Cele News

ကိုယ်ပိုင်အဝတ်စားတချို့ကို ရှင်ငြိမ်း မယ်ဂေဟာက ကိုယ်ဝန်ဆောင်တွေ အတွက် လှူဒါန်းပေးခဲ့တဲ့ သင်ဇာဝင့် ကျော် ၊ ဖွေးဖွေး ၊ သုသု

Written by Aung Lay

ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေကို လိုအပ်နေသူတွေကို လက်ဆင့်ကမ်းပေး ခြင်း ဟာလည်း မွန်မြတ်တဲ့အလှူဒါနတစ်မျိုးပါပဲနော်။ ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ ဖွေးဖွေး သင်ဇာဝင့်ကျော်နဲ့ ပိုင်ဖြိုးသုတို့ကတော့ သူတို့ရဲ့အဝတ်အစားတချို့ကို ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေကို စောင့်ရှောက်ပေးနေတဲ့ ရှင်ငြိမ်းမယ်ရဲ့ဂေဟာလေးမှာ လှူဒါန်းပေး ခဲ့ပါ တယ်။

ရှင်ငြိမ်းမယ်ကတော့ ဒုက္ခရောက်နေတဲ့ ကိုယ်ဝန်ဆောင်ကြီးငယ်မရွေးနဲ့ ကလေးသူငယ် တွေကိုပါ သားသမီးအရင်းအချာလိုပြုစုစောင့်ရှောက်ကူညီပေးနေသူတစ်ယောက်ပါ။ သူက တော့ အနုပညာရှင်တွေ လှူပေးခဲ့ပုံနဲ့ပတ်သက်ပြီး “ကျွန်မ ကိုယ်ဝန်ဆောင်တွေကူညီပေး တဲ့နောက်ကွယ်မှာ ပြန်လည်ထူထောင်ရေးပါ ကူညီပေးရတဲ့အခါ ကျောင်းမပြီးတဲ့ မိခင်ငယ် လေးတွေ ကျောင်းပြန်တက်နိုင်ဖို့ (၇)တန်း (၈)တန်း (၉)တန်း (၁၀)တန်းကနေ တက္ကသိုလ်အထိ အမျိုးသမီးလေးတွေရှိပါတယ်… တခါတရံ ဒီကူညီမှုမှာလွယ်မယောင်နဲ့ အင်မတန်ခက်ခဲပါ တယ်…

အမျိုးသမီးအသုံးအဆောင်ကနေ ပညာရေးကုန်ကျမှုအသေးစိတ် ကနေ မိန်းကလေး အသုံးအဆောင်တွေအထိ ခက်ခဲတယ်… သူတို့လည်း အပျိုဝအောင်မလုပ်ရသေးတဲ့ ကလေး အမေလေးတွေပါပဲ မည်သည့်မှားယွင်းမှု အမှားခံရတာဖြစ်ဖြစ် သူတို့သည်လည်း မိန်းမသား တွေမို့လှချင်ကြဝတ်ချင်စားချင်ကြတာ လည်း ကျွန်မ စိတ်မကောင်းဖြစ်မိတယ်… ကျွန်မလည်း ပညာရေးတောင်အနိုင်အနိုင်… ဒီလိုအခြေနေမှာ မမအေးသီတာက မင်းသမီးတွေဆီကအလှူ ခံပြီး သွားယူပေးခဲ့ပါတယ်ကျေးဇူးအရမ်းတင်ပါတယ်” ဆိုပြီး ရေးသားကာ ဇာတ်ပို့သရုပ်ဆော င်တစ်ယောက်ဖြစ်သူ အေးသီတာကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ပရိသတ်ကြီးရေ… ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ ဖွေးဖွေး၊ ပိုင်ဖြိုးသုနဲ့ သင်ဇာဝင့်ကျော် တို့ကတော့ ဇာတ်ပို့သရုပ်ဆောင်အေးသီတာ အလှူခံခဲ့တဲ့အခါမှာ မဆိုင်းမတွဘဲ ကိုယ်ပိုင်အ ဝတ်အစားတချို့ကို ခွဲဝေလှူဒါန်းပေးခဲ့ပါတယ်။ ကိုယ်လှသလို သူတို့လေးတွေကိုလည်း လှစေ ချင် တဲ့စိတ်နဲ့ မျှဝေပေးခဲ့တဲ့ မွန်မြတ်တဲ့စိတ်ထားရှိသူ သူတို့တွေအတွက် သာဓုခေါ်ပေး ခဲ့ ကြပါဦးနော်။

Source- Aye Thida, Shin Nyein Mel

Zawgyi

ကိုယ့္မွာရွိတဲ့ ကိုယ္ပိုင္အသုံးအေဆာင္ေတြကို လိုအပ္ေနသူေတြကို လက္ဆင့္ကမ္းေပး ျခင္း ဟာလည္း မြန္ျမတ္တဲ့အလႉဒါနတစ္မ်ိဳးပါပဲေနာ္။ ျပည္သူခ်စ္အႏုပညာရွင္ေတြျဖစ္တဲ့ ေဖြးေဖြး သင္ဇာဝင့္ေက်ာ္နဲ႔ ပိုင္ၿဖိဳးသုတို႔ကေတာ့ သူတို႔ရဲ႕အဝတ္အစားတခ်ိဳ႕ကို ကိုယ္ဝန္ေဆာင္နဲ႔ ကေလးငယ္ေတြကို ေစာင့္ေရွာက္ေပးေနတဲ့ ရွင္ၿငိမ္းမယ္ရဲ႕ေဂဟာေလးမွာ လႉဒါန္းေပး ခဲ့ပါ တယ္။

ရွင္ၿငိမ္းမယ္ကေတာ့ ဒုကၡေရာက္ေနတဲ့ ကိုယ္ဝန္ေဆာင္ႀကီးငယ္မေ႐ြးနဲ႔ ကေလးသူငယ္ ေတြကိုပါ သားသမီးအရင္းအခ်ာလိုျပဳစုေစာင့္ေရွာက္ကူညီေပးေနသူတစ္ေယာက္ပါ။ သူက ေတာ့ အႏုပညာရွင္ေတြ လႉေပးခဲ့ပုံနဲ႔ပတ္သက္ၿပီး “ကြၽန္မ ကိုယ္ဝန္ေဆာင္ေတြကူညီေပး တဲ့ေနာက္ကြယ္မွာ ျပန္လည္ထူေထာင္ေရးပါ ကူညီေပးရတဲ့အခါ ေက်ာင္းမၿပီးတဲ့ မိခင္ငယ္ ေလးေတြ ေက်ာင္းျပန္တက္ႏိုင္ဖို႔ (၇)တန္း (၈)တန္း (၉)တန္း (၁၀)တန္းကေန တကၠသိုလ္အထိ အမ်ိဳးသမီးေလးေတြရွိပါတယ္… တခါတရံ ဒီကူညီမႈမွာလြယ္မေယာင္နဲ႔ အင္မတန္ခက္ခဲပါ တယ္…

အမ်ိဳးသမီးအသုံးအေဆာင္ကေန ပညာေရးကုန္က်မႈအေသးစိတ္ ကေန မိန္းကေလး အသုံးအေဆာင္ေတြအထိ ခက္ခဲတယ္… သူတို႔လည္း အပ်ိဳဝေအာင္မလုပ္ရေသးတဲ့ ကေလး အေမေလးေတြပါပဲ မည္သည့္မွားယြင္းမႈ အမွားခံရတာျဖစ္ျဖစ္ သူတို႔သည္လည္း မိန္းမသား ေတြမို႔လွခ်င္ၾကဝတ္ခ်င္စားခ်င္ၾကတာ လည္း ကြၽန္မ စိတ္မေကာင္းျဖစ္မိတယ္… ကြၽန္မလည္း ပညာေရးေတာင္အႏိုင္အႏိုင္… ဒီလိုအေျခေနမွာ မမေအးသီတာက မင္းသမီးေတြဆီကအလႉ ခံၿပီး သြားယူေပးခဲ့ပါတယ္ေက်းဇူးအရမ္းတင္ပါတယ္” ဆိုၿပီး ေရးသားကာ ဇာတ္ပို႔သ႐ုပ္ေဆာ င္တစ္ေယာက္ျဖစ္သူ ေအးသီတာကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ပရိသတ္ႀကီးေရ… ျပည္သူခ်စ္အႏုပညာရွင္ေတြျဖစ္တဲ့ ေဖြးေဖြး၊ ပိုင္ၿဖိဳးသုနဲ႔ သင္ဇာဝင့္ေက်ာ္ တို႔ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ေအးသီတာ အလႉခံခဲ့တဲ့အခါမွာ မဆိုင္းမတြဘဲ ကိုယ္ပိုင္အ ဝတ္အစားတခ်ိဳ႕ကို ခြဲေဝလႉဒါန္းေပးခဲ့ပါတယ္။ ကိုယ္လွသလို သူတို႔ေလးေတြကိုလည္း လွေစ ခ်င္ တဲ့စိတ္နဲ႔ မွ်ေဝေပးခဲ့တဲ့ မြန္ျမတ္တဲ့စိတ္ထားရွိသူ သူတို႔ေတြအတြက္ သာဓုေခၚေပး ခဲ့ ၾကပါဦးေနာ္။

Source- Aye Thida, Shin Nyein Mel

About the author

Aung Lay

Leave a Comment