ေနာက္ လာမဲ့ ၄ ရက္ ဧၿပီ ၃၀ မွ ေမလ ၆ ရက္အတြင္း မိုးေလဝသအေျခအေန…
တကယ္အေျခအေနကေျပာင္းလဲလာလို႔ စိတ္သက္သာလာပါတယ္။ မုန္တိုင္းျဖစ္ႏိုင္ေျခရွိေသာ္လည္း အခုက ျမန္မာကို တည့္တည့္မလာႏိုင္တဲ့ အေျခအေနကိုေျပာင္းလာပါတယ္။
ေနာက္တခ်က္က ျဖစ္ႏိုင္ရက္ ေနာက္ရက္ဆုတ္သြားႏိုင္တာလဲ ေတြ႕ရပါတယ္။ ေမ ၁ ရက္မွ ေလဖိ အားနည္းအျဖစ္ စတင္ႏိုင္တာကို ေတြ႕ရပါတယ္။ အထူးသျဖင့္ေတာ့ ဒီေန႔တြက္ခ်က္မႈကေပးတဲ့ ရလာဒ္ေတြဟာ Model အေတာ္မ်ားမ်ားဆင္တူ တာေတြ႕ရပါတယ္။ လမ္းေၾကာင္ကအစ အေနာက္ေျမာက္ဘက္ ယိမ္းထြက္ၿပီး အိႏၵိယနဲ႔ ဘဂ္လားေဒ့နယ္စပ္ဘက္ဦးတည္ႏိုင္ေၾကာင္း ျပသျဖင့္ ျမန္မာဘက္ သက္သာလာႏိုင္ပါတယ္။
သခ်္ာပုံစံမ်ားရဲ႕ေနစဥ္တြက္ထုတ္မႈက အေျပာင္း အလဲမ်ားရွိေနၿပီး မုန္တိုင္းတကယ္စတင္မွသာ ဘယ္ကိုဦးတည္ႏိုင္မယ္ဆိုတာက ပိုေသခ်ာပါတယ္။ ႀကိဳတင္သိျမင္ျခင္းျဖင့္ ျဖစ္လာရင္ ေဘးဒဏ္ကို ေလ်ာ့ခ်ႏိုင္ေစရန္ ႀကိဳတင္အသိေပးတင္ျပေနျခင္းျဖစ္ၿပီး သက္ဆိုင္ရာအမ်ိဳးသား မိုးေလဝသဌာနမွလည္း အခ်ိန္ကိုက္ထုတ္ျပန္ေပးမည့္ သတင္းမ်ားကို အေလးထားလိုက္နာေဆာင္႐ြက္ရမွာျဖစ္ပါတယ္။
အခုရက္ေတြ ဧၿပီ ၂၇ မွ ၃၀ ရက္အတြင္းတျပည္လုံး ေနရာကြက္က်ားမွေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ႐ြာႏိုင္ၿပီး ေလျပင္းမ်ားလည္းက်ေရာက္ႏိုင္ပါတယ္။ ေလဒဏ္သတိျပဳေစလိုပါတယ္။
U Chit Kyaw
Unicode
နောက် လာမဲ့ ၄ ရက် ဧပြီ ၃၀ မှ မေလ ၆ ရက်အတွင်း မိုးလေဝသအခြေအနေ…
တကယ်အခြေအနေကပြောင်းလဲလာလို့ စိတ်သက်သာလာပါတယ်။ မုန်တိုင်းဖြစ်နိုင်ခြေရှိသော်လည်း အခုက မြန်မာကို တည့်တည့်မလာနိုင်တဲ့ အခြေအနေကိုပြောင်းလာပါတယ်။
နောက်တချက်က ဖြစ်နိုင်ရက် နောက်ရက်ဆုတ်သွားနိုင်တာလဲ တွေ့ရပါတယ်။ မေ ၁ ရက်မှ လေဖိ အားနည်းအဖြစ် စတင်နိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဒီနေ့တွက်ချက်မှုကပေးတဲ့ ရလာဒ်တွေဟာ Model အတော်များများဆင်တူ တာတွေ့ရပါတယ်။ လမ်းကြောင်ကအစ အနောက်မြောက်ဘက် ယိမ်းထွက်ပြီး အိန္ဒိယနဲ့ ဘဂ်လားဒေ့နယ်စပ်ဘက်ဦးတည်နိုင်ကြောင်း ပြသဖြင့် မြန်မာဘက် သက်သာလာနိုင်ပါတယ်။
သချ်ာပုံစံများရဲ့နေစဉ်တွက်ထုတ်မှုက အပြောင်း အလဲများရှိနေပြီး မုန်တိုင်းတကယ်စတင်မှသာ ဘယ်ကိုဦးတည်နိုင်မယ်ဆိုတာက ပိုသေချာပါတယ်။ ကြိုတင်သိမြင်ခြင်းဖြင့် ဖြစ်လာရင် ဘေးဒဏ်ကို လျော့ချနိုင်စေရန် ကြိုတင်အသိပေးတင်ပြနေခြင်းဖြစ်ပြီး သက်ဆိုင်ရာအမျိုးသား မိုးလေဝသဌာနမှလည်း အချိန်ကိုက်ထုတ်ပြန်ပေးမည့် သတင်းများကို အလေးထားလိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။
အခုရက်တွေ ဧပြီ ၂၇ မှ ၃၀ ရက်အတွင်းတပြည်လုံး နေရာကွက်ကျားမှနေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပြီး လေပြင်းများလည်းကျရောက်နိုင်ပါတယ်။ လေဒဏ်သတိပြုစေလိုပါတယ်။