သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူရဲ့ မွေးနေ့အလှူ
အကယ်ဒမီ ခန့်စည်သူရဲ့ ယနေ့ ဇွန်လ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာတော့ မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မဝိဟာရ
ပထမကျော် စာသင်တိုက်ရဲ့ သိမ်တော် အထပ်မြှင့်တင် ပြန်လည် ပြင်ဆင်ရန်အတွက် မတည်အလှူငွေ သိန်း ၁၀၀ ပေးအပ် လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါး မိသားစု (၂၆၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာလူး၊ ကြက်သွန်၊ ဆပ်ပြာ၊ ကြာဆံ၊ ထမင်းထုပ်တို့ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။
ဒီနှစ်မှာ ကျရောက်တဲ့ ခန့်စည်သူရဲ့ မွေးနေ့ကတော့ မွေးနေ့၊ မွေးရက် တိုက်ဆိုင်တဲ့မွေးနေ့ ဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း – ယုဖြူဟန်/ဧရာဝတီ
ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ
Zawgyi
သ႐ုပ္ေဆာင္ အကယ္ဒမီ ခန႔္စည္သူရဲ႕ ေမြးေန႔အလႉ
အကယ္ဒမီ ခန႔္စည္သူရဲ႕ ယေန႔ ဇြန္လ ၁၁ ရက္ေန႔မွာ က်ေရာက္တဲ့ ေမြးေန႔မွာေတာ့ ေမြးေန႔အလႉအျဖစ္ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ဓမၼဝိဟာရ
ပထမေက်ာ္ စာသင္တိုက္ရဲ႕ သိမ္ေတာ္ အထပ္ျမႇင့္တင္ ျပန္လည္ ျပင္ဆင္ရန္အတြက္ မတည္အလႉေငြ သိန္း ၁၀၀ ေပးအပ္ လႉဒါန္းခဲ့ပါတယ္။
ဒါ့အျပင္ ရပ္ကြက္အတြင္းရွိ ဆင္းရဲႏြမ္းပါး မိသားစု (၂၆၀) အတြက္ ဆန္၊ ဆီ၊ ဆား၊ ပဲ၊ အာလူး၊ ၾကက္သြန္၊ ဆပ္ျပာ၊ ၾကာဆံ၊ ထမင္းထုပ္တို႔ ေထာက္ပံ့ လႉဒါန္းခဲ့ပါတယ္။
ဒီႏွစ္မွာ က်ေရာက္တဲ့ ခန႔္စည္သူရဲ႕ ေမြးေန႔ကေတာ့ ေမြးေန႔၊ ေမြးရက္ တိုက္ဆိုင္တဲ့ေမြးေန႔ ျဖစ္တယ္လို႔လည္း သိရပါတယ္။
သတင္း – ယုျဖဴဟန္/ဧရာဝတီ
ဓာတ္ပုံ – ေဝေဝႏွင္း/ဧရာဝတီ