ထိုင်းနိုင်ငံမှာ စားသုံးသူတွေကို လိမ်လည်တဲ့ စားသောက်ဆိုင်ပိုင်ရှင်နှစ်ဦးကို ထောင်ဒါဏ် (၁၄၄၆) နှစ်ကျခံဖို့ ထိုင်းတရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။Laemgate ဆိုတဲ့ ပင်လယ်စာစားသောက်ဆိုင်ဟာ အွန်လိုင်းကနေ အစားအသောက်ပရိုမိုးရှင်းတစ်ခုကို ကြိုတင်ငွေပေးချေစနစ်နဲ့ လွန်ခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တာဖြစ်ပြီး လူနှစ်သောင်းကျော်ဟာ ဒေါ်လာ ၁ ဒသမ ၆ သန်းဖိုး ဘောက်ချာတွေဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့အနေနဲ့ ပင်လယ်စာလုံလုံလောက်လောက်မရနိုင်တော့လို့ဆိုပြီး ပရိုမိုးရှင်း ကြိုတင်ဝယ်ယူထားသူတွေကို ဝန်ဆောင်မှု မပေးနိုင်တော့ကြောင်းနဲ့ စားသောက်ဆိုင်ကို ပိတ်လိုက်ပြီလို့ စားသောက်ဆိုင်ပိုင်ရှင်တွေက မတ်လအတွင်းက ကြေညာခဲ့ပါတယ်။ ပရိုမိုးရှင်းဝယ်ယူထားသူတွေကို ငွေပြန်အမ်းမယ်လို့ စားသောက်ဆိုင်က ကမ်းလှမ်းခဲ့ပြီး ပိုင်ရှင်တွေကို တိုင်ကြားထားသူ ၈၁၈ ဦးအနက် ၃၇၅ ဦးက ငွေပြန်ရခဲ့တယ်လို့ သိရပါတယ်။သူတို့နှစ်ဦးကို အစားအသောက်ပရိုမိုးရှင်းဝယ်ယူထားသူ လူရာပေါင်းများစွာက တိုင်ကြားခဲ့ပြီးနောက် စားသောက်ဆိုင်ပိုင်ရှင် (၂) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အများပြည်သူကို လိမ်လည်မှုကျူးလွန်သူတွေဟာ တိုင်ကြားစာပေါ်မူတည်ပြီး နှစ်ရှည်ထောင်ဒါဏ် ချမှတ်ခံရလေ့ရှိပါတယ်။ ဒါပေမယ့် ထိုင်းဥပဒေအရ လိမ်လည်မှုအတွက် ထောင်နှစ် ၂၀ သာ အများဆုံး ကျခံစေရမယ်လို့ ကန့်သတ်ထားထားကြောင့် နှစ် ၂၀ သာထောင်ထဲမှာနေရဖွယ်ရှိပါတယ်။၂၀၁၇ ခုနှစ်ကလည်း ထိုင်းတရားရုံးတစ်ခုဟာ လိမ်လည်သူတစ်ဦးကို ထောင်ဒါဏ် နှစ် ၁၃၀၀၀ ကျခံဖို့ အမိန့်ချခဲ့ဖူးပါတယ်။
Credit to Original
Zawgyi
ထိုင္းႏိုင္ငံမွာ စားသံုးသူေတြကုိ လိမ္လည္တဲ့ စားေသာက္ဆိုင္ပိုင္ရွင္ႏွစ္ဦးကို ေထာင္ဒါဏ္ (၁၄၄၆) ႏွစ္က်ခံဖို႔ ထိုင္းတရား႐ုံးက အမိန္႔ခ်မွတ္လိုက္ပါတယ္။Laemgate ဆိုတဲ့ ပင္လယ္စာစားေသာက္ဆိုင္ဟာ အြန္လိုင္းကေန အစားအေသာက္ပ႐ိုမိုးရွင္းတစ္ခုကို ႀကိဳတင္ေငြေပးေခ်စနစ္နဲ႔ လြန္ခဲ့တဲ့ႏွစ္က ျပဳလုပ္ခဲ့တာျဖစ္ၿပီး လူႏွစ္ေသာင္းေက်ာ္ဟာ ေဒၚလာ ၁ ဒသမ ၆ သန္းဖိုး ေဘာက္ခ်ာေတြ၀ယ္ယူခဲ့ၾကတာ ျဖစ္ပါတယ္။
ဒါေပမယ့္ သူတို႔အေနနဲ႔ ပင္လယ္စာလုံလုံေလာက္ေလာက္မရႏိုင္ေတာ့လို႔ဆိုၿပီး ပ႐ိုမိုးရွင္း ႀကိဳတင္၀ယ္ယူထားသူေတြကို ၀န္ေဆာင္မႈ မေပးႏိုင္ေတာ့ေၾကာင္းနဲ႔ စားေသာက္ဆိုင္ကို ပိတ္လိုက္ၿပီလို႔ စားေသာက္ဆိုင္ပိုင္ရွင္ေတြက မတ္လအတြင္းက ေၾကညာခဲ့ပါတယ္။ ပ႐ိုမိုးရွင္း၀ယ္ယူထားသူေတြကို ေငြျပန္အမ္းမယ္လို႔ စားေသာက္ဆိုင္က ကမ္းလွမ္းခဲ့ၿပီး ပိုင္ရွင္ေတြကို တိုင္ၾကားထားသူ ၈၁၈ ဦးအနက္ ၃၇၅ ဦးက ေငြျပန္ရခဲ့တယ္လို႔ သိရပါတယ္။သူတို႔ႏွစ္ဦးကို အစားအေသာက္ပ႐ိုမိုးရွင္း၀ယ္ယူထားသူ လူရာေပါင္းမ်ားစြာက တိုင္ၾကားခဲ့ၿပီးေနာက္ စားေသာက္ဆိုင္ပိုင္ရွင္ (၂) ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။
ထိုင္းႏိုင္ငံမွာ အမ်ားျပည္သူကို လိမ္လည္မႈက်ဴးလြန္သူေတြဟာ တိုင္ၾကားစာေပၚမူတည္ၿပီး ႏွစ္ရွည္ေထာင္ဒါဏ္ ခ်မွတ္ခံရေလ့ရွိပါတယ္။ ဒါေပမယ့္ ထိုင္းဥပေဒအရ လိမ္လည္မႈအတြက္ ေထာင္ႏွစ္ ၂၀ သာ အမ်ားဆံုး က်ခံေစရမယ္လုိ႔ ကန္႔သတ္ထားထားေၾကာင့္ ႏွစ္ ၂၀ သာေထာင္ထဲမွာေနရဖြယ္ရွိပါတယ္။၂၀၁၇ ခုႏွစ္ကလည္း ထိုင္းတရား႐ုံးတစ္ခုဟာ လိမ္လည္သူတစ္ဦးကို ေထာင္ဒါဏ္ ႏွစ္ ၁၃၀၀၀ က်ခံဖို႔ အမိန္႔ခ်ခဲ့ဖူးပါတယ္။
Credit to Original