Cele News

နောက် ဆုံး မှာ ဘာမှ ပြောင်း လဲလာ ခြင်း မရှိ တဲ့သူတွေ ကို ကျောခို င်း လိုက်ပါပြီ ဆိုတဲ့ မယ်လိုဒီ

Written by Aung Lay

သားလေးသိဒ္ဓိစစ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီက တော့ မနေ့ကပဲ စိတ်မကောင်းစရာ အိမ်ထောင်ရေးသတင်းကို ပရိသတ်ကိုမျှဝေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်လမ်းခွဲတော့မယ့်အကြောင်းနဲ့ ခြောက်နှစ်ကျော်လက်တွဲလာခဲ့ပြီး နောက် မှာ သူ့အတွက်အဖိုးတန် ပိုင်ဆိုင်စရာဆိုလို့ သားလေး သိဒ္ဓိစစ်ပဲရှိတော့တဲ့အကြောင်း စိတ် မကောင်းစွာ ရေးသားခဲ့ပါတယ်။

ရိုးသားတာလေးကိုမက်လို့ လက်ခံ ခဲ့ပြီး ရိုးသားတာတွေ မရှိတော့တဲ့နေ့ Bye Bye ပဲလို့ ပြောခဲ့ ပေမယ့် အကြိမ်ကြိမ်လိမ်ခဲ့တဲ့ အိမ်ထောင်ဖက်ကြောင့် ဆုံးဖြတ်ချက်ပြတ်သားစွာ ချခဲ့ပါတယ် တဲ့။ မယ်လိုဒီကတော့ ဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တဲ့မိန်းမမျိုးဖြစ်ပေမယ့် လိမ်တာ ကိုတော့ လုံးဝသည်း မခံနိုင်ခဲ့တာမို့ မနေ့တော့ တစ်ယောက်တည်းပဲဘုရင်မ ပြန်ဖြစ်သွားပြီ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာပါ။ ဒီနေ့မှာထပ်ပြီးတော့လည်း “ခရီးတစ်ခုကို အဆုံးထိ သွားလိုက်တယ်… နာကျင်မူကိုနက်နက်နဲနဲ နာကျင်စွာခံစားလိုက်တယ်… အဆုံးမှာ ဘာကိုမှ ပြောင်းလဲ လာခြင်းမရှိတဲ့သူတွေကို ကျောခိုင်းလိုက်တယ်… ကိုယ်တိုင်ပြောင်းလဲရတာ နေသား ကျနေပြီ” ဆိုပြီး သူ့ရင်ထဲက ခံစားချက်တချို့ကို မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ… လူအမျိုးမျိုး စိတ်အထွေထွေ သည်းမခံနိုင်တဲ့အကြောင်း တရားတွေရှိ တတ်ကြတဲ့ထဲမှာ ဖြူစင်ရိုးသားမှုကို မြတ်နိုးတဲ့မယ်လိုဒီကတော့ မျှော်လင့်ခဲ့သမျှဆန့်ကျင်ဘက် ဖြစ်ခဲ့ရတဲ့ သူ့ရဲ့အိမ်ထောင်ရေးကို နာကျင်စွာနဲ့ပဲ အဆုံးသတ်လိုက်ပါပြီတဲ့နော်။ လိမ္မာရေးခြား ရှိတဲ့ သားလေး သိဒ္ဓိစစ်နဲ့အတူ ဘဝကို ကိုယ့်စိတ်တိုင်းကျ ဘုရင်မ တစ်ပါးလို ဖြတ်သန်းသွား နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မယ်လိုဒီရေ..

Source – Melody Myo

Zawgyi

သားေလးသိဒၶိစစ္နဲ႔အတူ ေပ်ာ္႐ႊင္ခ်မ္းေျမ့တဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ထားတဲ့ မယ္လိုဒီက ေတာ့ မေန႔ကပဲ စိတ္မေကာင္းစရာ အိမ္ေထာင္ေရးသတင္းကို ပရိသတ္ကိုမွ်ေဝခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူနဲ႔ တရားဝင္လမ္းခြဲေတာ့မယ့္အေၾကာင္းနဲ႔ ေျခာက္ႏွစ္ေက်ာ္လက္တြဲလာခဲ့ၿပီး ေနာက္ မွာ သူ႔အတြက္အဖိုးတန္ ပိုင္ဆိုင္စရာဆိုလို႔ သားေလး သိဒၶိစစ္ပဲရွိေတာ့တဲ့အေၾကာင္း စိတ္ မေကာင္းစြာ ေရးသားခဲ့ပါတယ္။

႐ိုးသားတာေလးကိုမက္လို႔ လက္ခံ ခဲ့ၿပီး ႐ိုးသားတာေတြ မရွိေတာ့တဲ့ေန႔ Bye Bye ပဲလို႔ ေျပာခဲ့ ေပမယ့္ အႀကိမ္ႀကိမ္လိမ္ခဲ့တဲ့ အိမ္ေထာင္ဖက္ေၾကာင့္ ဆုံးျဖတ္ခ်က္ျပတ္သားစြာ ခ်ခဲ့ပါတယ္ တဲ့။ မယ္လိုဒီကေတာ့ ေဖာက္ျပန္ရင္ေတာင္ နားလည္ေပးႏိုင္တဲ့မိန္းမမ်ိဳးျဖစ္ေပမယ့္ လိမ္တာ ကိုေတာ့ လုံးဝသည္း မခံႏိုင္ခဲ့တာမို႔ မေန႔ေတာ့ တစ္ေယာက္တည္းပဲဘုရင္မ ျပန္ျဖစ္သြားၿပီ ျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့တာပါ။ ဒီေန႔မွာထပ္ၿပီးေတာ့လည္း “ခရီးတစ္ခုကို အဆုံးထိ သြားလိုက္တယ္… နာက်င္မူကိုနက္နက္နဲနဲ နာက်င္စြာခံစားလိုက္တယ္… အဆုံးမွာ ဘာကိုမွ ေျပာင္းလဲ လာျခင္းမရွိတဲ့သူေတြကို ေက်ာခိုင္းလိုက္တယ္… ကိုယ္တိုင္ေျပာင္းလဲရတာ ေနသား က်ေနၿပီ” ဆိုၿပီး သူ႔ရင္ထဲက ခံစားခ်က္တခ်ိဳ႕ကို မွ်ေဝခဲ့ပါတယ္။

ပရိသတ္ႀကီးေရ… လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ သည္းမခံႏိုင္တဲ့အေၾကာင္း တရားေတြရွိ တတ္ၾကတဲ့ထဲမွာ ျဖဴစင္႐ိုးသားမႈကို ျမတ္ႏိုးတဲ့မယ္လိုဒီကေတာ့ ေမွ်ာ္လင့္ခဲ့သမွ်ဆန႔္က်င္ဘက္ ျဖစ္ခဲ့ရတဲ့ သူ႔ရဲ႕အိမ္ေထာင္ေရးကို နာက်င္စြာနဲ႔ပဲ အဆုံးသတ္လိုက္ပါၿပီတဲ့ေနာ္။ လိမၼာေရးျခား ရွိတဲ့ သားေလး သိဒၶိစစ္နဲ႔အတူ ဘဝကို ကိုယ့္စိတ္တိုင္းက် ဘုရင္မ တစ္ပါးလို ျဖတ္သန္းသြား ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ မယ္လိုဒီေရ..

Source – Melody Myo

About the author

Aung Lay

Leave a Comment