Health

သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့ ဒီလို အစားအသောက်တွေကို စားကြမယ်

Written by Aung Lay

သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသမီးတိုင်းကြောက်သင့်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ပြီးမှ ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးပါပဲ။ ဒီလို ကာကွယ်ရာမှာလည်း အနေအထိုင်၊ အသွားအလာတွေ၊ ဆေးဝွါးအကူအညီတွေ ရယူရသလို ပျိုမေတို့နေတိုင်းစားသောက်နေတဲ့ အာဟာရတွေထဲကမှလည်း ကာကွယ်မှုတွေ ရယူနိုင်ပါတယ်။

ဒီတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ပေးနိုင်မယ့် အစားအသောက်တွေကို Break မှ ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

ဆယ်လ်မွန်

FDA ကတော့ ဆယ်လ်မွန်ငါးကို တစ်ပတ် ၂ ခါလောက်စေပေးဖို့အတွက် အကြံပေးထားပါတယ်။ အဓိက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးပြီး ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်နေတဲ့ အမျိုးသမီးတွေအတွက် အထူးသင့်လျော်ပါတယ်။

သင်္ဘောသီး

ဗီတာမင်စီဓာတ်ပေါကြွယ်ဝတဲ့ သင်္ဘောသီးဟာ betacryptoxanthin နဲ့ zeaxanthin တို့လည်း ပါဝင်လျက်ရှိနေပါတယ်။ ဒါကြောင့် တစ်ပတ်ကို သေင်္ဘာသီးတစ်ကြိမ်စားသုံးပေးပါ။

ငှက်ပျောသီး

တစ်ပတ်ကို ငှက်ပျောသီး ၄ လုံးမှ ၆ လုံးစားပေးတတ်တဲ့လူတွေဟာ မစားတဲ့လူတွေနဲ့ယှဉ်ရင် ကင်ဆာဖြစ်ဖွားမှုကို ပိုလျော့ကျစေတယ်ဆိုပြီး Kardinska Institute (Sweden) မှ သုတေသီများက ရှာတွေ့ခဲ့ပါတယ်။ ငှက်ပျောသီးမှာ fenolics ဆိုတဲ့ anitioxidants ဓာတ်ပါဝင်နေပါတယ်။

ရက်စ်ဘယ်ရီသီး

HPV (high concentrations of ellagic acid) ကို ကာကွယ်ပေးကာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း

ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေကို ဖယ်ထုတ်ပေးပြီး ကင်ဆာဒီအန်အေပွားမှုတွေကို ကာကွယ်ပေးတဲ့အပြင် အကြိတ်ဖြစ်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။

ကန်စွန်းရွက်

The British Journal of Nutrition (UK) ရဲ့ဆောင်းပါးတစ်ပုဒ်အရ ကန်စွန်းရွက်ဟာ ကင်ဆာရောဂါ အထူးသဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်တဲ့။ တစ်ရက်ကို ကန်စွန်းရွက် ၁၀၀ ဂရမ်စားပေးခြင်းကသာ ထိရောက်စေမှာပါ။

မုန်လာဥနီ

မုန်လာဥစားရင် မျက်လုံးကောင်းတယ်ပဲ ထင်ကြပေမယ့်လို့ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပြီး အကြိတ်ဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

ပဲနို့

ပဲနို့မှာ အဓိက သားအိမ်ခေါင်းကင်ဆာကာကွယ်မှုနှုန်းကို လျော့ကျစေပြီး ကင်ဆာဆဲလ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

အစေ့အစံများ

Phytochemicals ဆိုတဲ့ ဓာတ်ဟာ ကင်ဆာအဖုကြိတ်တွေနဲ့ ဆဲလ်တွေ တိုးပွားမှုကို နှောင့်နှေးစေတဲ့အပြင် ဖိုက်ဘာဓာတ်၊ ပရိုတင်းဓာတ်တွေပြည့်ဝနေတဲ့အတွက် ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

ပေါင်မုန့်ကြမ်း(ညို)

ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်ညိုကြမ်းတွေမှာ ဗီတာမင် B6 ကြွယ်ဝတဲ့အတွက် အာရုံကြောတွေကိုကောင်းစေတယ်၊ ခုခံအားတွေကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ရဲ့ metabolism ကိုလည်း တိုးတက်စေပါတယ်။

ဂရင်းတီး

Prophenols လိုမျိုး antioxidant တွေပါဝင်တဲ့အတွက် ကင်ဆာဆဲလ်တွေပွားမှုနှုန်းကို လျော့ကျစပါတယ်။ ဒါကြောင့် နေ့တိုင်း ဂရင်းတီးသောက်ပေးပါ။

နနွင်း

နနွင်းဟာ ရှေးကတည်းက လူမျိုးပေါင်းစုံတို့ သုံးစွဲခဲ့ကြတဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပဲဖြစ်ပါတယ်။ သူ့မှာ လူ့ခန္ဓကိုယ်ထဲက အထောက်အကူပြုဆဲလ်တွေကလွဲလို့ ကျန်တဲ့ ဆဲလ်ဆိုးတွေကို ဖျက်ဆီးပေးကာ ကင်ဆာကာကွယ်တဲ့ nitrossamine နဲ့ inhibit ဆိုတဲ့ aflatoxin ဓာတ်နှစ်မျိုးကို ထုတ်လွှင့်ပေးပါတယ်။

Zawgyi

သားအိမ္ေခါင္းကင္ဆာဆိုတာ အမ်ိဳးသမီးတုိင္းေၾကာက္သင့္တဲ့ ေရာဂါတစ္မ်ိဳးပါ။ ျဖစ္ၿပီးမွ ကုသတာထက္ မျဖစ္ခင္ကတည္းက ႀကိဳတင္ကာကြယ္တာဟာ အကောင္းဆံုးပါပဲ။ ဒီလို ကာကြယ္ရာမွာလည္း အေနအထုိင္၊ အသြားအလာေတြ၊ ေဆးဝြါးအကူအညီေတြ ရယူရသလို ပ်ိဳေမတို႔ေနတိုင္းစားေသာက္ေနတဲ့ အာဟာရေတြထဲကမွလည္း ကာကြယ္မႈေတြ ရယူႏုိင္ပါတယ္။

ဒီေတာ့ သားအိမ္ေခါင္းကင္ဆာကာကြယ္ေပးႏုိင္မယ့္ အစားအေသာက္ေတြကို Break မွ ကိုးကားၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

ဆယ္လ္မြန္

FDA ကေတာ့ ဆယ္လ္မြန္ငါးကို တစ္ပတ္ ၂ ခါေလာက္ေစေပးဖို႔အတြက္ အၾကံေပးထားပါတယ္။ အဓိက သားအိမ္ေခါင္းကင္ဆာကို ကာကြယ္ေပးၿပီး ကိုယ္ဝန္ေဆာင္ေတြနဲ႔ ကို္ယ္ဝန္ေဆာင္ဖို႔ စီစဥ္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ အထူးသင့္ေလ်ာ္ပါတယ္။

သေဘၤာသီး

ဗီတာမင္စီဓာတ္ေပါၾကြယ္ဝတဲ့ သေဘၤာသီးဟာ betacryptoxanthin နဲ႔ zeaxanthin တို႔လည္း ပါဝင္လ်က္ရွိေနပါတယ္။ ဒါေၾကာင့္ တစ္ပတ္ကို ေသဘၤာသီးတစ္ႀကိမ္စားသံုးေပးပါ။

ငွက္ေပ်ာသီး

တစ္ပတ္ကို ငွက္ေပ်ာသီး ၄ လံုးမွ ၆ လံုးစားေပးတတ္တဲ့လူေတြဟာ မစားတဲ့လူေတြနဲ႔ယွဥ္ရင္ ကင္ဆာျဖစ္ဖြားမႈကို ပိုေလ်ာ့က်ေစတယ္ဆိုၿပီး Kardinska Institute (Sweden) မွ သုေတသီမ်ားက ရွာေတြ႕ခဲ့ပါတယ္။ ငွက္ေပ်ာသီးမွာ fenolics ဆိုတဲ့ anitioxidants ဓာတ္ပါဝင္ေနပါတယ္။

ရက္စ္ဘယ္ရီသီး

HPV (high concentrations of ellagic acid) ကို ကာကြယ္ေပးကာ ကင္ဆာဆဲလ္ေတြကို ဖ်က္ဆီးေပးပါတယ္။

ပန္းေဂၚဖီစိမ္း

ကင္ဆာျဖစ္ေစတဲ့ ဓာတ္ေတြကို ဖယ္ထုတ္ေပးၿပီး ကင္ဆာဒီအန္ေအပြားမႈေတြကို ကာကြယ္ေပးတဲ့အျပင္ အႀကိတ္ျဖစ္ျခင္းေတြကိုလည္း ကာကြယ္ေပးပါတယ္။

ကန္စြန္းရြက္

The British Journal of Nutrition (UK) ရဲ႕ေဆာင္းပါးတစ္ပုဒ္အရ ကန္စြန္းရြက္ဟာ ကင္ဆာေရာဂါ အထူးသျဖင့္ ရင္သားကင္ဆာျဖစ္ပြားမႈႏႈန္းကို ေလ်ာ့က်ေစပါတယ္တဲ့။ တစ္ရက္ကို ကန္စြန္းရြက္ ၁၀၀ ဂရမ္စားေပးျခင္းကသာ ထိေရာက္ေစမွာပါ။

မုန္လာဥနီ

မုန္လာဥစားရင္ မ်က္လံုးေကာင္းတယ္ပဲ ထင္ၾကေပမယ့္လို႔ ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးၿပီး အႀကိတ္ျဖစ္ပြားမႈႏႈန္းကို ေလ်ာ့က်ေစပါတယ္။

ပဲႏို႔

ပဲႏုိ႔မွာ အဓိက သားအိမ္ေခါင္းကင္ဆာကာကြယ္မႈႏႈန္းကို ေလ်ာ့က်ေစၿပီး ကင္ဆာဆဲလ္ပြားမႈႏႈန္းကို ေလ်ာ့က်ေစပါတယ္။

အေစ့အစံမ်ား

Phytochemicals ဆိုတဲ့ ဓာတ္ဟာ ကင္ဆာအဖုႀကိတ္ေတြနဲ႔ ဆဲလ္ေတြ တိုးပြားမႈကို ေႏွာင့္ေႏွးေစတဲ့အျပင္ ဖိုက္ဘာဓာတ္၊ ပရိုတင္းဓာတ္ေတြျပည့္ဝေနတဲ့အတြက္ ကင္ဆာေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ေပးပါတယ္။

ေပါင္မုန္႔ၾကမ္း(ညိဳ)

ဂ်ံဳနဲ႔လုပ္ထားတဲ့ ေပါင္မုန္႔ညိဳၾကမ္းေတြမွာ ဗီတာမင္ B6 ၾကြယ္ဝတဲ့အတြက္ အာရံုေၾကာေတြကိုေကာင္းေစတယ္၊ ခုခံအားေတြကို ျမွင့္တင္ေပးၿပီး ခႏၶာကိုယ္ရဲ႕ metabolism ကိုလည္း တိုးတက္ေစပါတယ္။

ဂရင္းတီး

Prophenols လိုမ်ိဳး antioxidant ေတြပါဝင္တဲ့အတြက္ ကင္ဆာဆဲလ္ေတြပြားမႈႏႈန္းကို ေလ်ာ့က်စပါတယ္။ ဒါေၾကာင့္ ေန႔တုိင္း ဂရင္းတီးေသာက္ေပးပါ။

နႏြင္း

နႏြင္းဟာ ေရွးကတည္းက လူမ်ိဳးေပါင္းစံုတို႔ သံုးစြဲခဲ့ၾကတဲ့ အိမ္တြင္းေဆးဝါးတစ္လက္ပဲျဖစ္ပါတယ္။ သူ႕မွာ လူ႕ခႏၶကိုယ္ထဲက အေထာက္အကူျပဳဆဲလ္ေတြကလြဲလို႔ က်န္တဲ့ ဆဲလ္ဆိုးေတြကို ဖ်က္ဆီးေပးကာ ကင္ဆာကာကြယ္တဲ့ nitrossamine နဲ႔ inhibit ဆိုတဲ့ aflatoxin ဓာတ္ႏွစ္မ်ိဳးကို ထုတ္လႊင့္ေပးပါတယ္။

About the author

Aung Lay

Leave a Comment