ၾကားသိရသမ်ွ

ဘီယာသောက် လမ်းလျှောက်ပြီး ဒေါ် လာ (၂၀၀၀၀) ကျော်ရမယ့် အလုပ်

Written by Aung Lay

အေမ ရိကန္ႏိုင္ငံ၊ ဗာဂ်ီးနီး ယားျပည္နယ္က ဘီယာကုမၸဏီတစ္ခုဟာ ေတာင္တက္အရာရွိခ်ဳပ္ Chief Hiking Officer တစ္ဦးကို ရွာေဖြလ်က္ရွိၿပီး အဲဒီသူလုပ္ရမွာကေတာ့ ရွည္လ်ားလွတဲ့ Appalachian ေတာင္တန္းတစ္ေလွ်ာက္ (၅) လကေန (၇) လအထိ လမ္းေလ်ွာက္ကာ ဘီယာ ေသာက္ရမွာပါတဲ့။

လက္ဇင္တန္ၿမိဳ႕ အေျခစိုက္ The Devil’s Backbone Brewing Co ကုမၸဏီအေနနဲ႔ ေတာင္တက္လမ္းေလွ်ာက္ရတာ၊ ဘီယာေသာက္ရတာေတြကို ႏွစ္ၿခိဳက္ သူမည္သူမဆို ထူးျခားလွတဲ့အလုပ္ ေနရာအတြက္ အလုပ္ေလွ်ာက္လြာေတြ စတင္လက္ခံေနၿပီ ျဖစ္ပါတယ္။

ေ႐ြးခ်ယ္ခံရသူအေနနဲ႔ ၂ဝ၂၁ ခုႏွစ္မွာ လုပ္ငန္းစတင္ရမွာ ျဖစ္ၿပီး မိုင္ေပါင္း (၂,၂ဝဝ) ခရီးစဥ္ အတြက္ Appalachian ေတာင္ တန္းေတြဆီကို ေလေၾကာင္းခရီးနဲ႔ အေရာက္ ပို႔ေဆာင္ေပးမွာပါတဲ့။ အဆိုပါခရီးရွည္ႀကီးကို ၂ဝ၂၁ ခုႏွစ္၊ ေမလကေန စက္တင္ဘာလအတြင္း အၿပီးေလွ်ာက္လွမ္းရမွာျဖစ္ၿပီး ယင္းဘီယာကုမၸဏီကေန လိုအပ္ေသာပစၥည္းကိရိယာေတြ ပံ့ပိုးေပးမွာ ျဖစ္သလို ခရီးလမ္းတစ္ေလွ်ာက္မွာလည္း ဘီယာပါတီပြဲေတြ စီစဥ္ ေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေဒၚလာ (၂ဝ,ဝဝဝ) ကိုလည္း ေပးအပ္သြား မွာပါတဲ့။

The Devil’s Back-bone Brewing Co ကုမၸဏီ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားမႈအရ ေလွ်ာက္ထားသူေတြဘက္ကေန ကိုယ္ေရးအခ်က္အလက္အခ်ိဳ႕၊ လူမႈကြန္ယက္ သို႔မဟုတ္ ဘေလာ့ဂ္ေရးသားမႈ အေတြ႕အႀကဳံ၊ တတ္ကြၽမ္းနားလည္မႈ ေတြနဲ႔အတူ ဘာေၾကာင့္ မိမိကို အလုပ္ခန္႔အပ္သင့္သလဲဆိုတာကို ကိုယ္တိုင္ရွင္းျပထားတဲ့ ဗီဒီယိုဖိုင္ တစ္ခုကိုလည္းပဲ ေပးပို႔ရမွာျဖစ္ ေၾကာင္းသိရပါတယ္။ အေကာင္းဆုံး ေလွ်ာက္ထားသူေတြကို အင္တာဗ်ဴး ေမးျမန္းဖို႔အတြက္ ေ႐ြးခ်ယ္သြားမွာ ျဖစ္ကာဒုတိယအဆင့္စိစစ္အကဲျဖတ္ မႈေတြထပ္မံျပဳလုပ္သြားမွာျဖစ္ပါတယ္။

CRD – Original

Unicode

အမေ ရိကန်နိုင်ငံ၊ ဗာဂျီးနီး ယားပြည်နယ်က ဘီယာကုမ္ပဏီတစ်ခုဟာ တောင်တက်အရာရှိချုပ် Chief Hiking Officer တစ်ဦးကို ရှာဖွေလျက်ရှိပြီး အဲဒီသူလုပ်ရမှာကတော့ ရှည်လျားလှတဲ့ Appalachian တောင်တန်းတစ်လျှောက် (၅) လကနေ (၇) လအထိ လမ်းလျှောက်ကာ ဘီယာ သောက်ရမှာပါတဲ့။

လက်ဇင်တန်မြို့ အခြေစိုက် The Devil’s Backbone Brewing Co ကုမ္ပဏီအနေနဲ့ တောင်တက်လမ်းလျှောက်ရတာ၊ ဘီယာသောက်ရတာတွေကို နှစ်ခြိုက် သူမည်သူမဆို ထူးခြားလှတဲ့အလုပ် နေရာအတွက် အလုပ်လျှောက်လွာတွေ စတင်လက်ခံနေပြီ ဖြစ်ပါတယ်။

ရွေးချယ်ခံရသူအနေနဲ့ ၂ဝ၂၁ ခုနှစ်မှာ လုပ်ငန်းစတင်ရမှာ ဖြစ်ပြီး မိုင်ပေါင်း (၂,၂ဝဝ) ခရီးစဉ် အတွက် Appalachian တောင် တန်းတွေဆီကို လေကြောင်းခရီးနဲ့ အရောက် ပို့ဆောင်ပေးမှာပါတဲ့။ အဆိုပါခရီးရှည်ကြီးကို ၂ဝ၂၁ ခုနှစ်၊ မေလကနေ စက်တင်ဘာလအတွင်း အပြီးလျှောက်လှမ်းရမှာဖြစ်ပြီး ယင်းဘီယာကုမ္ပဏီကနေ လိုအပ်သောပစ္စည်းကိရိယာတွေ ပံ့ပိုးပေးမှာ ဖြစ်သလို ခရီးလမ်းတစ်လျှောက်မှာလည်း ဘီယာပါတီပွဲတွေ စီစဉ် ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်လာ (၂ဝ,ဝဝဝ) ကိုလည်း ပေးအပ်သွား မှာပါတဲ့။

The Devil’s Back-bone Brewing Co ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ လျှောက်ထားသူတွေဘက်ကနေ ကိုယ်ရေးအချက်အလက်အချို့၊ လူမှုကွန်ယက် သို့မဟုတ် ဘလော့ဂ်ရေးသားမှု အတွေ့အကြုံ၊ တတ်ကျွမ်းနားလည်မှု တွေနဲ့အတူ ဘာကြောင့် မိမိကို အလုပ်ခန့်အပ်သင့်သလဲဆိုတာကို ကိုယ်တိုင်ရှင်းပြထားတဲ့ ဗီဒီယိုဖိုင် တစ်ခုကိုလည်းပဲ ပေးပို့ရမှာဖြစ် ကြောင်းသိရပါတယ်။ အကောင်းဆုံး လျှောက်ထားသူတွေကို အင်တာဗျူး မေးမြန်းဖို့အတွက် ရွေးချယ်သွားမှာ ဖြစ်ကာဒုတိယအဆင့်စိစစ်အကဲဖြတ် မှုတွေထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။

CRD – Original

About the author

Aung Lay

Leave a Comment