News

ဒေးဗစ်လား အမှု မျက်မြင်သက် သေ မပြနိုင် ဟု ဒေးဗစ် လား ရဲ့ ရှေ့နေပြောကြား

Written by Aung Lay

ခရ စ်ယာန် တရားဟောဆရာ ဒေးဗစ်လားအမှုမှာ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရားလိုနဲ့ လိုပြသက်သေတွေက မျက်မြင်သက်သေမပြနိုင်ဘူးလို့ ဒေးဗစ်လားရဲ့ရှေ့နေက ပြောပါတယ်။သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ဟာ ဇွန်လ ၁၀ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ စတုတ္ထမြောက်ရုံးချိန်းကိုရင်ဆိုင်နေရတာပါ။

တတိယရုံးချိန်းကို ဇွန်လ ၈ ရက်နေ့က ချိန်းဆိုခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း နှစ်ကြိမ် ချိန်းဆို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ဒီကနေ့ စတုတ္ထရုံးချိန်းမှာ တရားစွဲခံရသူ ဦးဝေထွန်းရဲ့ဖခင်ကို တရားလိုပြသက်သေစာရင်းမှာ ထည့်သွင်းပြီး တရားရုံးကစစ်ဆေးခဲ့ပါတယ်။

ဒီနေ့မှာ တရားလိုအပါအဝင် လေးဦးကို တရားရုံးက စစ်ဆေးခဲ့ပြီး ဘယ်သူကမှ လူစုလူဝေး ပြုလုပ်ခဲ့တယ်ဆိုတာ မျက်မြင်အနေနဲ့ သက်သေမပြနိုင်ခဲ့ဘူးလို့ ‌ဒေးဗစ်လားရဲ့ရှေ့နေ ဦးအောင်ကြည်ဝင်းက ရုံးချိန်းအပြီးမှာ ပြောပါတယ်။ဒီအမှုဟာ အများပြည်သူစိတ်ဝင်စားနေပြီး အရေးကြီးတဲ့အတွက် ရက်ပေါင်း ၉၀ အတွင်း အပြီးသတ်စစ်မယ်လို့ မရမ်းကုန်းမြို့နယ် တရားသူကြီးဦးမိုးဆွေက ပြောထားပါတယ်။

Zawgyi

ခရ စ္ယာန္ တရားေဟာဆရာ ေဒးဗစ္လားအမႈမွာ လူစုလူေဝးျပဳလုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကို တရားလိုနဲ႔ လိုျပသက္ေသေတြက မ်က္ျမင္သက္ေသမျပႏိုင္ဘူးလို႔ ေဒးဗစ္လားရဲ႕ေရွ႕ေနက ေျပာပါတယ္။သဘာဝေဘးအႏၲရယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ နဲ႔ တရားစြဲခံထားရတဲ့ ခရစ္ယာန္ တရားေဟာဆရာ ေစာေဒးဗစ္လားနဲ႔ နဝရတ္ေတးသံသြင္းပိုင္ရွင္ ဦးေဝထြန္းတို႔ဟာ ဇြန္လ ၁၀ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ စတုတၳေျမာက္႐ုံးခ်ိန္းကိုရင္ဆိုင္ေနရတာပါ။

တတိယ႐ုံးခ်ိန္းကို ဇြန္လ ၈ ရက္ေန႔က ခ်ိန္းဆိုခဲ့တာျဖစ္ၿပီး တစ္ပတ္အတြင္း ႏွစ္ႀကိမ္ ခ်ိန္းဆို စစ္ေဆးခဲ့တာျဖစ္ပါတယ္။ဒီကေန႔ စတုတၳ႐ုံးခ်ိန္းမွာ တရားစြဲခံရသူ ဦးေဝထြန္းရဲ႕ဖခင္ကို တရားလိုျပသက္ေသစာရင္းမွာ ထည့္သြင္းၿပီး တရား႐ုံးကစစ္ေဆးခဲ့ပါတယ္။

ဒီေန႔မွာ တရားလိုအပါအဝင္ ေလးဦးကို တရား႐ုံးက စစ္ေဆးခဲ့ၿပီး ဘယ္သူကမွ လူစုလူေဝး ျပဳလုပ္ခဲ့တယ္ဆိုတာ မ်က္ျမင္အေနနဲ႔ သက္ေသမျပႏိုင္ခဲ့ဘူးလို႔ ‌ေဒးဗစ္လားရဲ႕ေရွ႕ေန ဦးေအာင္ၾကည္ဝင္းက ႐ုံးခ်ိန္းအၿပီးမွာ ေျပာပါတယ္။ဒီအမႈဟာ အမ်ားျပည္သူစိတ္ဝင္စားေနၿပီး အေရးႀကီးတဲ့အတြက္ ရက္ေပါင္း ၉၀ အတြင္း အၿပီးသတ္စစ္မယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္ တရားသူႀကီးဦးမိုးေဆြက ေျပာထားပါတယ္။

About the author

Aung Lay

Leave a Comment