နှစ်ဖက်မိဘ သဘောတူညီမှုနဲ့ အိမ်ထောင်ပြု ကြတယ်။ မင်္ဂလာဆောင်တယ်။ ထုံးစံအတိုင်းပါပဲ။ လာသမျှလူတွေကို ပြုံးပြရတယ်။ သိသိမသိသိ နှုတ်ဆက်ရတယ်။ဒီလိုနဲ့ မင်္ဂလာဆောင်ပွဲကြီး ပြီးသွားတယ်။ စိတ်မော၊ လူမောနဲ့ …။
ငယ်သူငယ်ချင်း ယောကျာ်းတွေက ‘ခဲဖိုး’ တောင်းတယ်၊ငယ်သူငယ်ချင်း မိန်းကလေးတွေကတော့ ‘ရွှေကြိုး’ တားကြ တယ်။ ကျွန်တော်ကလည်း မငြင်းဘူး။ ပေးစရာရှိတာ ပေးလိုက် တယ်။ ဒါမှ မင်္ဂလာဦးရဲ့ညဦးမှာ လူရှင်းတော့မှာပေါ့။
ဒီလိုနဲ့ ညရောက်လာတယ်။ဒီနေ့ညက အရမ်း တန်ဖိုး ရှိတယ်။သူ ရင်ထဲမှာ ဘယ်လိုရှိနေမယ် တော့ ကျွန်တော် မသိဘူး။ကျွန်တော် ရင်တွေ အရမ်း ခုန်နေတယ်။တစ်မျိုးကြီးပဲ။
မင်္ဂလာဦးညဆိုတော့ ရင်ထဲမှာ ရေဆာသလိုလို၊ ဗိုက်ပြည့် သလိုလို…။ ဘယ်လိုကြီးမှန်း မသိပါဘူး။အိပ်ရာ စောစော ဝင်မယ် လို့ စိတ်ကူးတယ်။လူကို သန့်သန့်ရှင်းရှင်းဖြစ် သွားအောင် ရေချိုးလိုက်တယ်။
ဘယ်သူငယ်ချင်းနဲ့မှ မတွေ့ချင်ဘူး။တတ်နိုင်ရင် ဘယ်ဧည့်သည်မှ မလာစေချင်ဘူး။ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး။ဒီနေ့ညက အရေးကြီးတယ်လေ။
အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ‘အဖေ’ နဲ့ ‘အမေ’ ရောက်လာ တယ်။ ည (၉) နာရီလောက် ရှိနေပြီ။ အဖေက အမေ့ကို စက်ဘီး ပေါ်တင်ပြီး ကျွန်တော့်ဆီကို အရောက်နင်းလာခဲ့တာ။ စက်ဘီးနင်း ခဲ့ရတဲ့ အဖေ့မှာ မောလို့ … ။
အဖေနဲ့ အမေ ရောက်လာတော့ သင်ဖြူ းဖျာကလေးကို ခင်း … ။ လက်ဖွဲ့ရတဲ့ မင်္ဂလာဦး အချိုရည်ပန်းကန်ကလေးထဲမှာ အဖေနဲ့အမေကို ကော်ဖီဖျော်တိုက် …။
ကျွန်တော်က အမေ့ကို မေးလိုက်တယ်။”အမေတို့ …။ ညကြီးအချိန်မတော် ဘာကိစ္စများ အရေးကြီး လို့ ရောက်လာကြတာလဲ”အမေက ဘာမှ ပြန်မပြောဘူး။ ကော်ဖီကို ကုန်အောင် သောက်တယ်။ ကော်ဖီကုန်သွားပြီဆိုမှ အမေက အိမ်ထောင်ရေး တရား ဟောတော့တာပါပဲ။
“ဒီမယ် ငါ့သား၊ ဒီစကားဟာ ဒီနေ့ည ပြောမှ အဓိပ္ပါယ်ရှိမှာမို့ အမေ ရောက်အောင်လာခဲ့တာ””ဘာစကားမို့လဲ . . . အမေရယ်””အမေ အခုပြောမယ့်စကားက သားရတဲ့ လက်ဖွဲ့တွေ ထဲမှာ အကောင်းဆုံးလက်ဖွဲ့ ဖြစ်လိမ့်မယ်။
လက်ဖွဲ့ပစ္စည်းဆိုတာ အချိန်တန်ရင် ဟောင်းသွားမယ်။ ပျက်စီးသွားမယ်။ ပျောက်ပျက် သွားမယ်။ အမေ အခုပေးမယ့် လက်ဖွဲ့ကတော့ အချိန်ကြာလေ လေ တန်ဖိုးရှိလေလေ … ။ အတွေးဉာဏ် ရင့်ကျက်လေလေ အသုံးဝင်လေလေ ….ဖြစ်စေမယ့် လက်ဖွဲ့ပဲ …”
အမေက သူ့စကားတွေကို နိဒါန်းတွေချီနေတယ်။ကျွန်တော်က အိပ်ယာဝင်ချင်လှပြီ။အမေ့အကြောင်း သိပ်မသိတဲ့ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်အမေကို ‘ဘာကြီးလဲ …’ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေ တယ်။
“အမေ အခုပြောမယ့် စကားဟာ အမေတို့ အိမ်ထောင်ရေး ဘဝနဲ့ ရင်းပြီး ရလာခဲ့တဲ့ စကားပဲ””ဘာလဲ အမေရယ်””ဒီမယ် ငါ့သား…။ လူတချို့က စီးပွားရေး အောင်မြင်ကြ တယ်။ ဒါပေမဲ့ အိမ်ထောင်ရေး မအောင်မြင်ကြဘူး။ လူတချို့ ကတော့ စီးပွားရေးလည်း မအောင်မြင်ဘူး။
အိမ်ထောင်ရေး လည်း မအောင်မြင်ဘူး။ လူတော်တော်များများကတော့ စီးပွားရေးကို အိမ်ထောင်ရေးထက် ပိုအရေးကြီးတယ်လို့ မြင်ကြတယ်။ အမေတို့လည်း သားတို့လို ဟိုး… လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ကျော်တုန်းက အချစ်တစ်ခုတည်းနဲ့ ဘဝကို ပြည်စုံပြီလို့ ထင်ခဲ့ကြတယ်။
အမေတို့ရဲ့ အမှားတွေ၊နောင်တတွေ၊ မိုက်မဲမှုတွေ ကို သားတို့ မင်္ဂလာဦးညမှာ သိစေချင်လို့၊ ဆင်ခြင်စေချင်လို့ စကားအဖြစ် လာပြီး လက်ဖွဲ့တာပဲ … “ဒီအချိန်မှာ ‘ကျွန်တော့်မိနိးမ အသစ်စက်စက်’ က စိတ်မဝင် စားတဲ့ အမူအရာနဲ့ အိပ်ငိုက်နေပါတော့တယ်။
“ငါ့သား …။ အိမ်ထောင်ရေးဆိုတာ ရေပြင်ပေါ် ခရီးသွားခြင်းပဲ။ လင် ယောကျာ်းက ‘ရွက်’ နဲ့ တူတယ်။ ဇနီးမယားက ‘လှော်တက်’ နဲ့ တူတယ်။ စိတ်သဘောထား ပြေလည်မှုဟာ ‘လှေ’ နဲ့ တူတယ်”အမေ့စကားကို ကျွန်တော် နားမလည်ပါ။
အမေ့စကားရဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် မသိပါ။အမေက ဆက်ပြောတယ်။
“လှေတစ်စင်းမှာ ‘ရွက်’ ဆိုတာ ‘လေ’ လာရင် လှေကို ဟိုး . . . အဝေးကြီးအထိ သယ်ဆောင်သွားနိုင်တယ်။ ရေစီး ဘယ်လောက်ကြမ်းကြမ်း လေတိုက်နေလို့ကတော့ ဒီလှေဟာ ရေဆန်ကိုလည်း မမှုဘူး။ ‘ရွက်’ ဆိုတာ လင်ယောကျာ်းနဲ့ တူတယ်။
ကံအကြောင်းလှလို့ ‘ဝင်ငွေကောင်း’ တဲ့အခါ ရှိမယ်။ ‘လေ’ လာသလို့ပေါ့ကွယ်။ ကံအကြောင်းမလှလို့ ‘ဝင်ငွေနည်း’ တဲ့အခါလည်း ရှိမယ်။ ‘လေ’ မတိုက်သလိုပေါ့ကွယ်။ အမေတို့လို မိန်းမသားတွေဟာ ယောကျာ်း ဝင်ငွေဖြောင့်နေရင် ကြည်ဖြူ ကြတယ်။ ယောကျာ်း ဝင်ငွေမကောင်းရင် စိတ်ထဲမှာ သိပ်အဆင် မပြေချင်ကြဘူး”
အဲဒီအချိန်မှာ အဖေ က အမေ့ကို တစိမ့်စိမ့်ကြီး စိုက်ကြည့်နေတယ်။”မင်းအဖေ ဝင်ငွေကောင်းတုန်းက ငါ့စိတ်ကတစ်မျိုး။ မင်းအဖေ ဝင်ငွေမကောင်းတော့ ငါ့စိတ်က သိပ်အဆင် မပြေချင်ဘူး။ အမေတို့ မိန်းမသားတွေဟာ လှေတစ်စင်းမှာရှိတဲ့ ‘လှော်တက်’ တူပြန်တယ်။
လေလာလို့ လှေပြေးရင် ‘လှော်တက်’ ဆိုတာ ပဲ့ထိန်း ရုံသက်သက်ပဲ။ ‘လေမလာလို့ လှေမပြေး’ ရင် ‘လှော်တက်’ ဆိုတာ ‘ပဲ့ထိန်း’ ရုံတင် မဟုတ်တော့ဘူး။ ဝင်ပြီး လှော်ရတယ်”
“အမေက အမေတို့ရဲ့အိမ်ထောင်ရေးမှာ’လှော်တက်’ တစ်ချောင်းပဲ။ ဒါပေမဲ့ ‘ပဲ့ထိန်း’ ရုံသာထိန်းခဲ့တဲ့ ‘လှော်တက်’ …။ မင်းအဖေ ဝင်ငွေမကောင်းတော့ မင်းအဖေကိုပဲ အပြစ်မြင်မိ တယ်။ ဝင်ပြီး ‘လှော်’ ဖို့ စိတ်မကူးမိခဲ့ဘူး။ ‘လှော်’ ရကောင်းမှန်း လည်း မသိခဲ့ဘူး။
ဒါကြောင့် ငါ့သမီးက ‘ပဲ့ထိန်း’ သင့်တဲ့အချိန်မှာ ‘ပဲ့ထိန်း’ ပေးသလို လှော်သင့်တဲ့အချိန်မှာလည်း ဝင်ပြီး ‘လှော်’ ရဲတဲ့ ‘လှော်တက်’ တစ်ချောင်းဖြစ်ဖို့လိုတယ်”အမေ့စကားက တော်တော် အဓိပ္ပါယ်ပါတာပဲ။
မြန်မာ့ လူ့အဖွဲ့အစည်း အိမ်ထောင်ရေးမှာ ယောကျာ်းတွေ က ‘ငွေ’ ရှာတယ်။ မိန်းမတွေက ‘အိမ်ထောင်မှု’ ထိန်းသိမ်းတယ်။ ဒီလောက်ပဲ အမြင်ရှိကြတယ်။အမေ့စကား က ဒီ့ထက် လေးနက်တယ်။
“ဆက်ပြောရဦးမယ် ငါ့သား ။ ‘လေလာ’ လို့ လှေပြေးပါရဲ့၊ ‘ပဲ့ထိန်း’ လည်း ကောင်းပါရဲ့၊ လေမလာရင်လည်း ‘လှော်တက်’ ကဝင်ပြီး လှော်ပါရဲ့၊ ဒါပေမဲ့ ‘လှေပေါက်ကြီး’ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ”
” ဒါ့ကြောင့် … စိတ်သဘောထားပြေလည်မှု’ ဟာ ‘လှေ’ နဲ့တူတယ် ငါ့သား။ ‘အိမ်ထောင်ရေး’ တော်တော်များများဟာ ‘လှေပေါက်ကြီး’နဲ့ တူတယ်။ ခရီးရှည်ကြီးကို သွားရမယ့် ‘လှေ’ ဟာ ပေါက်နေရင် အလကားပဲ။ ‘လေ’ လာလည်း ဘာထူးမှာလဲ။ ‘ပဲ့ထိန်း’ ရင်လည်း အလကားပဲ။
ဝိုင်းကူပြီး လှော်ပေးရင်လည်း အလကားပဲ။ ‘လှေပေါက်ကြီး’ နဲ့ ခရီးမသွားမိဖို့ အရေးကြီးတယ်”အမေက စကားပြောရင်း အဖေ့ကို လှည့်ကြည့်လိုက် တယ်။”မင်းအဖေနဲ့ ငါဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါတယ်။ ဒါပေမဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြ ဘူး။ စိတ်ချင်း အဆင်မပြေဘူး။ တစ်ယောက်စိတ်ကိုတစ်ယောက် နားမလည်ဘူး”
“ဒီတော့ အမေတို့ရဲ့ ‘အိမ်ထောင်ရေး လှေကြီး’ ဟာ ခရီး အဝေးကြီးကို မရောက်ခဲ့ဘူးပေါ့။ တစ်ခါတလေ အမေက ‘လှေ’ ကို အပေါက်ဖြစ်အောင် ဖောက်ပစ်တယ်။ ‘လှေပေါက်’ ကို ပြန်ပြီး ဖာထေးနေရတာနဲ့ အမေတို့ အိမ်ထောင်ရေးဟာ မအောင်မြင်ခဲ့ ဘူး။
တစ်ခါတလေ မင်းအဖေက အမေတို့ရဲ့ အိမ်ထောင်ရေး လှေကြီးကို သူက ဖောက်ပစ်ပြန်တယ်။ ဒီလိုနဲ့ အမေတို့ရဲ့ ‘ခရီးရှည် အိမ်ထောင်ရေးဘဝကြီး’ ဟာ သားတို့ သိခဲ့ကြတဲ့အတိုင်းပဲ။ ခရီး မရောက်ခဲ့ဘူး။ မအောင်မြင်ခဲ့ဘူး”
အမေပြောတာ ဟုတ်ပါတယ်။ကျွန်တော်ဟာ သားအကြီးဆုံးဖြစ်တော့ အမေတို့ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရဲ့ ဘဝကို အစအဆုံး သိထားတဲ့သူ…။အဲဒီအချိန်မှာ ကျွန်တော့်အသစ်စက်စက်မိန်းမက သူ့ယောက္ခမဖြစ်တဲ့ ကျွန်တော့်အမေကို စိတ်ဝင်တစားနဲ့ ကြည့်နေပါတယ်။
“ကဲ . . . သားနဲ့သမီး အမေ့စကားကို… အမေ လိုရင်းပြောမယ် နော်။ ဒီစာတန်းကလေးကို အိမ်မှာချိတ်ထား။ အဲဒါ အမေ့ရဲ့ လက်ဖွဲ့ပဲ။ ကဲ. . . အမေတို့ ပြန်တော့မယ်။ သားနဲ့သမီးလည်း အိပ်ရာဝင်ချင်ကြမှာပဲ။ သားတို့ရဲ့ ပထမဦးဆုံး မင်္ဂလာညမှာ ပျော်ရွှင်ပါစေကွယ် … ”
အမေပေးသွားတဲ့ လက်ဖွဲ့စာတန်းက . . .
အိမ်ထောင်ရေးဘဝမှာ . . .
လင်ယောကျာ်းက . . . ‘ရွက်’
ဇနီးမယားက . . . ‘လှော်တက်’
စိတ်သဘောထား ပြေလည်မှုက . . . ‘လှေ’
လှေပေါက်ကြီးနဲ့ခရီးမသွားကြနဲ့…။
ဦးဘုန်း (ဓာတု) မန္တလေး အဖေ့အိမ် အတွေးရသ စာအုပ်မှ
Zawgyi
ႏွစ္ဖက္မိဘ သေဘာတူညီမႈနဲ႔ အိမ္ေထာင္ျပဳ ၾကတယ္။ မဂၤလာေဆာင္တယ္။ ထံုးစံအတိုင္းပါပဲ။ လာသမၽွလူေတြကို ျပံဳးျပရတယ္။ သိသိမသိသိ ႏႈတ္ဆက္ရတယ္။ဒီလိုနဲ႔ မဂၤလာေဆာင္ပြဲႀကီး ၿပီးသြားတယ္။ စိတ္ေမာ၊ လူေမာနဲ႔ …။
ငယ္သူငယ္ခ်င္း ေယာက်ာ္းေတြက ‘ခဲဖိုး’ ေတာင္းတယ္၊ငယ္သူငယ္ခ်င္း မိန္းကေလးေတြကေတာ့ ‘ေရႊႀကိဳး’ တားၾက တယ္။ ကၽြန္ေတာ္ကလည္း မျငင္းဘူး။ ေပးစရာရွိတာ ေပးလိုက္ တယ္။ ဒါမွ မဂၤလာဦးရဲ႕ညဦးမွာ လူရွင္းေတာ့မွာေပါ့။
ဒီလိုနဲ႔ ညေရာက္လာတယ္။ဒီေန႔ညက အရမ္း တန္ဖိုး ရွိတယ္။သူ ရင္ထဲမွာ ဘယ္လိုရွိေနမယ္ ေတာ့ ကၽြန္ေတာ္ မသိဘူး။ကၽြန္ေတာ္ ရင္ေတြ အရမ္း ခုန္ေနတယ္။တစ္မ်ိဳးႀကီးပဲ။
မဂၤလာဦးညဆိုေတာ့ ရင္ထဲမွာ ေရဆာသလိုလို၊ ဗိုက္ျပည့္ သလိုလို…။ ဘယ္လိုႀကီးမွန္း မသိပါဘူး။အိပ္ရာ ေစာေစာ ဝင္မယ္ လို႔ စိတ္ကူးတယ္။လူကို သန္႔သန္႔ရွင္းရွင္းျဖစ္ သြားေအာင္ ေရခ်ိဳးလိုက္တယ္။
ဘယ္သူငယ္ခ်င္းနဲ႔မွ မေတြ႕ခ်င္ဘူး။တတ္ႏိုင္ရင္ ဘယ္ဧည့္သည္မွ မလာေစခ်င္ဘူး။ဘယ္သူနဲ႔မွလည္း စကားမေျပာခ်င္ဘူး။ဒီေန႔ညက အေရးႀကီးတယ္ေလ။
အဲဒီအခ်ိန္မွာ မေမၽွာ္လင့္ဘဲ ‘အေဖ’ နဲ႔ ‘အေမ’ ေရာက္လာ တယ္။ ည (၉) နာရီေလာက္ ရွိေနၿပီ။ အေဖက အေမ့ကို စက္ဘီး ေပၚတင္ၿပီး ကၽြန္ေတာ့္ဆီကို အေရာက္နင္းလာခဲ့တာ။ စက္ဘီးနင္း ခဲ့ရတဲ့ အေဖ့မွာ ေမာလို႔ … ။
အေဖနဲ႔ အေမ ေရာက္လာေတာ့ သင္ျဖဴ းဖ်ာကေလးကို ခင္း … ။ လက္ဖြဲ႕ရတဲ့ မဂၤလာဦး အခ်ိဳရည္ပန္းကန္ကေလးထဲမွာ အေဖနဲ႔အေမကို ေကာ္ဖီေဖ်ာ္တိုက္ …။
ကၽြန္ေတာ္က အေမ့ကို ေမးလိုက္တယ္။”အေမတို႔ …။ ညႀကီးအခ်ိန္မေတာ္ ဘာကိစၥမ်ား အေရးႀကီး လို႔ ေရာက္လာၾကတာလဲ”အေမက ဘာမွ ျပန္မေျပာဘူး။ ေကာ္ဖီကို ကုန္ေအာင္ ေသာက္တယ္။ ေကာ္ဖီကုန္သြားၿပီဆိုမွ အေမက အိမ္ေထာင္ေရး တရား ေဟာေတာ့တာပါပဲ။
“ဒီမယ္ ငါ့သား၊ ဒီစကားဟာ ဒီေန႔ည ေျပာမွ အဓိပၸါယ္ရွိမွာမို႔ အေမ ေရာက္ေအာင္လာခဲ့တာ””ဘာစကားမို႔လဲ . . . အေမရယ္””အေမ အခုေျပာမယ့္စကားက သားရတဲ့ လက္ဖြဲ႕ေတြ ထဲမွာ အေကာင္းဆံုးလက္ဖြဲ႕ ျဖစ္လိမ့္မယ္။
လက္ဖြဲ႕ပစၥည္းဆိုတာ အခ်ိန္တန္ရင္ ေဟာင္းသြားမယ္။ ပ်က္စီးသြားမယ္။ ေပ်ာက္ပ်က္ သြားမယ္။ အေမ အခုေပးမယ့္ လက္ဖြဲ႕ကေတာ့ အခ်ိန္ၾကာေလ ေလ တန္ဖိုးရွိေလေလ … ။ အေတြးဉာဏ္ ရင့္က်က္ေလေလ အသံုးဝင္ေလေလ ….ျဖစ္ေစမယ့္ လက္ဖြဲ႕ပဲ …”
အေမက သူ႔စကားေတြကို နိဒါန္းေတြခ်ီေနတယ္။ကၽြန္ေတာ္က အိပ္ယာဝင္ခ်င္လွၿပီ။အေမ့အေၾကာင္း သိပ္မသိတဲ့ ကၽြန္ေတာ့္အမ်ိဳးသမီးက ကၽြန္ေတာ့္အေမကို ‘ဘာႀကီးလဲ …’ဆိုတဲ့ အၾကည့္မ်ိဳးနဲ႔ ၾကည့္ေန တယ္။
“အေမ အခုေျပာမယ့္ စကားဟာ အေမတို႔ အိမ္ေထာင္ေရး ဘဝနဲ႔ ရင္းၿပီး ရလာခဲ့တဲ့ စကားပဲ””ဘာလဲ အေမရယ္””ဒီမယ္ ငါ့သား…။ လူတခ်ိဳ႕က စီးပြားေရး ေအာင္ျမင္ၾက တယ္။ ဒါေပမဲ့ အိမ္ေထာင္ေရး မေအာင္ျမင္ၾကဘူး။ လူတခ်ိဳ႕ ကေတာ့ စီးပြားေရးလည္း မေအာင္ျမင္ဘူး။
အိမ္ေထာင္ေရး လည္း မေအာင္ျမင္ဘူး။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ စီးပြားေရးကို အိမ္ေထာင္ေရးထက္ ပိုအေရးႀကီးတယ္လို႔ ျမင္ၾကတယ္။ အေမတို႔လည္း သားတို႔လို ဟိုး… လြန္ခဲ့တဲ့ႏွစ္ေပါင္း (၃၀) ေက်ာ္တုန္းက အခ်စ္တစ္ခုတည္းနဲ႔ ဘဝကို ျပည္စံုၿပီလို႔ ထင္ခဲ့ၾကတယ္။
အေမတို႔ရဲ႕ အမွားေတြ၊ေနာင္တေတြ၊ မိုက္မဲမႈေတြ ကို သားတို႔ မဂၤလာဦးညမွာ သိေစခ်င္လို႔၊ ဆင္ျခင္ေစခ်င္လို႔ စကားအျဖစ္ လာၿပီး လက္ဖြဲ႕တာပဲ … “ဒီအခ်ိန္မွာ ‘ကၽြန္ေတာ့္မိနိးမ အသစ္စက္စက္’ က စိတ္မဝင္ စားတဲ့ အမူအရာနဲ႔ အိပ္ငိုက္ေနပါေတာ့တယ္။
“ငါ့သား …။ အိမ္ေထာင္ေရးဆိုတာ ေရျပင္ေပၚ ခရီးသြားျခင္းပဲ။ လင္ ေယာက်ာ္းက ‘ရြက္’ နဲ႔ တူတယ္။ ဇနီးမယားက ‘ေလွာ္တက္’ နဲ႔ တူတယ္။ စိတ္သေဘာထား ေျပလည္မႈဟာ ‘ေလွ’ နဲ႔ တူတယ္”အေမ့စကားကို ကၽြန္ေတာ္ နားမလည္ပါ။
အေမ့စကားရဲ႕ ရည္ရြယ္ခ်က္ကိုလည္း ကၽြန္ေတာ္ မသိပါ။အေမက ဆက္ေျပာတယ္။
“ေလွတစ္စင္းမွာ ‘ရြက္’ ဆိုတာ ‘ေလ’ လာရင္ ေလွကို ဟိုး . . . အေဝးႀကီးအထိ သယ္ေဆာင္သြားႏိုင္တယ္။ ေရစီး ဘယ္ေလာက္ၾကမ္းၾကမ္း ေလတိုက္ေနလို႔ကေတာ့ ဒီေလွဟာ ေရဆန္ကိုလည္း မမႈဘူး။ ‘ရြက္’ ဆိုတာ လင္ေယာက်ာ္းနဲ႔ တူတယ္။
ကံအေၾကာင္းလွလို႔ ‘ဝင္ေငြေကာင္း’ တဲ့အခါ ရွိမယ္။ ‘ေလ’ လာသလို႔ေပါ့ကြယ္။ ကံအေၾကာင္းမလွလို႔ ‘ဝင္ေငြနည္း’ တဲ့အခါလည္း ရွိမယ္။ ‘ေလ’ မတိုက္သလိုေပါ့ကြယ္။ အေမတို႔လို မိန္းမသားေတြဟာ ေယာက်ာ္း ဝင္ေငြေျဖာင့္ေနရင္ ၾကည္ျဖဴ ၾကတယ္။ ေယာက်ာ္း ဝင္ေငြမေကာင္းရင္ စိတ္ထဲမွာ သိပ္အဆင္ မေျပခ်င္ၾကဘူး”
အဲဒီအခ်ိန္မွာ အေဖ က အေမ့ကို တစိမ့္စိမ့္ႀကီး စိုက္ၾကည့္ေနတယ္။”မင္းအေဖ ဝင္ေငြေကာင္းတုန္းက ငါ့စိတ္ကတစ္မ်ိဳး။ မင္းအေဖ ဝင္ေငြမေကာင္းေတာ့ ငါ့စိတ္က သိပ္အဆင္ မေျပခ်င္ဘူး။ အေမတို႔ မိန္းမသားေတြဟာ ေလွတစ္စင္းမွာရွိတဲ့ ‘ေလွာ္တက္’ တူျပန္တယ္။
ေလလာလို႔ ေလွေျပးရင္ ‘ေလွာ္တက္’ ဆိုတာ ပဲ့ထိန္း ရံုသက္သက္ပဲ။ ‘ေလမလာလို႔ ေလွမေျပး’ ရင္ ‘ေလွာ္တက္’ ဆိုတာ ‘ပဲ့ထိန္း’ ရံုတင္ မဟုတ္ေတာ့ဘူး။ ဝင္ၿပီး ေလွာ္ရတယ္”
“အေမက အေမတို႔ရဲ ႕အိမ္ေထာင္ေရးမွာ’ေလွာ္တက္’ တစ္ေခ်ာင္းပဲ။ ဒါေပမဲ့ ‘ပဲ့ထိန္း’ ရံုသာထိန္းခဲ့တဲ့ ‘ေလွာ္တက္’ …။ မင္းအေဖ ဝင္ေငြမေကာင္းေတာ့ မင္းအေဖကိုပဲ အျပစ္ျမင္မိ တယ္။ ဝင္ၿပီး ‘ေလွာ္’ ဖို႔ စိတ္မကူးမိခဲ့ဘူး။ ‘ေလွာ္’ ရေကာင္းမွန္း လည္း မသိခဲ့ဘူး။
ဒါေၾကာင့္ ငါ့သမီးက ‘ပဲ့ထိန္း’ သင့္တဲ့အခ်ိန္မွာ ‘ပဲ့ထိန္း’ ေပးသလို ေလွာ္သင့္တဲ့အခ်ိန္မွာလည္း ဝင္ၿပီး ‘ေလွာ္’ ရဲတဲ့ ‘ေလွာ္တက္’ တစ္ေခ်ာင္းျဖစ္ဖို႔လိုတယ္”အေမ့စကားက ေတာ္ေတာ္ အဓိပၸါယ္ပါတာပဲ။
ျမန္မာ့ လူ႔အဖြဲ႕အစည္း အိမ္ေထာင္ေရးမွာ ေယာက်ာ္းေတြ က ‘ေငြ’ ရွာတယ္။ မိန္းမေတြက ‘အိမ္ေထာင္မႈ’ ထိန္းသိမ္းတယ္။ ဒီေလာက္ပဲ အျမင္ရွိၾကတယ္။အေမ့စကား က ဒီ့ထက္ ေလးနက္တယ္။
“ဆက္ေျပာရဦးမယ္ ငါ့သား ။ ‘ေလလာ’ လို႔ ေလွေျပးပါရဲ႕၊ ‘ပဲ့ထိန္း’ လည္း ေကာင္းပါရဲ႕၊ ေလမလာရင္လည္း ‘ေလွာ္တက္’ ကဝင္ၿပီး ေလွာ္ပါရဲ႕၊ ဒါေပမဲ့ ‘ေလွေပါက္ႀကီး’ ျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ ”
” ဒါ့ေၾကာင့္ … စိတ္သေဘာထားေျပလည္မႈ’ ဟာ ‘ေလွ’ နဲ႔တူတယ္ ငါ့သား။ ‘အိမ္ေထာင္ေရး’ ေတာ္ေတာ္မ်ားမ်ားဟာ ‘ေလွေပါက္ႀကီး’နဲ႔ တူတယ္။ ခရီးရွည္ႀကီးကို သြားရမယ့္ ‘ေလွ’ ဟာ ေပါက္ေနရင္ အလကားပဲ။ ‘ေလ’ လာလည္း ဘာထူးမွာလဲ။ ‘ပဲ့ထိန္း’ ရင္လည္း အလကားပဲ။
ဝိုင္းကူၿပီး ေလွာ္ေပးရင္လည္း အလကားပဲ။ ‘ေလွေပါက္ႀကီး’ နဲ႔ ခရီးမသြားမိဖို႔ အေရးႀကီးတယ္”အေမက စကားေျပာရင္း အေဖ့ကို လွည့္ၾကည့္လိုက္ တယ္။”မင္းအေဖနဲ႔ ငါဟာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ၾကပါတယ္။ ဒါေပမဲ့ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္ၾက ဘူး။ စိတ္ခ်င္း အဆင္မေျပဘူး။ တစ္ေယာက္စိတ္ကိုတစ္ေယာက္ နားမလည္ဘူး”
“ဒီေတာ့ အေမတို႔ရဲ႕ ‘အိမ္ေထာင္ေရး ေလွႀကီး’ ဟာ ခရီး အေဝးႀကီးကို မေရာက္ခဲ့ဘူးေပါ့။ တစ္ခါတေလ အေမက ‘ေလွ’ ကို အေပါက္ျဖစ္ေအာင္ ေဖာက္ပစ္တယ္။ ‘ေလွေပါက္’ ကို ျပန္ၿပီး ဖာေထးေနရတာနဲ႔ အေမတို႔ အိမ္ေထာင္ေရးဟာ မေအာင္ျမင္ခဲ့ ဘူး။
တစ္ခါတေလ မင္းအေဖက အေမတို႔ရဲ႕ အိမ္ေထာင္ေရး ေလွႀကီးကို သူက ေဖာက္ပစ္ျပန္တယ္။ ဒီလိုနဲ႔ အေမတို႔ရဲ႕ ‘ခရီးရွည္ အိမ္ေထာင္ေရးဘဝႀကီး’ ဟာ သားတို႔ သိခဲ့ၾကတဲ့အတိုင္းပဲ။ ခရီး မေရာက္ခဲ့ဘူး။ မေအာင္ျမင္ခဲ့ဘူး”
အေမေျပာတာ ဟုတ္ပါတယ္။ကၽြန္ေတာ္ဟာ သားအႀကီးဆံုးျဖစ္ေတာ့ အေမတို႔ရဲ႕ အိမ္ေထာင္ေရးနဲ႔ မိသားစုရဲ႕ ဘဝကို အစအဆံုး သိထားတဲ့သူ…။အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္အသစ္စက္စက္မိန္းမက သူ႔ေယာကၡမျဖစ္တဲ့ ကၽြန္ေတာ့္အေမကို စိတ္ဝင္တစားနဲ႔ ၾကည့္ေနပါတယ္။
“ကဲ . . . သားနဲ႔သမီး အေမ့စကားကို… အေမ လိုရင္းေျပာမယ္ ေနာ္။ ဒီစာတန္းကေလးကို အိမ္မွာခ်ိတ္ထား။ အဲဒါ အေမ့ရဲ႕ လက္ဖြဲ႕ပဲ။ ကဲ. . . အေမတို႔ ျပန္ေတာ့မယ္။ သားနဲ႔သမီးလည္း အိပ္ရာဝင္ခ်င္ၾကမွာပဲ။ သားတို႔ရဲ႕ ပထမဦးဆံုး မဂၤလာညမွာ ေပ်ာ္ရႊင္ပါေစကြယ္ … ”
အေမေပးသြားတဲ့ လက္ဖြဲ႕စာတန္းက . . .
အိမ္ေထာင္ေရးဘဝမွာ . . .
လင္ေယာက်ာ္းက . . . ‘ရြက္’
ဇနီးမယားက . . . ‘ေလွာ္တက္’
စိတ္သေဘာထား ေျပလည္မႈက . . . ‘ေလွ’
ေလွေပါက္ႀကီးနဲ႔ခရီးမသြားၾကနဲ႔…။
ဦးဘုန္း (ဓာတု) မႏၲေလး အေဖ့အိမ္ အေတြးရသ စာအုပ္မွ