Cele News

အိမ်ထောင်ေ ရး ပြို ကွဲပြီးနောက် ခင်ပွန်းဟောင်းဖြစ်သူ ရဲ့ အကျင့်စ ရိုက်တစ်ချို့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

Written by Aung Lay

အိမ်ထောင်ေ ရး ပြို ကွဲပြီးနောက် ခင်ပွန်းဟောင်းဖြစ်သူ ရဲ့ အကျင့်စ ရိုက်တစ်ချို့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ မယ်လိုဒီ

ချစ် စရာကောင်းတဲ့ မယ်လိုဒီကတော့ အမျိုးသားနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ၉ ရက်နေ့က သူမရဲ့ ဆိုရှယ်မီဒီယာကနေ အတိအလင်း ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သားလေးနဲ့ အတူ ရှိနေပြီး အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်တော့မှာပဲ ဖြစ်ပါတယ်။

သူမရဲ့ ဆိုရှယ်မီဒီယာကနေ အိမ်ထောင်ရေး ကွာရှင်းမှုအကြောင်း အသိပေးခဲ့တာ ဖြစ်တဲ့အတွက် ခင်ပွန်းဟောင်းဖြစ်တဲ့ ကိုသာကောင်းနဲ့ ပက်သက်ပြီး ပရိတ်သတ် သိချင်နေခဲ့တဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားပေမဲ့လည်း ယောက္ခမကို အမေလိုပဲ ဆက်ချစ်နေမယ်လို့လည်း ဆိုပါတယ်။

မယ်လိုဒီ ပြောထားတာကတော့ “ကျွန်မယောက္ခမ ကမ္ဘာပေါ်မှာ ကျွန်မအပေါ် နားလည်ပေးနိုင်ဆုံးပါ အတိတ်ဘဝကအမေလို့တောင် တင်စားထားတဲ့ မေမေပါ ဘယ်လိုအနေအထားဖြစ်ဖြစ် ခံစားချက်ထပ်တူကျတဲ့မေမေပါ ကျွန်မကိုသမီးအရင်းလို ချစ်တဲ့မေမေပါအမြဲတမ်း အမေလိုမျိုးချစ်သွားမှာပါ

ကိုသာကောင်း မူးယစ်ဆေးဝါးကင်းရှင်း လောင်းကစားကင်းရှင်း မိန်းမကိစ္စကင်းရှင်း သူတစ်ယောက်တည်းဆို သူ့ဘဝက ပိုသာယာပါလိမ့်မယ် စိတ်ပုတ် စိတ်ယုတ် မရှိပါဘူး။အပေါင်းအသင်းအပေါ်တော့ အလွန်တရာအားနာတတ်ပြီး မိသားစုထက် ပိုချစ်တယ် ထင်ရအောင် သိတတ်သူပါ။ မတူညီမူများစွာနဲ့ညှိမရလို့ အကြင်လင်မယားဘဝကနေ အရင်လို သူငယ်ချင်းဘဝကို ပြန်သွားလိုက်တာပါ မိတ်ပျက်ပြီး ရန်သူဖြစ်စရာအကြောင်း ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး..

သားလေးကို ကျွန်မ ခေါ်ထားတယ် သားလေးကကျွန်မနဲ့နေတယ် ဒါပေမယ့် အဖေဆီကို တစ်ပတ်မှာ တစ်ညအိပ်တော့ ပေးသွားပါတယ်(တစ်ခါတစ်လေ ၂ည) သူနဲ့ကျွန်မကြားမှာ ချစ်ခြင်း မုန်းခြင်း အငြိုးအတေး ဘာမှမရှိပါဘူး အဲ့ဒီတော့ ထူးခြား ဆန်းပြားတဲ့ သတင်းလဲမရှိပါဘူးဖြစ်ပျက်သမျှ တရားဝင်အားလုံးလုပ်ပြီးသားပါ မကြေငြာတာ က မလိုအပ်ဘဲ ပူပန်နေကြမှာစိုးလို့ရယ်

မလိုအပ်ဘဲ အကုသိုလ်ဖြစ်မှာစိုးလို့ပါကျွန်မတို့တွေ အားလုံးအေးဆေးပါ သူနဲ့ကျွန်မ မောင်နှမအဖြစ်မိသားစုအဖြစ်ဆက်တည်ရှိနေမှာပါ ချစ်ခင်သောသူများအားလုံးကိုလည်း အေးဆေးစေချင်ပါတယ် ကျွန်မ မနက်ကတည်းက အိမ်သန့်ရှင်းရေးလုပ် ဘုရားပန်းလဲ အဝတ်တွေရှင်း သားသားစာဖတိဖို့ကိစ္စတွေစီစဉ်နေရလို့ ကျန်တာတွေ မတွေးအားပါဘူးစိတ်လေ စိတ်ကစား ဆုံးဖြတ်ချက် မှားရမယ့်အရွယ်မဟုတ်တော့ပါဘူး အေးအေးလူလူ အခု ဘုရားဝတ်ပြုပြီးမှရေးတင်လိုက်တာပါရှင် ဒါကြောင့် ပူပန်ပေးကြသော ချစ်သောသူများအားလုံး မုန့်ပို့ပေးပြီး နှစ်သိမ့်နိုင်ပါတယ်ရှင်💐” လို့ ဆိုပါတယ်။

အခုဖော်ပြခဲ့တာကတော့ မယ်လိုဒီကိုယ်တိုင် ပြောပြတဲ့ သူမ အိမ်ထောင်ရေး ပြိုကွဲရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Zawgyi

အိမ္ေထာင္ေ ရး ၿပိဳ ကြဲၿပီးေနာက္ ခင္ပြန္းေဟာင္းျဖစ္သူ ရဲ႕ အက်င့္စ ႐ိုက္တစ္ခ်ိဳ႕ကို ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့တဲ့ မယ္လိုဒီ

ခ်စ္ စရာေကာင္းတဲ့ မယ္လိုဒီကေတာ့ အမ်ိဳးသားနဲ႔ လမ္းခြဲလိုက္ၿပီ ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ၉ ရက္ေန႔က သူမရဲ႕ ဆိုရွယ္မီဒီယာကေန အတိအလင္း ေၾကညာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ခ်စ္စရာေကာင္းတဲ့ သားေလးနဲ႔ အတူ ရွိေနၿပီး အႏုပညာအလုပ္ေတြကို ျပန္လည္ လုပ္ကိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။

သူမရဲ႕ ဆိုရွယ္မီဒီယာကေန အိမ္ေထာင္ေရး ကြာရွင္းမႈအေၾကာင္း အသိေပးခဲ့တာ ျဖစ္တဲ့အတြက္ ခင္ပြန္းေဟာင္းျဖစ္တဲ့ ကိုသာေကာင္းနဲ႔ ပက္သက္ၿပီး ပရိတ္သတ္ သိခ်င္ေနခဲ့တဲ့ အေၾကာင္းေတြကို ေျပာျပခဲ့ပါတယ္။ အိမ္ေထာင္ေရး ၿပိဳကြဲသြားေပမဲ့လည္း ေယာကၡမကို အေမလိုပဲ ဆက္ခ်စ္ေနမယ္လို႔လည္း ဆိုပါတယ္။

မယ္လိုဒီ ေျပာထားတာကေတာ့ “ကြၽန္မေယာကၡမ ကမာၻေပၚမွာ ကြၽန္မအေပၚ နားလည္ေပးႏိုင္ဆုံးပါ အတိတ္ဘဝကအေမလို႔ေတာင္ တင္စားထားတဲ့ ေမေမပါ ဘယ္လိုအေနအထားျဖစ္ျဖစ္ ခံစားခ်က္ထပ္တူက်တဲ့ေမေမပါ ကြၽန္မကိုသမီးအရင္းလို ခ်စ္တဲ့ေမေမပါအၿမဲတမ္း အေမလိုမ်ိဳးခ်စ္သြားမွာပါ

ကိုသာေကာင္း မူးယစ္ေဆးဝါးကင္းရွင္း ေလာင္းကစားကင္းရွင္း မိန္းမကိစၥကင္းရွင္း သူတစ္ေယာက္တည္းဆို သူ႔ဘဝက ပိုသာယာပါလိမ့္မယ္ စိတ္ပုတ္ စိတ္ယုတ္ မရွိပါဘူး။အေပါင္းအသင္းအေပၚေတာ့ အလြန္တရာအားနာတတ္ၿပီး မိသားစုထက္ ပိုခ်စ္တယ္ ထင္ရေအာင္ သိတတ္သူပါ။ မတူညီမူမ်ားစြာနဲ႔ညႇိမရလို႔ အၾကင္လင္မယားဘဝကေန အရင္လို သူငယ္ခ်င္းဘဝကို ျပန္သြားလိုက္တာပါ မိတ္ပ်က္ၿပီး ရန္သူျဖစ္စရာအေၾကာင္း ဘယ္ေတာ့မွရွိလာမွာ မဟုတ္ဘူး..

သားေလးကို ကြၽန္မ ေခၚထားတယ္ သားေလးကကြၽန္မနဲ႔ေနတယ္ ဒါေပမယ့္ အေဖဆီကို တစ္ပတ္မွာ တစ္ညအိပ္ေတာ့ ေပးသြားပါတယ္(တစ္ခါတစ္ေလ ၂ည) သူနဲ႔ကြၽန္မၾကားမွာ ခ်စ္ျခင္း မုန္းျခင္း အၿငိဳးအေတး ဘာမွမရွိပါဘူး အဲ့ဒီေတာ့ ထူးျခား ဆန္းျပားတဲ့ သတင္းလဲမရွိပါဘူးျဖစ္ပ်က္သမွ် တရားဝင္အားလုံးလုပ္ၿပီးသားပါ မေၾကျငာတာ က မလိုအပ္ဘဲ ပူပန္ေနၾကမွာစိုးလို႔ရယ္

မလိုအပ္ဘဲ အကုသိုလ္ျဖစ္မွာစိုးလို႔ပါကြၽန္မတို႔ေတြ အားလုံးေအးေဆးပါ သူနဲ႔ကြၽန္မ ေမာင္ႏွမအျဖစ္မိသားစုအျဖစ္ဆက္တည္ရွိေနမွာပါ ခ်စ္ခင္ေသာသူမ်ားအားလုံးကိုလည္း ေအးေဆးေစခ်င္ပါတယ္ ကြၽန္မ မနက္ကတည္းက အိမ္သန္႔ရွင္းေရးလုပ္ ဘုရားပန္းလဲ အဝတ္ေတြရွင္း သားသားစာဖတိဖို႔ကိစၥေတြစီစဥ္ေနရလို႔ က်န္တာေတြ မေတြးအားပါဘူးစိတ္ေလ စိတ္ကစား ဆုံးျဖတ္ခ်က္ မွားရမယ့္အ႐ြယ္မဟုတ္ေတာ့ပါဘူး ေအးေအးလူလူ အခု ဘုရားဝတ္ျပဳၿပီးမွေရးတင္လိုက္တာပါရွင္ ဒါေၾကာင့္ ပူပန္ေပးၾကေသာ ခ်စ္ေသာသူမ်ားအားလုံး မုန္႔ပို႔ေပးၿပီး ႏွစ္သိမ့္ႏိုင္ပါတယ္ရွင္💐” လို႔ ဆိုပါတယ္။

အခုေဖာ္ျပခဲ့တာကေတာ့ မယ္လိုဒီကိုယ္တိုင္ ေျပာျပတဲ့ သူမ အိမ္ေထာင္ေရး ၿပိဳကြဲရတဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

About the author

Aung Lay

Leave a Comment