News

တစ်လကို မြန်မာငွေ သိန်း တစ်ထောင်လောက်ဝင်နေတဲ့ ဒူဘိုင်းက တောင်းစားတဲ့သူများ

Written by Aung Lay

အာရပ်နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဒူဘိုင်းနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါလိမ့်မယ်။ ဘယ်လောက်တောင်ချမ်းသာလဲ ဆိုရင် သူတို့နိုင်ငံမှာတောင်းစားတဲ့ သူတောင်းစားတွေရဲ့ တစ်လဝင်ငွေဟာ နိုင်ငံအများစုမှာ ပညာရှင်အဖြစ်လုပ်ကိုင်နေသူတွေရဲ့ တစ်နှစ်ဝင်ငွေထက်တောင် များတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား..?

တောင်းစားတဲ့သူတွေဟာ ဒူဘိုင်းကို တရားဝင်ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာကြပြီး အချိန်သုံးလအတွင်းမှာပဲ အကျိုးအမြတ်အများကြီးရှိနေကြပါတယ်။ တောင်စားတဲ့နေရာမှာ ပရော်ဖက်ရှင်နယ်ဖြစ်နေတဲ့ သူတောင်းစားတစ်ယောက်ရဲ့ တစ်လဝင်ငွေဟာ ဒူဘိုင်းငွေကြေး ၂၇၀,၀၀ (အမေရိကန်ဒေါ်လာ ၇၃,၅၀၀) မြန်မာကျပ်ငွေ သိန်းတစ်ထောင်နီးပါး ဝင်ငွေရှိနေပါတယ်။ မြန်မာပြည်မှာ တစ်နှစ် သိန်းတစ်ထောင် ဝင်တဲ့ဝန်ထမ်း ရှိရင်တောင် အရမ်းရှားမယ်ထင်ပါတယ်။

တောင်းစားသူတွေဟာ လူတွေရဲ့ သနားကြင်နာ၊ ဂရုဏာသက်မှုတွေအပေါ် အခွင့်ကောင်းယူ
တောင်းစားသူတွေဟာ လူတွေရဲ့ သနားကြင်နာ၊ ဂရုဏာသက်မှုတွေအပေါ် အခွင့်ကောင်းယူပြီး ဒူဘိုင်းနိုင်ငံသားတွေအပေါ် လုပ်စားနေတယ်လို့ အွန်လိုင်းမှာ ဖော်ပြမှုတွေရှိခဲ့ပြီး ရဲတွေအနေနဲ့ ဒါတွေကိုရှင်းလင်းဖို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။
အခုဆိုရင် အာရပ်နဲ့ အာရှဂိုဏ်းအဖွဲ့တွေက နိုင်ငံထဲကို လူတွေခေါ်သွင်းလာပြီး တောင်းစားခိုင်းကာ ပြန်လည်ခေါင်းပုံဖြတ်မှုတွေရှိနေကြောင်း သတင်းရင်းမြစ်အချို့က ရေးသားကြပါတယ်။

ဒူဘိုင်းမှာ တရားဝင်တောင်းစားခွင့်မရှိပါဘူး၊ ဒါပေမယ့် လိုက်လံတောင်းစားနေသူတွေက သာမန်မြင်တွေ့နေကျ သူတောင်းစားတွေမျိုးမဟုတ်ပဲ ပရော်ဖက်ရှင်နယ်လို့ ခေါ်ရမယ့်သူမျိုးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ခါတောင်းရင် တစ်ဆယ် တစ်ရာမျိုးတောင်းတာမဟုတ်ပဲ အနည်းဆုံး ဒူဘိုင်းငွေ တစ်ထောင် (ဒေါ်လာ ၂၇၀) လောက်က စတောင်းပါတယ်၊ သနားပြီး အမှန်တစ်ကယ်ပေးသွားတာတွေ ရှိနေတဲ့အတွက် သူတို့တွေရဲ့ ဝင်ငွေဟာ အလုံးရင်းနဲ့ ဖြစ်နေတာဖြစ်ပါတယ်။

ရဲတွေအနနဲ့ သူတောင်းစားနှိမ်နင်းရေးကို လှုပ်ရှားမှုတစ်ခုအသွင် ခပ်စိပ်စိပ်လုပ်ဆောင်လာပြီး ပြီးခဲ့နှစ်က ပထမဆုံးတစ်ရက်ထဲမှာတင် ၆၅ ယောက်ဖမ်းဆီးနိုင်ခဲ့ပြီး အများစုမှာ ခရီးသွားဗီဇာ သုံးလဖြင့် တရားဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။

Zawgyi

အာရပ္ႏိုင္ငံေတြထဲက တစ္ခုျဖစ္တဲ့ ဒူဘိုင္းႏိုင္ငံဟာ ခ်မ္းသာတဲ့ ႏိုင္ငံျဖစ္တယ္ဆိုတာ အားလုံးသိထားၿပီးျဖစ္ပါလိမ့္မယ္။ ဘယ္ေလာက္ေတာင္ခ်မ္းသာလဲ ဆိုရင္ သူတို႔ႏိုင္ငံမွာေတာင္းစားတဲ့ သူေတာင္းစားေတြရဲ႕ တစ္လဝင္ေငြဟာ ႏိုင္ငံအမ်ားစုမွာ ပညာရွင္အျဖစ္လုပ္ကိုင္ေနသူေတြရဲ႕ တစ္ႏွစ္ဝင္ေငြထက္ေတာင္ မ်ားတယ္ဆိုရင္ သင္ယုံႏိုင္ပါ့မလား..?

ေတာင္းစားတဲ့သူေတြဟာ ဒူဘိုင္းကို တရားဝင္ခရီးသြားဗီဇာနဲ႔ ဝင္ေရာက္လာၾကၿပီး အခ်ိန္သုံးလအတြင္းမွာပဲ အက်ိဳးအျမတ္အမ်ားႀကီးရွိေနၾကပါတယ္။ ေတာင္စားတဲ့ေနရာမွာ ပေရာ္ဖက္ရွင္နယ္ျဖစ္ေနတဲ့ သူေတာင္းစားတစ္ေယာက္ရဲ႕ တစ္လဝင္ေငြဟာ ဒူဘိုင္းေငြေၾကး ၂၇၀,၀၀ (အေမရိကန္ေဒၚလာ ၇၃,၅၀၀) ျမန္မာက်ပ္ေငြ သိန္းတစ္ေထာင္နီးပါး ဝင္ေငြရွိေနပါတယ္။ ျမန္မာျပည္မွာ တစ္ႏွစ္ သိန္းတစ္ေထာင္ ဝင္တဲ့ဝန္ထမ္း ရွိရင္ေတာင္ အရမ္းရွားမယ္ထင္ပါတယ္။

ေတာင္းစားသူေတြဟာ လူေတြရဲ႕ သနားၾကင္နာ၊ ဂ႐ုဏာသက္မႈေတြအေပၚ အခြင့္ေကာင္းယူ
ေတာင္းစားသူေတြဟာ လူေတြရဲ႕ သနားၾကင္နာ၊ ဂ႐ုဏာသက္မႈေတြအေပၚ အခြင့္ေကာင္းယူၿပီး ဒူဘိုင္းႏိုင္ငံသားေတြအေပၚ လုပ္စားေနတယ္လို႔ အြန္လိုင္းမွာ ေဖာ္ျပမႈေတြရွိခဲ့ၿပီး ရဲေတြအေနနဲ႔ ဒါေတြကိုရွင္းလင္းဖို႔ ေျပာဆိုတာေတြရွိခဲ့ပါတယ္။
အခုဆိုရင္ အာရပ္နဲ႔ အာရွဂိုဏ္းအဖြဲ႕ေတြက ႏိုင္ငံထဲကို လူေတြေခၚသြင္းလာၿပီး ေတာင္းစားခိုင္းကာ ျပန္လည္ေခါင္းပုံျဖတ္မႈေတြရွိေနေၾကာင္း သတင္းရင္းျမစ္အခ်ိဳ႕က ေရးသားၾကပါတယ္။

ဒူဘိုင္းမွာ တရားဝင္ေတာင္းစားခြင့္မရွိပါဘူး၊ ဒါေပမယ့္ လိုက္လံေတာင္းစားေနသူေတြက သာမန္ျမင္ေတြ႕ေနက် သူေတာင္းစားေတြမ်ိဳးမဟုတ္ပဲ ပေရာ္ဖက္ရွင္နယ္လို႔ ေခၚရမယ့္သူမ်ိဳးေတြ ျဖစ္ပါတယ္။ သူတို႔ေတြဟာ တစ္ခါေတာင္းရင္ တစ္ဆယ္ တစ္ရာမ်ိဳးေတာင္းတာမဟုတ္ပဲ အနည္းဆုံး ဒူဘိုင္းေငြ တစ္ေထာင္ (ေဒၚလာ ၂၇၀) ေလာက္က စေတာင္းပါတယ္၊ သနားၿပီး အမွန္တစ္ကယ္ေပးသြားတာေတြ ရွိေနတဲ့အတြက္ သူတို႔ေတြရဲ႕ ဝင္ေငြဟာ အလုံးရင္းနဲ႔ ျဖစ္ေနတာျဖစ္ပါတယ္။

ရဲေတြအနနဲ႔ သူေတာင္းစားႏွိမ္နင္းေရးကို လႈပ္ရွားမႈတစ္ခုအသြင္ ခပ္စိပ္စိပ္လုပ္ေဆာင္လာၿပီး ၿပီးခဲ့ႏွစ္က ပထမဆုံးတစ္ရက္ထဲမွာတင္ ၆၅ ေယာက္ဖမ္းဆီးႏိုင္ခဲ့ၿပီး အမ်ားစုမွာ ခရီးသြားဗီဇာ သုံးလျဖင့္ တရားဝင္ ဝင္ေရာက္လာသူမ်ားျဖစ္ေၾကာင္း သိရွိရသည္။

About the author

Aung Lay

Leave a Comment