ဝါရင့်မင်းသမီးချောလေးထက်ထက်မိုးဦးကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး အောင်မြင်မှုတွေများစွာကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ အခိုင်အမာနေရာယူထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကနေ အချိန်အတော်ကြာရပ်နားထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး
ယခုမှာတော့အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။
သူမကတော့ ယခုမှာ သွေးတိုးပြီးလေဖြတ်သွားလို့မန္တလေးမင်္ဂလာဆေးရုံမှာအရေးပေါ်တင်လိုက်ရတဲ့ ဖခင်ဖြစ်သူအတွက် စိတ်ပူနေခဲ့ကာ အနားမှာ အချိန်ပြည့်ဂရုစိုက်ပေးနေခဲ့ပါတယ်။
သူမကတော့ ” အဖေသွေးတိုးပီးလေဖြတ်သွားလို့မန္တလေးမင်္ဂလာဆေးရုံမှာအရေးပေါ်တင်လိုက်ရပါတယ်
သွေးတိုးရောဂါရှိသူတွေအားလုံးပဲဂရုစိုက်ဆင်ခြင်ကြပါနော်အဖေလဲအမြန်ဆုံးသက်သာပါစေဆုတောင်းပါတယ် “ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေအနေနဲ့လည်းသူမရဲ့ ဖခင်ဖြစ်သူနေအမြန်ကောင်းလာပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။
ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးထက်ထက်မိုးဦးတို့ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Htet Htet Moe Oo
Zawgyi
Source : Htet Htet Moe Oo