Cele News

စည်သူပလပ်ကျွတ်ထံမှ မိုးတွင်း စီးများဝယ်ယူပြီး ဆိုက်ကားဆရာ များနှင့် စည်ပင်ဝန်ထမ်းများအား ကိုယ်တိုင်သွားရောက်လှူဒါန်းမယ့် ခိုင်နှင်းဝေ

Written by Aung Lay

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေကိုမိခင်နဲ့မခြားကာကွယ်စောင့်ရှောက်ပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်အလှူအတန်းဆို လက်မနှေးသူဖြစ်တာကြောင့် လိုအပ်တဲ့နေရာတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်လည်း ခိုင်နှင်းဝေက မိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် ဆိုက်ကားဆရာ များနှင့် စည်ပင်ဝန်ထမ်းများအတွက် မိုးတွင်းစီးဖိနပ်များကို စည်သူပလပ်ကျွတ်ထံမှဝ ယ်ယူပြီး လှူဒါန်းမယ့်အကြောင်းကို အခုလိုပဲပြောပြလာခဲ့တယ်။

ခိုင်နှင်းဝေကတော့ “ အခုလာမယ့် စနေနေ့ မှာ မိုးတွင်းစီးဖိနပ် အရံ ၂၀၀ ခန့်အား ကိုစည်သူပလပ်ကျွတ်ထံမှ ဝယ်ယူ၍ ဆိုက်ကားဆရာများနှင့် စည်ပင်ဝန်ထမ်းများအား ကျမကိုယ်တိုင်သွားရောက် လှူဒါန်းမှာ ဖြစ်ပါတယ်ရှင် 🙏🙏🙏မိုးတွင်းကာလမှာ မနှစ်ကလို ထီးနှင့် မိုးကာများ လှူဒါန်းဖို့စိတ်ကူးဖြစ်ပေမယ့် ဆရာတော် ဘုရားများဟော ကြားချက်များမှာ အပေါ်မှ အမိုးအကာများ အရေးကြီးပေမယ့် ခြေဖြင့် နင်းပြီးသွားရတာ ဖြစ်လို့ ဆူးညှောင့်ခလုပ်များကိုလည်း ခြေဖြင့်သာ နင်းမိနိုင်သောကြောင့် ဖိနပ် အလှူဟာ သိပ်မြတ်ပါတယ်တဲ့ရှင်။

ဖိနပ်ဟာ စီးတော်ယာဉ်ပဲမို့ ကားလှူတာနဲ့ ထပ်တူကျလို့ အလှူရှင်များ လိုရာခရီးကို အမြန်ဆုံးရောက်အောင် ပို့ဆောင်နိုင်ပါတယ်လို့ ကျမ တရားမှာ နာခဲ့ဖူးတယ် …….ယခု တကယ်လိုအပ်တဲ့ အောက်ခြေလူတန်းစားတရပ်ဆီသို့ ကျမကိုယ်တိုင်အရောက် သွား လှူဒါန်းမယ့် အလှူလေးမှာ ကျမနဲ့အတူ ပါဝင်လှူဒါန်းလိုပါကလည်း အတူတူစုပေါင်း လှူဒါန်းနိုင်ပါကြောင်းနိဗ္ဗာန်ဆော်ဩ လိုက်ပါ‌တယ်ရှင် ”ဆိုပြီး ပြောထားတာပဲဖြစ်ပါတယ် ။ပရိသတ်ကြီးကလည်း ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့အလှူလေးမှာ ပါဝင်လှူဒါန်းကုသိုလ် ယူနိုင်ပါတယ်နော်..။

Source-Khine Hnin Wai

Zawgyi

ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝကေတာ့ မိဘမဲ့ကေလးေတြကိုမိခင္နဲ႔မျခားကာကြယ္ေစာင့္ေရွာက္ေပးေနသူတစ္ေယာက္ျဖစ္ပါတယ္။ဒါ့အျပင္အလႉအတန္းဆို လက္မေႏွးသူျဖစ္တာေၾကာင့္ လိုအပ္တဲ့ေနရာေတြမွာလည္း တတ္ႏိုင္တဲ့ဘက္ကေန လႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္လည္း ခိုင္ႏွင္းေဝက မိုးရာသီေရာက္လာၿပီျဖစ္တဲ့အတြက္ ဆိုက္ကားဆရာ မ်ားႏွင့္ စည္ပင္ဝန္ထမ္းမ်ားအတြက္ မိုးတြင္းစီးဖိနပ္မ်ားကို စည္သူပလပ္ကြၽတ္ထံမွဝ ယ္ယူၿပီး လႉဒါန္းမယ့္အေၾကာင္းကို အခုလိုပဲေျပာျပလာခဲ့တယ္။

ခိုင္ႏွင္းေဝကေတာ့ “ အခုလာမယ့္ စေနေန႔ မွာ မိုးတြင္းစီးဖိနပ္ အရံ ၂၀၀ ခန႔္အား ကိုစည္သူပလပ္ကြၽတ္ထံမွ ဝယ္ယူ၍ ဆိုက္ကားဆရာမ်ားႏွင့္ စည္ပင္ဝန္ထမ္းမ်ားအား က်မကိုယ္တိုင္သြားေရာက္ လႉဒါန္းမွာ ျဖစ္ပါတယ္ရွင္ 🙏🙏🙏မိုးတြင္းကာလမွာ မႏွစ္ကလို ထီးႏွင့္ မိုးကာမ်ား လႉဒါန္းဖို႔စိတ္ကူးျဖစ္ေပမယ့္ ဆရာေတာ္ ဘုရားမ်ားေဟာ ၾကားခ်က္မ်ားမွာ အေပၚမွ အမိုးအကာမ်ား အေရးႀကီးေပမယ့္ ေျချဖင့္ နင္းၿပီးသြားရတာ ျဖစ္လို႔ ဆူးေညႇာင့္ခလုပ္မ်ားကိုလည္း ေျချဖင့္သာ နင္းမိႏိုင္ေသာေၾကာင့္ ဖိနပ္ အလႉဟာ သိပ္ျမတ္ပါတယ္တဲ့ရွင္။

ဖိနပ္ဟာ စီးေတာ္ယာဥ္ပဲမို႔ ကားလႉတာနဲ႔ ထပ္တူက်လို႔ အလႉရွင္မ်ား လိုရာခရီးကို အျမန္ဆုံးေရာက္ေအာင္ ပို႔ေဆာင္ႏိုင္ပါတယ္လို႔ က်မ တရားမွာ နာခဲ့ဖူးတယ္ …….ယခု တကယ္လိုအပ္တဲ့ ေအာက္ေျခလူတန္းစားတရပ္ဆီသို႔ က်မကိုယ္တိုင္အေရာက္ သြား လႉဒါန္းမယ့္ အလႉေလးမွာ က်မနဲ႔အတူ ပါဝင္လႉဒါန္းလိုပါကလည္း အတူတူစုေပါင္း လႉဒါန္းႏိုင္ပါေၾကာင္းနိဗၺာန္ေဆာ္ဩ လိုက္ပါ‌တယ္ရွင္ ”ဆိုၿပီး ေျပာထားတာပဲျဖစ္ပါတယ္ ။ပရိသတ္ႀကီးကလည္း ခိုင္ႏွင္းေဝရဲ႕ မြန္ျမတ္လွတဲ့အလႉေလးမွာ ပါဝင္လႉဒါန္းကုသိုလ္ ယူႏိုင္ပါတယ္ေနာ္..။

Source-Khine Hnin Wai

About the author

Aung Lay

Leave a Comment