နာမည္ႀကီး မင္းသမီးတစ္လက္ျဖစ္တဲ့ ခိုင္သင္းၾကည္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ အၿမဲတမ္းတက္ႂကြကာ သ႐ုပ္ေဆာင္ရတာကို ႏွစ္သက္သူ ခိုင္သင္းၾကည္ကေတာ့ အၿမဲႏုပ်ိဳ လွပေနတဲ့သူပဲျဖစ္ပါတယ္..။ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ၿပီး အကယ္ဒမီထူးခြၽန္ဆုေတြကိုလည္း ရရွိပိုင္ ဆိုင္ထားသူပါ.။
ၾကင္နာတဲ့ ခင္ပြန္းျဖစ္သူနဲ႔အတူ ေခ်ာေမာလွပတဲ့ သမီးေလး စံထိပ္ထားဦးေလးကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ မိသားစု ဘဝေလးကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္.။ လက္ရွိမွာ ခ်စ္စရာေကာင္းလြန္းတဲ့ သမီးေလး စံထိပ္ထားဦးေလးဟာလည္း ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြရရွိေနၿပီပဲျဖစ္ပါတယ္.။ ခိုင္သင္းၾကည္က ဒီေန႔ ဧၿပီလ (၂၇)ရက္ေန႔မွာေတာ့ သမီးေလး စံထိပ္ထားဦး၊ ယြန္းဝတီလြင္မိုးနဲ႔ ယြန္းနဒီလြင္မိုးတို႔နဲ႔အတူ ငယ္ဘဝက ႐ိုက္ကူးခဲ့တဲ့ ပုံရိပ္ေလးကို “ဒါဘယ္သူေတြလဲေျဖၾကည့္” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။
ခိုင္သင္းၾကည္ကေတာ့ ခ်စ္စရာေကာင္းလြန္းတဲ့ ကေလးေလးေတြအေနနဲ႔ ငယ္ဘဝအမွတ္တရေလးကို ပရိသတ္ေတြကို ခ်ျပရင္း ေမးခြန္းေလးထုတ္ကာ ေမးလာခဲ့တာပဲျဖစ္ပါတယ္ေနာ္.. ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ငယ္ဘဝက ခ်စ္စရာေကာင္းေနတဲ့စံထိပ္ထားဦး၊ ယြန္းဝတီလြင္မိုး၊ယြန္းနဒီလြင္မိုးတို႔ရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္.။
Unicode
နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်သင်းကြည်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အမြဲတမ်းတက်ကြွကာ သရုပ်ဆောင်ရတာကို နှစ်သက်သူ ခိုင်သင်းကြည်ကတော့ အမြဲနုပျို လှပနေတဲ့သူပဲဖြစ်ပါတယ်..။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင် ဆိုင်ထားသူပါ.။
ကြင်နာတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ချောမောလှပတဲ့ သမီးလေး စံထိပ်ထားဦးလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစု ဘဝလေးကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်.။ လက်ရှိမှာ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး စံထိပ်ထားဦးလေးဟာလည်း ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရရှိနေပြီပဲဖြစ်ပါတယ်.။ ခိုင်သင်းကြည်က ဒီနေ့ ဧပြီလ (၂၇)ရက်နေ့မှာတော့ သမီးလေး စံထိပ်ထားဦး၊ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့နဲ့အတူ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးကို “ဒါဘယ်သူတွေလဲဖြေကြည့်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ခိုင်သင်းကြည်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးတွေအနေနဲ့ ငယ်ဘဝအမှတ်တရလေးကို ပရိသတ်တွေကို ချပြရင်း မေးခွန်းလေးထုတ်ကာ မေးလာခဲ့တာပဲဖြစ်ပါတယ်နော်.. ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ငယ်ဘဝက ချစ်စရာကောင်းနေတဲ့စံထိပ်ထားဦး၊ ယွန်းဝတီလွင်မိုး၊ယွန်းနဒီလွင်မိုးတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source: Khine Thin Kyi’s Facebook
Sakura(Cele Connections)