အနုပညာလောကရဲ့ ဖန်တီးမှုမှာ တစ်ထောင့်တစ်နေရာကနေ ခရာကျကျသရုပ်ဆောင်ခဲ့ရတာကတော့ ဇာတ်ပို့သရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ ရရှိတဲ့ မလောက်မငှ အနုပညာကြေးလေးနဲ့ ဘဝကို ရှင်သန်နေခဲ့ကြရတာပါ။
ဝါသနာပါရာအနုပညာအလုပ်ကို လုပ်ကိုင်ရင်းတစ်ဖက်မှာလည်း မလောက်ငှတဲ့စားဝတ်နေရေးအတွက်ဖြေရှင်းရန် ကြုံရာအလုပ်အကိုင်တွေကိုလည်း လုပ်ခဲ့ရတဲ့ အနုပညာရှင်ပေါင်းများစွာကို တွေ့မြင်ဖူးကြမှာပါ။
မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ဒေါ်မြင့်ကိုတော့ အမေခန်းတွေ၊ ရပ်ကွက်ကအဒေါ်ကြီးအခန်းတွေမှာ ပရိသတ်တွေ မြင်တွေ့ဖူးကြမှာပါ။ သူမကတော့ သူမရဲ့ သားသမီးတွေကို ဘွဲ့ရပညာတတ်ကြီးဖြစ်အောင် တစ်ဘက်မှာလည်း ဘိန်းမုန့်ရောင်းရင်း ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
“သားသမီး (၇) ယောက် ရှိတယ်။ သမီးတွေ လုပ်ကိုင်ကျွေးလို့ အဆင်ပြေနေတယ်။ အရင်က Shooting အတွက် လူစုပေးရင်းကနေ ကိုယ်တိုင် ဝင်သရုပ်ဆောင် ဖြစ်သွားတယ်။
ရိုက်ကူးရေးမှာ အနှစ် (၂၀) လောက်ရှိပြီ။ သွေးတိုးကလွဲရင်း ကျန်းမာရေး ကောင်းတယ်” လို့ သရုပ်ဆောင်ဒေါ်မြင့်က MC အင်တာဗျူးမှာဖြေကြားထားပါတယ်။
(လေးစားမှုဖြင့် ခရက်ဒစ်)
Zawgyi
အႏုပညာေလာကရဲ႕ ဖန္တီးမႈမွာ တစ္ေထာင့္တစ္ေနရာကေန ခရာက်က်သ႐ုပ္ေဆာင္ခဲ့ရတာကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြပဲျဖစ္ပါတယ္။ သူတို႔ဟာ ရရွိတဲ့ မေလာက္မငွ အႏုပညာေၾကးေလးနဲ႔ ဘဝကို ရွင္သန္ေနခဲ့ၾကရတာပါ။
ဝါသနာပါရာအႏုပညာအလုပ္ကို လုပ္ကိုင္ရင္းတစ္ဖက္မွာလည္း မေလာက္ငွတဲ့စားဝတ္ေနေရးအတြက္ေျဖရွင္းရန္ ႀကဳံရာအလုပ္အကိုင္ေတြကိုလည္း လုပ္ခဲ့ရတဲ့ အႏုပညာရွင္ေပါင္းမ်ားစြာကို ေတြ႕ျမင္ဖူးၾကမွာပါ။
ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ေဒၚျမင့္ကိုေတာ့ အေမခန္းေတြ၊ ရပ္ကြက္ကအေဒၚႀကီးအခန္းေတြမွာ ပရိသတ္ေတြ ျမင္ေတြ႕ဖူးၾကမွာပါ။ သူမကေတာ့ သူမရဲ႕ သားသမီးေတြကို ဘြဲ႕ရပညာတတ္ႀကီးျဖစ္ေအာင္ တစ္ဘက္မွာလည္း ဘိန္းမုန႔္ေရာင္းရင္း ေထာက္ပံ့ေပးခဲ့တာျဖစ္ပါတယ္။
“သားသမီး (၇) ေယာက္ ရွိတယ္။ သမီးေတြ လုပ္ကိုင္ေကြၽးလို႔ အဆင္ေျပေနတယ္။ အရင္က Shooting အတြက္ လူစုေပးရင္းကေန ကိုယ္တိုင္ ဝင္သ႐ုပ္ေဆာင္ ျဖစ္သြားတယ္။
႐ိုက္ကူးေရးမွာ အႏွစ္ (၂၀) ေလာက္ရွိၿပီ။ ေသြးတိုးကလြဲရင္း က်န္းမာေရး ေကာင္းတယ္” လို႔ သ႐ုပ္ေဆာင္ေဒၚျမင့္က MC အင္တာဗ်ဴးမွာေျဖၾကားထားပါတယ္။
(ေလးစားမႈျဖင့္ ခရက္ဒစ္)