေးတိုးကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေအပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓါတ်၊ ကစီဓါတ်၊ ပိုတက်စီယမ်ဓါတ် အစရှိတဲ့ သတ္တုဓါတ်တွေ ပါဝင်လို့ နေ့စဉ်အာဟာရအတွက် မရှိမဖြစ် ထည့်သွင်းစားပေးဖို့ လိုအပ်ပါတယ်။
မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ။
၁။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မုန်လာဥနီမှာ ခန္ဓါကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ antioxidant တွေအပြင် ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ ကင်ဆာေရာဂါတွေကို ဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်တဲ့ carotenoids လို့ ခေါ်တဲ့ ဓါတ်ပေါင်းများစွာ ပါဝင်လို့ မုန်လာဥနီကို နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ မုန်လာဥနီဟာ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနဲ့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်လျော့နည်းစေနိုင်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။
၂။ အမြင်အာရုံကြည်လင်စေတယ်။ဗီတာမင် A ပေါကြွယ်ဝတဲ့ မုန်လာဥနီကို မျက်စိကျန်းမာရေးအတွက် အထူးကောင်းတဲ့ အားဆေးအဖြစ် လူသိများကြပါတယ်။ မုန်လာဥနီဟာ မျက်စိအားကောင်းစေတယ်၊ အမြင်ကြည်လင်စေတယ်၊ ညဘက်တွေမှာ ကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်တယ်။ ဗီတာမင် A ချို့တဲ့တဲ့ ကလေးတွေကို မုန်လာဥနီ နေ့စဉ်ပုံမှန် ကျွေးပေးခြင်းဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိအားနည်းတာ၊ မျက်စိမှုန်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဆီးချိုထိန်းပေးနိုင်တယ်။
မုန်လာဥနီမှာ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးနိုင်တဲ့ antioxidant တွေနဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်လို့ ဆီးချိုရောဂါရှင်တွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာထဲမှာ တစ်ခုအပါအဝင်ပါပဲ။
၄။ သွေးတိုးရောဂါရှင်တွေအတွက် အထူးသင့်လျော်တယ်။
မုန်လာဥနီမှာ အမျှင်ဓါတ်များစွာ ပါဝင်ပြီး ပိုတက်စီယမ်ဓါတ်ပေါကြွယ်လို့ သွေးတိုးကို ထိန်းပေးနိုင်တဲ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်တဲ့ နှလုံးေရာဂါ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။
၅။ ကိုယ်ခံအားကောင်းစေတယ်။
မုန်လာဥနီမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C ဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် C ဟာ ကိုယ်ခံအားကို ကောင်းစေတယ်၊ ကိုယ်ခန္ဓါထဲ ဝင်လာတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဝေဒနာကို သက်သာစေပြီး ရောဂါအမြန်ပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။
မုန်လာဥနီကို ဟင်းအနေနဲ့ရော၊ စွပ်ပြုတ်အနေနဲ့ပါ ထည့်သွင်းစားသုံးနိုင်ပါတယ်။သေချာဆေးကြောပြီး အစိမ်းစားလို့လည်း အဆင်ပြေစေသလို ငှက်ပျောသီးလို သစ်သီးတွေနဲ့ရောကြိတ်ပြီးဖျော်ရည်အနေနဲ့သောက်သုံးရင်လည်း အဆင်ပြေပါတယ်။
crd original uploader
Zawgyi
အာဟာရမွ်တၿပီး က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ေပးႏိုင္တဲ့ မုန္လာဥနီ
ဝါးစားလို႔ ရၿပီး အရသာလည္း ရွိသလို ဗီတာမင္မ်ားစြာ ပါဝင္တယ္။ အမွ်င္ဓါတ္နဲ႔ ခႏၶါကိုယ္အက်ိဳးျပဳ antioxidant ေတြ ေပါႂကြယ္ဝပါတယ္။
ေသြးတြင္း ကိုလက္စထေရာဓါတ္ကို ေလွ်ာ့ခ်ေပးလို႔ ကိုယ္အေလးခ်ိန္ကိုလည္း က်ေစႏိုင္တယ္။ မ်က္စိက်န္းမာေရးအတြက္ အေရးပါတဲ့ အားေဆးတစ္ခြက္လို႔ ဆိုရင္လည္း မွားမယ္မထင္ပါဘူး။
မုန္လာဥနီမွာ ကင္ဆာေရာဂါ၊ ႏွလုံးနဲ႔ ေသြးတိုးကို ကာကြယ္ေပးႏိုင္တဲ့ antioxidant ေတြအျပင္ ဗီတာမင္အမ်ိဳးမ်ိဳး၊ အမွ်င္ဓါတ္၊ ကစီဓါတ္၊ ပိုတက္စီယမ္ဓါတ္ အစရွိတဲ့ သတၱဳဓါတ္ေတြ ပါဝင္လို႔ ေန႔စဥ္အာဟာရအတြက္ မရွိမျဖစ္ ထည့္သြင္းစားေပးဖို႔ လိုအပ္ပါတယ္။
မုန္လာဥနီရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြက ဘာေတြလဲ။
၁။ ကင္ဆာေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
မုန္လာဥနီမွာ ခႏၶါကိုယ္အတြက္ ေကာင္းက်ိဳးျဖစ္ေစတဲ့ antioxidant ေတြအျပင္ ဗီတာမင္နဲ႔ သတၱဳဓါတ္မ်ားစြာ ပါဝင္ပါတယ္။ ကင္ဆာေရာဂါေတြကို ျဖစ္မလာႏိုင္ေအာင္ တားဆီးေပးႏိုင္တဲ့ carotenoids လို႔ ေခၚတဲ့ ဓါတ္ေပါင္းမ်ားစြာ ပါဝင္လို႔ မုန္လာဥနီကို ေန႔စဥ္ ပုံမွန္စားေပးသင့္ပါတယ္။ မုန္လာဥနီဟာ အူမႀကီးကင္ဆာ၊ အဆုတ္ကင္ဆာ၊ ေသြးကင္ဆာနဲ႔ အမ်ိဳးသားေတြမွာ ဆီးႀကိတ္ကင္ဆာျဖစ္ႏိုင္ေျခ အလြန္ေလ်ာ့နည္းေစႏိုင္တာကိုလည္း ေလ့လာေတြ႕ရွိရပါတယ္။
၂။ အျမင္အာ႐ုံၾကည္လင္ေစတယ္။
ဗီတာမင္ A ေပါႂကြယ္ဝတဲ့ မုန္လာဥနီကို မ်က္စိက်န္းမာေရးအတြက္ အထူးေကာင္းတဲ့ အားေဆးအျဖစ္ လူသိမ်ားၾကပါတယ္။ မုန္လာဥနီဟာ မ်က္စိအားေကာင္းေစတယ္၊ အျမင္ၾကည္လင္ေစတယ္၊ ညဘက္ေတြမွာ ေကာင္းစြာျမင္ႏိုင္ေအာင္ ကူညီေပးႏိုင္တယ္။ ဗီတာမင္ A ခ်ိဳ႕တဲ့တဲ့ ကေလးေတြကို မုန္လာဥနီ ေန႔စဥ္ပုံမွန္ ေကြၽးေပးျခင္းျဖင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မ်က္စိအားနည္းတာ၊ မ်က္စိမႈန္တာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
၃။ ဆီးခ်ိဳထိန္းေပးႏိုင္တယ္။
မုန္လာဥနီမွာ ေသြးတြင္းသၾကားဓါတ္ကို ထိန္းေပးႏိုင္တဲ့ antioxidant ေတြနဲ႔ သတၱဳဓါတ္ေတြ အမ်ားအျပားပါဝင္လို႔ ဆီးခ်ိဳေရာဂါရွင္ေတြ ပုံမွန္စားေပးသင့္တဲ့ အစားအစာထဲမွာ တစ္ခုအပါအဝင္ပါပဲ။
၄။ ေသြးတိုးေရာဂါရွင္ေတြအတြက္ အထူးသင့္ေလ်ာ္တယ္။
မုန္လာဥနီမွာ အမွ်င္ဓါတ္မ်ားစြာ ပါဝင္ၿပီး ပိုတက္စီယမ္ဓါတ္ေပါႂကြယ္လို႔ ေသြးတိုးကို ထိန္းေပးႏိုင္တဲ့အျပင္ ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာျဖစ္တဲ့ ႏွလုံးေရာဂါ မျဖစ္ေအာင္ပါ ကာကြယ္ေပးႏိုင္ပါတယ္။
၅။ ကိုယ္ခံအားေကာင္းေစတယ္။
မုန္လာဥနီမွာ ကိုယ္ခံအားကို ျမႇင့္တင္ေပးႏိုင္တဲ့ ဗီတာမင္ C ဓါတ္ေတြ အမ်ားအျပား ပါဝင္ပါတယ္။ ဗီတာမင္ C ဟာ ကိုယ္ခံအားကို ေကာင္းေစတယ္၊ ကိုယ္ခႏၶါထဲ ဝင္လာတဲ့ ေရာဂါေတြကို တိုက္ဖ်က္ေပးႏိုင္တယ္။ ေဆာင္းရာသီမွာ ျဖစ္တတ္တဲ့ အေအးမိေဝဒနာကို သက္သာေစၿပီး ေရာဂါအျမန္ေပ်ာက္ကင္းေစဖို႔ ကူညီေပးႏိုင္ပါတယ္။
မုန္လာဥနီကို ဟင္းအေနနဲ႔ေရာ၊ စြပ္ျပဳတ္အေနနဲ႔ပါ ထည့္သြင္းစားသုံးႏိုင္ပါတယ္။ေသခ်ာေဆးေၾကာၿပီး အစိမ္းစားလို႔လည္း အဆင္ေျပေစသလို ငွက္ေပ်ာသီးလို သစ္သီးေတြနဲ႔ေရာႀကိတ္ၿပီးေဖ်ာ္ရည္အေနနဲ႔ေသာက္သုံးရင္လည္း အဆင္ေျပပါတယ္။
crd original uploader