ဧရာ ဝတီတိုင်း တွင် Mask မ တပ် သူ ၁၇၀၀၀ ကျော် ကို ဒဏ်ငွေတပ်၊စုစုပေါင်း ကျပ်သိန်း ၅၃၀ ကျော်ရရှိထား
ဧရာ ဝတီတိုင်းမှာ ဇွန်လ ၉ ရက်နေ့အထိ Mask မတပ်လို့ အရေးယူထားရသူဦးရေ ၁၇၈၀၀ ကျော်ရှိပြီး ဒဏ်ကြေးငွေ ကျပ်သိန်း ၅၃၀ ကျော် ရရှိထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။နေအိမ်ပြင်ပထွက်သူတွေ Mask မပါလာပါက ၁ ဦးကို Mask ၃ ခုပေးကာ ငွေ ၃ ထောင်နဲ့ ခုဝယ် ခုတပ်စနစ်နဲ့ ခရိုင် ၆ ခရိုင်မှာ ဒဏ်ရိုက်ငွေ စုစုပေါင်း သိန်း ၅၃၀ ကျော်ရရှိထားတယ်လို့ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။
“ဒဏ်တပ်ငွေရတာတွေကို ခရိုင်ကော်မတီအလိုက် ပြန်သုံးဖို့ညွှန်ကြားထားတယ်။ ဇွန်လ ၉ ရက်နေ့ထိဆို သိန်း ၅၃၀ ကျော်ရလာပြီ။ ပုသိမ်ခရိုင်ဆို ရလာတဲ့ ဒဏ်ငွေတွေ Mask ချုပ်ပြီး အခြေခံလူတန်းစားတွေကို လိုက်ဝေတာမျိုးတွေလုပ်နေတယ်၊ အခြား ခရိုင်တွေလည်း Mask ဝေတာ များပါတယ်။”သက်ဆိုင်ရာခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေမှာ ဥက္ကဋ္ဌအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး အစည်းအဝေးတွေမှာ အရေးယူဆောင် ရွက်ထားတဲ့ ဒဏ်ကြေးတွေကို ကိုယ့်အစီစဉ်နဲ့ကိုဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ နေအိမ်ပြင်ပသွားလာစဉ် Mask မပါလို့ ဒဏ်တပ်အရေးယူထားရမှုအများဆုံးက ဟင်္သာတခရိုင်မှာ လူဦးရေ ၄၆၀၀ ကျော်ရှိပြီး ပုသိမ်ခရိုင်မှာ ၁၈၀၀ ဦး၊ မြောင်းမြခရိုင်မှာ လူဦးရေ ၃၀၀ဝ ကျော်၊ မအူပင်ခရိုင်မှာ ၂၆၀၀ ဦး၊ ဖျာပုံခရိုင်မှာ လူဦးရေ ၄၀၀၀ ကျော်နဲ့ လပွတ္တာခရိုင်မှာ လူဦးရေ ၁၂၀၀ လောက်ကို အရေးယူထားရတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစာရင်းမှာ ရောဂါးပိုးတွေ့သူတွေဟာ ပြည်ပနိုင်ငံကပြန်လာသူများ ဖြစ်ပေမဲ့ ပြည်တွင်းမှာရှိနေခဲ့ရင် ကြိုတင်ကာကွယ် နိုင်ဖို့ နေအိမ်ပြင်ပသွားလာသူတွေ Mask တပ်ကြဖို့ ဝန်ကြီး ဦးဝင်းဌေးက တိုက်တွန်းလိုက်ပါတယ်။
“ခုအားလုံးက စစ်ဆေးတဲ့အဖြေရလဒ်တွေကို နေ့စဉ်စောင့်ကြည့်နေရတယ်။ တွေ့တဲ့ လူနာတွေက ပြည်ပပြန်တွေဖြစ်တယ် သို့သော်လည်း တကယ်လို့များ Silent carriers တွေရှိလာခဲ့ရင် ကျန်းမာရေး သတိရှိဖို့နဲ့ လိုအပ်ပါတယ်၊ Mask တပ်သင့်ပါတယ်။ ရောဂါကိုကာကွယ်နိုင်ဖို့အတွက် Maks တပ်မှ ကာကွယ်မှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။”
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ နေအိမ်ပြင်ပသွားလာသူတွေကို Mask တပ်သွားလာဖို့ အသိပညာပေးလုပ်ငန်းတွေကို မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ အသိပညာပေးလုပ်ငန်း တွေလုပ်ဆောင်ခဲ့ပြီး မေလ ၂၁ ရက်နေ့က စတင်ကာ နေအိမ်ပြင်ပသွားလာတဲ့အခါ Mask မတပ်လာသူတွေကို တစ်ခါသုံး Mask ၃ ခုကို ၃ ထောင်နှုန်းရောင်းချပြီး ဒဏ်တပ်တဲ့လုပ်ငန်း တွေကို စတင်လုပ်ဆောင်လာခဲ့တာပါ။
ဧရာဝတီတိုင်းဒေသကြီးကို ဇွန်လပထမပတ်အထိ တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၈၀၀ ကျော်ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ဧရာဝတီတိုင်းမှာ မလေးရှားနိုင်ငံက ပြန်လာသူ ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၂ ဦးလုံးကို ပုသိမ်ပြည်သူ့ဆေးရုံကြီးရဲ့ သီးခြားကုသဆောင်မှာ ဆေးကုသမှုပြုလုပ်ပေးခဲ့ရာ ပထမဆုံးပိုးတွေ့ခဲ့တဲ့ လူနာကတော့ ရောဂါပိုးကင်းစင်လို့ ဆေးရုံဆင်းသယးခွင့်ပြုခဲ့ပြီး ကျန် ၁ ဦးကိုတော့ ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။
ဒီဗွီဘီ
Zawgyi
ဧရာ ဝတီတိုင္း တြင္ Mask မ တပ္ သူ ၁၇၀၀၀ ေက်ာ္ ကို ဒဏ္ေငြတပ္၊စုစုေပါင္း က်ပ္သိန္း ၅၃၀ ေက်ာ္ရရွိထား
ဧရာ ဝတီတိုင္းမွာ ဇြန္လ ၉ ရက္ေန႔အထိ Mask မတပ္လို႔ အေရးယူထားရသူဦးေရ ၁၇၈၀၀ ေက်ာ္ရွိၿပီး ဒဏ္ေၾကးေငြ က်ပ္သိန္း ၅၃၀ ေက်ာ္ ရရွိထားတယ္လို႔ တိုင္းအစိုးရအဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ေနအိမ္ျပင္ပထြက္သူေတြ Mask မပါလာပါက ၁ ဦးကို Mask ၃ ခုေပးကာ ေငြ ၃ ေထာင္နဲ႔ ခုဝယ္ ခုတပ္စနစ္နဲ႔ ခ႐ိုင္ ၆ ခ႐ိုင္မွာ ဒဏ္႐ိုက္ေငြ စုစုေပါင္း သိန္း ၅၃၀ ေက်ာ္ရရွိထားတယ္လို႔ လွ်ပ္စစ္ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌးက DVB ကိုေျပာပါတယ္။
“ဒဏ္တပ္ေငြရတာေတြကို ခ႐ိုင္ေကာ္မတီအလိုက္ ျပန္သုံးဖို႔ၫႊန္ၾကားထားတယ္။ ဇြန္လ ၉ ရက္ေန႔ထိဆို သိန္း ၅၃၀ ေက်ာ္ရလာၿပီ။ ပုသိမ္ခ႐ိုင္ဆို ရလာတဲ့ ဒဏ္ေငြေတြ Mask ခ်ဳပ္ၿပီး အေျခခံလူတန္းစားေတြကို လိုက္ေဝတာမ်ိဳးေတြလုပ္ေနတယ္၊ အျခား ခ႐ိုင္ေတြလည္း Mask ေဝတာ မ်ားပါတယ္။”သက္ဆိုင္ရာခ႐ိုင္အလိုက္ ကိုဗစ္-၁၉ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီေတြမွာ ဥကၠ႒အျဖစ္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးေတြက တာဝန္ယူေဆာင္႐ြက္ရတာျဖစ္ၿပီး အစည္းအေဝးေတြမွာ အေရးယူေဆာင္ ႐ြက္ထားတဲ့ ဒဏ္ေၾကးေတြကို ကိုယ့္အစီစဥ္နဲ႔ကိုေဆာင္႐ြက္ဖို႔ မွာၾကားထားတယ္လို႔ ဆိုပါတယ္။
ဧရာဝတီတိုင္းမွာ ေနအိမ္ျပင္ပသြားလာစဥ္ Mask မပါလို႔ ဒဏ္တပ္အေရးယူထားရမႈအမ်ားဆုံးက ဟသၤာတခ႐ိုင္မွာ လူဦးေရ ၄၆၀၀ ေက်ာ္ရွိၿပီး ပုသိမ္ခ႐ိုင္မွာ ၁၈၀၀ ဦး၊ ေျမာင္းျမခ႐ိုင္မွာ လူဦးေရ ၃၀၀ဝ ေက်ာ္၊ မအူပင္ခ႐ိုင္မွာ ၂၆၀၀ ဦး၊ ဖ်ာပုံခ႐ိုင္မွာ လူဦးေရ ၄၀၀၀ ေက်ာ္နဲ႔ လပြတၱာခ႐ိုင္မွာ လူဦးေရ ၁၂၀၀ ေလာက္ကို အေရးယူထားရတယ္လို႔ သိရပါတယ္။ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕လူနာစာရင္းမွာ ေရာဂါးပိုးေတြ႕သူေတြဟာ ျပည္ပႏိုင္ငံကျပန္လာသူမ်ား ျဖစ္ေပမဲ့ ျပည္တြင္းမွာရွိေနခဲ့ရင္ ႀကိဳတင္ကာကြယ္ ႏိုင္ဖို႔ ေနအိမ္ျပင္ပသြားလာသူေတြ Mask တပ္ၾကဖို႔ ဝန္ႀကီး ဦးဝင္းေဌးက တိုက္တြန္းလိုက္ပါတယ္။
“ခုအားလုံးက စစ္ေဆးတဲ့အေျဖရလဒ္ေတြကို ေန႔စဥ္ေစာင့္ၾကည့္ေနရတယ္။ ေတြ႕တဲ့ လူနာေတြက ျပည္ပျပန္ေတြျဖစ္တယ္ သို႔ေသာ္လည္း တကယ္လို႔မ်ား Silent carriers ေတြရွိလာခဲ့ရင္ က်န္းမာေရး သတိရွိဖို႔နဲ႔ လိုအပ္ပါတယ္၊ Mask တပ္သင့္ပါတယ္။ ေရာဂါကိုကာကြယ္ႏိုင္ဖို႔အတြက္ Maks တပ္မွ ကာကြယ္မႈေတြကို ေပးႏိုင္မွာျဖစ္ပါတယ္။”
ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွာ ေနအိမ္ျပင္ပသြားလာသူေတြကို Mask တပ္သြားလာဖို႔ အသိပညာေပးလုပ္ငန္းေတြကို ေမလ ၁၆ ရက္ေန႔မွ ၂၀ ရက္ေန႔အထိ အသိပညာေပးလုပ္ငန္း ေတြလုပ္ေဆာင္ခဲ့ၿပီး ေမလ ၂၁ ရက္ေန႔က စတင္ကာ ေနအိမ္ျပင္ပသြားလာတဲ့အခါ Mask မတပ္လာသူေတြကို တစ္ခါသုံး Mask ၃ ခုကို ၃ ေထာင္ႏႈန္းေရာင္းခ်ၿပီး ဒဏ္တပ္တဲ့လုပ္ငန္း ေတြကို စတင္လုပ္ေဆာင္လာခဲ့တာပါ။
ဧရာဝတီတိုင္းေဒသႀကီးကို ဇြန္လပထမပတ္အထိ တ႐ုတ္၊ ထိုင္းနဲ႔ မေလးရွားႏိုင္ငံေတြက ျပန္လည္ဝင္ေရာက္လာတဲ့ ေ႐ႊ႕ေျပာင္းလုပ္သား ၁၈၀၀ ေက်ာ္ရွိတယ္လို႔ တိုင္းအစိုးရအဖြဲ႕႐ုံး ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ဧရာဝတီတိုင္းမွာ မေလးရွားႏိုင္ငံက ျပန္လာသူ ၂ ဦး ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး ၂ ဦးလုံးကို ပုသိမ္ျပည္သူ႔ေဆး႐ုံႀကီးရဲ႕ သီးျခားကုသေဆာင္မွာ ေဆးကုသမႈျပဳလုပ္ေပးခဲ့ရာ ပထမဆုံးပိုးေတြ႕ခဲ့တဲ့ လူနာကေတာ့ ေရာဂါပိုးကင္းစင္လို႔ ေဆး႐ုံဆင္းသယးခြင့္ျပဳခဲ့ၿပီး က်န္ ၁ ဦးကိုေတာ့ ေဆးကုသမႈေတြ ဆက္လက္လုပ္ေဆာင္ေပးေနပါတယ္။
ဒီဗီြဘီ