News Video

တုတ်တွေ ဓားတွေနဲ့ ဝင်ဓားပြတိုက်သွားတဲ့ စစ်တွေက ကမ္ဘောဇဘဏ်ဓားပြတိုက်မှု (ရုပ်သံ)

Written by Aung Lay

မာန်ယုကျော် (ရွှေဝမြေ)၊ အိမ်စိုးဖြူ

စစ်တွေ၊ ဇွန် ၁ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာ ဓားပြတိုက်သွားသူများအနက် နှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိပြီဟုသိရသော်လည်း ကျန်နှစ်ဦးနှင့် ကျပ်သိန်း ၁၈ဝဝ ပျောက်နေဆဲဟု သိရသည်။

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာကို ယနေ့ ညနေ ၄ နာရီကျော်က မျက်နှာဖုံးစွပ်ထားသည့်လူလေးဦးက ဓားပြတိုက်သွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်ပူးပေါင်းအဖွဲ့တို့က

လိုက်လံဖမ်းဆီးရာ ညနေ ၅ နာရီကျော်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိရဉ္စရာသို့ အတည်ပြုပြောသည်။

“ကားနဲ့လူ နှစ်ယောက်ဖမ်းမိတယ်။ ပါသွားတဲ့ သိန်း ၁၈ဝဝ နဲ့ လူနှစ်ယောက်တော့ ပျောက်နေသေးတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းမိသူနှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းမိသည်ဆိုသည်ကို ဖြေဆိုခြင်းမရှိခဲ့ပေ။

ဖမ်းဆီးရမိသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စစ်ဆေးနေဆဲဖြစ်ပြီး သိန်း ၁၈ဝဝ နှင့်အတူပျောက်နေသူနှစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေသေးသည်ဟု ဗိုလ်မှူးချုပ်က ဆိုသည်။

ရုပ်သံကြည့်ရန်

 

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)အတွင်းသို့ ယနေ့ ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် မျက်နှာဖုံးစွပ်ထားသူ လေးဦးဝင်ရောက်ကာ

ဘဏ်ဝန်ထမ်းများအား တုတ်၊ ဓားများဖြင့်ခြိမ်းခြောက်၍ ငွေကျပ်သိန်းထောင့်ရှစ်ရာကို ဓားပြတိုက်ယူသွားခြင်းဖြစ်သည်ဟု သိရသည်။

————————————————–

စစ်တွေ KBZ ဘဏ်ဓားပြတိုက်သူများအနက်နှစ်ဦးကိုဖမ်းမိသော်လည်း ကျန်နှစ်ဦးနှင့် ကျပ်သိန်း ၁၈ဝဝ ဖမ်းမမိသေး

Zawgyi

မာန္ယုေက်ာ္ (ေ႐ႊဝေျမ)၊ အိမ္စိုးျဖဴ

စစ္ေတြ၊ ဇြန္ ၁ဝ / ၂ဝ၂ဝ

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ ေက်းပင္ႀကီးရပ္ကြက္ရွိ ကေမာၻဇဘဏ္(၂)မွ ေငြက်ပ္သိန္း ေထာင့္ရွစ္ရာ ဓားျပတိုက္သြားသူမ်ားအနက္ ႏွစ္ဦးကို နာရီပိုင္းအတြင္း ဖမ္းမိၿပီဟုသိရေသာ္လည္း က်န္ႏွစ္ဦးႏွင့္ က်ပ္သိန္း ၁၈ဝဝ ေပ်ာက္ေနဆဲဟု သိရသည္။

စစ္ေတြၿမိဳ႕ရွိ ကေမာၻဇဘဏ္(၂)မွ ေငြက်ပ္သိန္း ေထာင့္ရွစ္ရာကို ယေန႔ ညေန ၄ နာရီေက်ာ္က မ်က္ႏွာဖုံးစြပ္ထားသည့္လူေလးဦးက ဓားျပတိုက္သြားၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္ပူးေပါင္းအဖြဲ႕တို႔က

လိုက္လံဖမ္းဆီးရာ ညေန ၅ နာရီေက်ာ္တြင္ ဖမ္းမိခဲ့ျခင္းျဖစ္သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက နိရၪၥရာသို႔ အတည္ျပဳေျပာသည္။

“ကားနဲ႔လူ ႏွစ္ေယာက္ဖမ္းမိတယ္။ ပါသြားတဲ့ သိန္း ၁၈ဝဝ နဲ႔ လူႏွစ္ေယာက္ေတာ့ ေပ်ာက္ေနေသးတယ္”ဟု ၎က ေျပာသည္။

ဖမ္းမိသူႏွစ္ဦးအား မည္သည့္ေနရာတြင္ ဖမ္းမိသည္ဆိုသည္ကို ေျဖဆိုျခင္းမရွိခဲ့ေပ။

ဖမ္းဆီးရမိသူႏွစ္ဦးမွာ မည္သူမည္ဝါျဖစ္သည္ဆိုသည္ကို စစ္ေဆးေနဆဲျဖစ္ၿပီး သိန္း ၁၈ဝဝ ႏွင့္အတူေပ်ာက္ေနသူႏွစ္ဦးကိုလည္း ဆက္လက္ရွာေဖြေနေသးသည္ဟု ဗိုလ္မႉးခ်ဳပ္က ဆိုသည္။

႐ုပ္သံၾကည့္ရန္

စစ္ေတြၿမိဳ႕ရွိ ကေမာၻဇဘဏ္(၂)အတြင္းသို႔ ယေန႔ ဇြန္လ ၁ဝ ရက္ေန႔ ညေန ၄ နာရီေက်ာ္အခ်ိန္တြင္ မ်က္ႏွာဖုံးစြပ္ထားသူ ေလးဦးဝင္ေရာက္ကာ

ဘဏ္ဝန္ထမ္းမ်ားအား တုတ္၊ ဓားမ်ားျဖင့္ၿခိမ္းေျခာက္၍ ေငြက်ပ္သိန္းေထာင့္ရွစ္ရာကို ဓားျပတိုက္ယူသြားျခင္းျဖစ္သည္ဟု သိရသည္။

————————————————–

စစ္ေတြ KBZ ဘဏ္ဓားျပတိုက္သူမ်ားအနက္ႏွစ္ဦးကိုဖမ္းမိေသာ္လည္း က်န္ႏွစ္ဦးႏွင့္ က်ပ္သိန္း ၁၈ဝဝ ဖမ္းမမိေသး

About the author

Aung Lay

Leave a Comment