သူတော်ကောင်းအလှူ သည်(၅)မျိးရှိသည်။
ထိုအလှူ (၅)မျိုးမှာ-
(၁)သဒါ္ဓ ဒါန
(၂)သက္ကစ္စ ဒါန
(၃)ကာလ ဒါန
(၄)အနုဂ္ဂဟိတ ဒါန
(၅)အနုပဟစ္စ ဒါန တို့ဖြစ်သည်။
(၁)သဒါ္ဓ ဒါန
ကံ-ကံ၏အကျိုးကိုယုံကြည်၍အလှူခံပုဂ္ဂိုလ်တို့အားပေးလှူ ခြင်းကို သဒါ္ဓ ဒါန ဟုခေါ်သည်။
ထိုသူသည်ဖြစ်လေရာဘုံဘဝတို့၌-
ဥစ္စာပစ္စည်း ကြွယ်ဝ ချမ်းသာ၏။ များသော အသုံးအဆောင် ရှိ၏။ ရှုချင် စဖွယ် ရှိ၏။ စိတ်ကြည်လင်ဖွယ် ရှိ၏။ လွန်ကဲသော အဆင်းသဏ္ဌန် နှင့်ပြည့်စုံ ၏။
(၂)သက္ကစ္စ ဒါန
လှူ ဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်း mရှင်းပြု ပြင်၍ အလှူ ခံပုဂ္ဂိုလ်တို့အား ရိုသေစွာ လှူခြင်းကို သက္ကစ္စ ဒါန ဟုခေါ် သည်။
ထိုသူသည်ဖြစ်လေရာ ဘုံဘဝ တို့၌-
ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာ၏။ များသော အသုံးအဆောင် ရှိ၏။ သား၊မယား၊ကျေးကျွန်၊ အခြွေအရံတို့မိမိစကားကို နားထောင် တတ်သည်။ တတ်သိ နားလည် လွယ်သော ဉာဏ်ရှိသည်။
(၃)့ကာလ ဒါန
လှူဖွယ်ပစ္စည် းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်း ကို ကာလ ဒါန ဟုခေါ် သည်။
ထိုသူသည်ဖြစ်လေရာ ဘုံဘဝတို့၌-
ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာ၏။ များသော အသုံးအဆောင် ရှိ၏။ အချိန်ကာလနှင် လျော်ညီစွာ အကျိုးတရားများစွာ ရနိုင် သည်။ လိုအပ်သော အချိန်၌ လိုအပ်သော ပစ္စည်း များကို ရတတ်သည်။
(၄)အနုဂ္ဂဟိတ ဒါန
အလှူခံပုဂ္ဂိုလ်အား ချီးမြှောက် လို၍ လှူခြင်းကို အနုဂ္ဂဟိတ ဒါန ဟုခေါ်သည်။
ထိုသူသည်ဖြစ်လေရာ ဘုံဘဝ တို့၌-
ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာ ၏။ များသော အသုံးအဆောင် ရှိ၏။ ရရှိသော စည်းစိမ် ဥစ္စာ အပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။
(၅)အနုပဟစ္စ ဒါန
မိမိကိုလည်းကောင်း၊သူတစ်ပါးကို လည်းကောင်း မငြိစွန်း မထိခိုက်စေ ဘဲ လှူ ခြင်းကို အနုပဟစ္စ ဒါန ဟုခေါ်သည်။
ထိုသူသည်ဖြစ်လေရာ ဘုံဘဝတို့၌-
ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာ၏။ များသော အသုံးအဆောင် ရှိ၏။ မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။အမွေခံ သားဆိုး၊သမီးဆိုးတို့ မဖျက်ဆီ းနိုင်။
ဆောင်ပုဒ်။ ။သဒါ္ဓကြည်ညို၊ရိုသေလှစွာ၊ အခါကိုသိ၊ချီးမြှောက်ဘိလျက် မထိမပါး၊ပေးလှူငြား၊ ငါးပါးသပ္ပုရိသ မြတ်ဒါန။
ခရစ်ဒစ်
Zawgyi
သူေတာ္ေကာင္းအလွဴ သည္(၅)မ်ိးရွိသည္။
ထိုအလွဴ (၅)မ်ိဳးမွာ-
(၁)သဒါၶ ဒါန
(၂)သကၠစၥ ဒါန
(၃)ကာလ ဒါန
(၄)အႏုဂၢဟိတ ဒါန
(၅)အႏုပဟစၥ ဒါန တို႔ျဖစ္သည္။
(၁)သဒါၶ ဒါန
ကံ-ကံ၏အက်ိဳးကိုယံုၾကည္၍အလွဴခံပုဂၢိဳလ္တို႔အားေပးလွဴ ျခင္းကို သဒါၶ ဒါန ဟုေခၚသည္။
ထိုသူသည္ျဖစ္ေလရာဘံုဘဝတို႔၌-
ဥစၥာပစၥည္း ၾကြယ္ဝ ခ်မ္းသာ၏။ မ်ားေသာ အသံုးအေဆာင္ ရွိ၏။ ရႈခ်င္ စဖြယ္ ရွိ၏။ စိတ္ၾကည္လင္ဖြယ္ ရွိ၏။ လြန္ကဲေသာ အဆင္းသဏၭန္ ႏွင့္ျပည့္စံု ၏။
(၂)သကၠစၥ ဒါန
လွဴ ဖြယ္ဝတၳဳကို ေကာင္းေကာင္းမြန္မြန္ သပ္သပ္ရပ္ရပ္ သန္႔သန႔္ရွင္း mရွင္းျပဳ ျပင္၍ အလွဴ ခံပုဂၢိဳလ္တို႔အား ရိုေသစြာ လွဴျခင္းကို သကၠစၥ ဒါန ဟုေခၚ သည္။
ထိုသူသည္ျဖစ္ေလရာ ဘံုဘဝ တို႔၌-
ဥစၥာပစၥည္းႂကြယ္ဝ ခ်မ္းသာ၏။ မ်ားေသာ အသံုးအေဆာင္ ရွိိ၏။ သား၊မယား၊ေက်းကြၽန္၊ အေႁခြအရံတို႔မိိမိစကားကို နားေထာင္ တတ္သည္။ တတ္သိ နားလည္ လြယ္ေသာ ဉာဏ္ရွိသည္။
(၃)့ကာလ ဒါန
လွဴဖြယ္ပစၥည္ းတို႔ကို အခ်ိန္ကာလႏွင့္္ ေလ်ာ္ညီစြာ လွဴဒါန္းျခင္း ကို ကာလ ဒါန ဟုေခၚ သည္။
ထိုသူသည္ျဖစ္ေလရာ ဘံုဘဝတို႔၌-
ဥစၥာပစၥည္းႂကြယ္ဝ ခ်မ္းသာ၏။ မ်ားေသာ အသံုးအေဆာင္ ရွိ၏။ အခ်ိန္ကာလႏွင္ ေလ်ာ္ညီစြာ အက်ိဳးတရားမ်ားစြာ ရႏိုင္ သည္။ လိုအပ္ေသာ အခ်ိန္၌ လိုအပ္ေသာ ပစၥည္း မ်ားကို ရတတ္သည္။
(၄)အႏုဂၢဟိတ ဒါန
အလွဴခံပုဂၢိဳလ္အား ခ်ီးေျမႇာက္ လို၍ လွဴျခင္းကို အႏုဂၢဟိတ ဒါန ဟုေခၚသည္။
ထိုသူသည္ျဖစ္ေလရာ ဘံုဘဝ တို႔၌-
ဥစၥာပစၥည္းႂကြယ္ဝ ခ်မ္းသာ ၏။ မ်ားေသာ အသံုးအေဆာင္ ရွိ၏။ ရရွိေသာ စည္းစိမ္ ဥစၥာ အေပၚ၌ သံုးေဆာင္လိုစိတ္ရွိသည္။
(၅)အႏုပဟစၥ ဒါန
မိမိကိုလည္းေကာင္း၊သူတစ္ပါးကို လည္းေကာင္း မျငိစြန္း မထိခိုက္ေစ ဘဲ လွဴ ျခင္းကို အႏုပဟစၥ ဒါန ဟုေခၚသည္။
ထိုသူသည္ျဖစ္ေလရာ ဘံုဘဝတို႔၌-
ဥစၥာပစၥည္းႂကြယ္ဝ ခ်မ္းသာ၏။ မ်ားေသာ အသံုးအေဆာင္ ရွိ၏။ မိမိဥစၥာကို ရန္သူမ်ိဳးငါးပါး မဖ်က္ဆီးႏိုင္။အေမြခံ သားဆိုး၊သမီးဆိုးတို႔ မဖ်က္ဆီ းႏိုင္။
ေဆာင္ပုဒ္။ ။သဒါၶၾကည္ညိဳ၊ရိုေသလွစြာ၊ အခါကိုသိ၊ခ်ီးေျမႇာက္ဘိလ်က္ မထိမပါး၊ေပးလွဴျငား၊ ငါးပါးသပၸုရိသ ျမတ္ဒါန။
ခရစ္ဒစ္္