ရန်ကုန်ကတော့ ဆရာဝန် အမြင်အရစိုးရိမ်ရေမှတ်နဲ့ နီးနီးလာပြီ
လူတွေလည်း အရင်လို အများကြီး၊ ကားတွေလည်း ပြန်ပိတ်၊ လက်ဖက်ရည်ဆိုင် ပြန်ထိုင်ကြ၊ ဆင်ခြေဖုံးတွေမှာဆို ဘီယာဆိုင်တွေတောင် နေပူသလိုလိုနဲ့ ယင်းလိပ်လေးတွေကာပြီး ဆိုင်မှာ ပြန်သောက်လို့ရပြီ။ ဆိုက်ကားဂိတ်တွေမှာ ဈေးတွေမှာ ပြန်စည်ကားပြီ။ ရပ်ကွက်လူကြီးတွေလည်း ရေနွေးကြမ်းဝိုင်းနဲ့ အေးအေးလူလူဝိုင်းဖွဲ့ဆွေးနွေးလို့။
စားဝတ်နေရေး ထွက်တာတင်မက အင်ယားကန်စောင်းမှာလည်း အလည်အပတ်ထွက်သူတွေ အရင်နီးပါးပြန်ဖြစ်နေပြီ။
ဒါပေမယ့် mask ကို သေချာတတ်သူက တစ်ရာမှာ ဆယ်ယောက်၊ နောက် သုံးဆယ်က မေးစေ့မှာ၊ ခြေက်ဆယ်ကတော့ တပ်ကို မတပ်တာ။ အေးလေ ဘာတပ်စရာလိုလဲ၊ မွန်းကမွန်းပါဘိသနဲ့၊ ဒီလောက်ပူတဲ့ ရာသီဥတုမှာ။ စားဝတ်နေရေးက ရှိသေးတယ်။ ထွက်ရမှာပဲ။ ဒါက လက်လုပ်လက်စား အတွေး။
အင်းယားကန်သွား၊ အိမ်မှာလူစူ၊ ဝိုင်ဘီယာသောက်နေသူတွေကျ ဒီ ကိုဗစ်က အဲ့လောက်လဲမဆိုးပါဘူးကွာ။ နာမည်ကျော်တွေတောင် အိမ်ပြန်သွားပြီ။ လူတွေကိုက အကြောက်လွန်တာပါ။ လာ မက်ကရိုသွားတိုးမယ်။ အလကား ဒို့အစိုးရကို အပုတ်ချချင်လို့ အကျယ်ချဲ့တာ၊ အခု ဘာဖြစ်လဲ အေးဆေးပဲကို။ ဒါ လက်မည်းတွေ ခြောက်နေတာ။
အခု လူနာနည်းတယ် ကျသွားတယ်ဆိုတာ သင်္ကြန်တုန်းက ငြိမ်နေခဲ့တဲ့ အကျိုးကျေးဇူး၊ ဒါကို တကယ်ကျတယ်ထင်ပြီး ပြန်ထွက်ရင် ပြန်တက်ဖို့ သေချာသလောက်ပဲ။
တကယ်လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မျက်ခုံးလှုပ်နေပြီ။ ကိုယ့် အခြေအနေကိုယ်သိတာကိုး။ ဒါ လက်ကုန်ထုတ်ထားတာ။ အောက်က ကိုးနဲ့ ရှိုးနေရတာဆိုတော့။
နည်းနည်းလေးပြောမယ်။ အခု ရန်ကုန်မှာ ကိုဗစ်ကုတဲ့ ဆေးရုံ သုံးခုရှိတယ်။ ဝေဘာဂီ၊ တောင်ဥက္ကလာ နဲ့ ဖောင်ကြီး။
ဝေဘာဂီမှာ အသက်ရှုစက်နဲ့ ICU 15 လုံးရှိတယ်။ တောင်ဥက္ကလာမှာ ICU 15 လုံးရှိတယ်။ ဖောင်ကြီးမှာ လက်ရှိ ICU. 10 လုံးရှိတယ်။ ဒါအကုန်ပဲ။ လက်ရှိ။ ဖောင်ကြီးက ပိုဆိုးလာရင် နောက်ထပ် ICU ကုတင် 30 ထပ်တိုးနိုင်မယ် ပြောတယ်။
ရိုးရိုးလူနာအတွက် ကုတင် 300 နဲ့ 400 ကြားရှိမယ်။
အဲ့ ICU 40 လုပ်နိင်ဖို့ တခြား ဆေးရုံက မေ့ဆေးဆရာဝန်တွေကို ဆွဲစိထားရလို့ ခွဲစိတ်မှုတွေ ရပ်ထားရတယ်။ ရိုးရိုးလူနာတွေလည်း ကိုဗစ်ကြောင့် ဆေးရုံတွေ၊ ခွဲခန်းတွေနားထားလို့ တော်တော် တိုင်ပတ်နေကြပြီ။
အခု လက်ရှိ လူနာ 150 ကျော်၊ သေတာ 6 ယောက်၊ ICU က ပြန်ကောင်းတာ 2 ယောက်လောက်ဆိုတော့ လူနာအယောက် တစ်ရာမှာ ငါးယောက် 5% ICU ရောက်မယ်ဆိုတဲ့ နိုင်ငံတကာ အချိုးနဲ့ မြန်မာပြည်နဲ့ ကွက်တိပဲ။
အဲ့တော့ ပြန်တွက်ရင် positive 800 တပြိုက်နက် ဆေးရုံတက်ရရင် ICU ပြည့်ပြီ။ နိုင်ငံတကာကို ပြန်ကြည့်ရင် တစ်ယောက်က တစ်ဆယ် ၊ တစ်ဆယ်က တစ်ရာဖြစ်ဖို့သာကြာတာ၊ တစ်ရာက တစ်ထောင်ဖြစ်ဖို့ဆိုတာ ခဏလေး။ တစ်ထောင်က တစ်သောင်းဖြစ်ဖို့ပိုမြန်၊ တစ်သိန်းက တစ်သန်းဖြစ်ဖို့ လုံးဝလျှပ်တပြတ်။
အဲ့တော့ ကျွန်တော်တို့ တိုင်းပြည်ဆင်းရဲတယ်။ တစ်နေ့လုပ် တစ်နေ့စားများတယ်။ ထိုင်မစားနိုင်ဘူး။ ဒါမှန်တယ်။ အစိုးရကော လူထုရော ကျွန်တော်ရော မြန်မြန်ပုံမှန်ဖြစ်ချင်တာပဲ။ စီးပွားရေးက ခရိုနီကနေ သူတောင်းစား အထိ ထိတယ်။
ဖြစ်သင့်တာကတော့ ပိတ်ရင် ငတ်မယ်။ ဖွင့်ရမယ်။ ဒါလက်ခံတယ်။ ဒါပေမယ့် စည်းနဲ့ကမ်းနဲ့ ဥပဒေ တင်းတင်းကျပ်ကျပ်တော့ လုပ်ဖို့လိာမယ်။ mask ကို မဖြစ်မနေ စနစ်တကျ တပ်ခိုင်းရမယ်။ social distancing မဖြစ်မနေလုပ်ရမယ်။ မလိုက်နာရင် ဒဏ်ရိုက်ရမယ်။ ပြင်းပြင်းထန်ထန်ကို စောင့်ကြည့် ဒဏ်ရိုက်ရမယ်။ esstential ဖွင့်ရမယ်။ non-essential ပိတ်ရမယ်။
လူတွေကို အလကား ဆန်ဆီဝေမယ့်အစား အစိုးရက လူမစုတဲ့ အလုပ်ဒီအချိန်မှာ များများဖော်ပေးသင့်တယ်။ ဆီဈေးလဲ ကျနေချိန်။ ဥပမာ လမ်းတွေခင်း ၊ မြောင်းဖော်၊ သန့်ရှင်းရေး၊ cable ချ၊ ဆေးသုတ်၊ construction လုပ် ဒါမျိုးတွေပေါ့လေ။ အလကားဆိုတာ ဘယ်တော့မှ မကောင်းဘူး။ ရေရှည်မခံဘူး။
စည်းကမ်းကျပ်ကျပ်မတ်မတ်၊ ချိုးဖေါက်ရင် အပြင်းအထန် အရေးယူဆိုရင် စီးပွားရေးလေးလည်း ဆက်သွား၊ ရောဂါလေးလည်း သိပ်မဆိုး ဖြစ်နိုင်ပေမယ့် ဒီပုံအတိုင်း လူတွေ စားဝတ်နေရေးဆိုပြီး လုပ်ချင်တာလုပ် လွှတ်ထားရင်တော့ ခုန လူနာ 800 ဆေးရုံတပြိုင်ထဲ တက်ရပြီဆိုတာနဲ့ ဘုရားတရားသာ အောက်မေ့ပေတော့လို့ ပြောရမလို ဖြစ်နေပြီ။ အဲ့ကျ ထိမ်းဖို့ခက်ပြီ။ စီးပွားလည်းပျက် လူလည်းသေ။
ဒီ post က အဆိုးမြင်တာတော့ မဟုတ်ပါဘူး။
ကျွန်တော်က ဆရာဝန်ဆိုတော့ ဆရာဝန်ဆိုတာ ဘယ်ပြသနာကိုမဆို ချဉ်းကပ်ရင် safety first၊ အဆိုးဆုံးတွေကို ပြင်ဆင်၊ အဆိုးဆုံးဖြစ်နိုင်တာတွေ လူနာကိုရှင်းပြနေကျဆိုတော့ နားလည်ပေးကြပါလို့။
အဆိုးဆုံးအတွက် ကောင်းကောင်း ပြင်ဆင်လာခဲ့ရင် တော်တော်ရွဲတဲ့ လူနာတောင်ပြန်ကောင်းတတ်ပြီး၊ အစကတဲက ကောင်းတဲ့လူနာ အေးဆေးပါ၊ ကောင်းသွားမှာပါဆိုပြီး ပေါ့ဆရင် နောက်ကနေ မျက်ကလဲဆန်ပြာ ဘယ်လောက်လိုက်ရတတ်တယ်ဆိုတာ ဆရာဝန်တိုင်း အသိပါ။
Credit: