News

အလှပြင်ဆိုင် လို အရေပြား ဆေးခန်းလို နဲ့ ဂျင်းထည့်နေ တဲ့ မန္တလေး က တရုတ်ေ ဆးခန်းတွေ

Written by Aung Lay

အလှပြင်ဆိုင် လို အရေပြား ဆေးခန်းလို နဲ့ ဂျင်းထည့်နေ တဲ့ မန္တလေး က တရုတ်ေ ဆးခန်းတွေ

ဒီနေ့ အတွေ့အကြုံ ကတော့ လွမ်း လို့ ရတယ် ဝန်ထမ်း ဆရာဝန် အပေါင်းတို့ .. ဖြူဖြူ သွယ်သွယ် လေဒီလေး နှစ်ယောက် စကားသံ ဝဲဝဲနဲ့ ကိုယ့်ဆေးခန်းကို ရောက်လာတယ် ။ အကြောင်းရင်း က ပိုးသတ်ဆေး ထိုးချင်လိုတဲ့ ။

လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် မြစ်ကြီးနားမှာ ဆာဝန်ပေါက်စ ဘဝ ကတည်းက ကိုယ့် ဆေးခန်းလေးကို အဲ့သလို ပိုးသတ်ဆေး ထိုးချင်လို့ပါ ဆရာ… ဆိုပြီး လာခဲ့တဲ့ လေဒီတွေ နည်းမှ မနည်းပဲ ။ တချို့နဲ့တောင် ဘော်ဒါ ဘော်ဂျွတ်တွေ ဖြစ်လိုက်သေး ။ (အဲ့ အကြောင်း အသေးစိတ်တွေ နောက်မှ ရေးမယ် )

အခု လေဒီ တွေရဲ့ History ကို အစ ကောက်တော့မှ ကိုယ့်မှာ တအံ့တဩ ဖြစ်ရတယ် ။ မန်းလေး ရဲ့ တစ်ခုသော တရုတ် နံမည်နဲ့ ဖွင့်ထားတဲ့ အလှပြင်ဆိုင်လိုလို အလှအပ အရေပြား ဆိုင်ရာ ကုသမှုနေရာလိုလိုမှာ မျက်ရစ် သွားဖော်တဲ့ Minor operation သွားလုပ်ခဲ့တာတဲ့ ။ ဟိုက… မှာလိုက်သေး သဘောကောင်းတဲ့ ဆရာဝန် တစ်ယောက်ဆီ ပိုးသတ်ဆေး သွားထိုးလိုက်လို့… ဆိုလို့ လာတာပါတဲ့… ။

အတော် စိတ်ဝင်စားသွားတယ်.. ညီမလေးတို့ ကို ခွဲစိတ်ပေးတာ ဆရာဝန် လား ဆိုတော့ မသိဘူးတဲ့… နိုင်ငံခြားက Certificate တော့ ပြတယ်တဲ့ ။ ထားလိုက်တော့ ဆက်မေးမိတယ်.. မခွဲခင် ဆီးချိုသွေးချို စစ်တာတွေ သွေးပေါင် ချိန်တာတွေ ထုံဆေး တည့်မတည့် စမ်းတာတွေ လုပ်လား ဆိုတော့ မလုပ်ပါဘူးတဲ့ ။ သေချာပြီပေါ့ ဆရာဝန် မဟုတ်တာ ။

ခွဲစိတ် ခဲ့တဲ့ ပတ်တီးတွေ ဖြည်ကြည့်မိတော့ ပါးပါးလေးပါပဲ ။ အပေါ်မျက်ခွံကို မျက်ရစ် အတိုင်း အရာလေး ပေးတယ် ။ အပေါ်ဖက် အရေပြားကို နည်းနည်းလေး ခေါက်ပြီး အရေပြားအောက်မှာ ချုပ်ထားတယ်။ အရစ်လေး အချိုင့်လေး ပေါ်အောင်.. ပြီးတော့ အရေပြားအစွန်းအချင်းချင်း ဟောလိဝုဒ် လိုက်တယ်… ဒါပဲ ။

တကယ့်ကို အသေးစား လွယ်လွန်းတဲ့ ခွဲစိတ်မှုပဲ ။ ဆရာဝန် အခေါ် Day surgery ပေါ့ဗျာ။ သူတို့ကို မေးကြည့်တယ်.. လုပ်တာ ဘယ်လောက် ကြာလဲလို့ ? မျက်ခွံ နှစ်ဖက်လုံးကို တစ်နာရီ နီးပါးလောက်ပဲ ကြာတယ်တဲ့ ။ ထုံဆေး တော့ ထိုးတယ်တဲ့ ။ သိပ်မနာပါဘူးတဲ့ ။

လာပြီ အဓိက Question! ညီမလေး တို့ တစ်ယောက်ကို ဘယ်လောက် ပေးလိုက်ရလဲ.. ဆိုတော့ တစ်ယောက်ကို ၁၂ သိန်း တဲ့ ။ ကိုယ့်မှာ မယုံသင်္ကာ နဲ့ ထပ်မေးမိတယ်။ အဟုတ်ကို ၁၂ သိန်းပဲ။ သွေးလည်း မစစ်ဘူး ဆေးလည်း မစမ်းဘူး မေးခိုင် ကာကွယ်ဆေးလည်း မထိုးဘူး ပိုးသတ်ဆေး လည်း နီးရာ ဆရာဝန်ထံ သွားထိုးတဲ့ သောက်ဆေးလည်း တစ်လုံးမှတောင် မပေးလိုက်ဘူး.. အသေးစား ခွဲစိတ်မှုလေး လုပ်ပေးလိုက်တယ်။

(ည အိပ်စရာတောင် မလိုတဲ့ အသေးစား ခွဲစိတ်မှု ) အလှအပ ရေးရာ ကိစ္စပေါ့ ။ ကုန်ကျ ခဲ့တဲ့ ငွေက တစ်ယောက်ကို ၁၂ သိန်း ။ ခွဲပေးသူက ဆရာဝန် မဟုတ်။ တစ်လ လုံး လုပ်ခလစာ သုံးသိန်း ပျော့ပျော့ သုံးသိန်း စွန်းစွန်း ဝန်ထမ်း ဆရာဝန် အပေါင်းတို့ အမျှ… အမျှ… အမျှ…..

(ဒေါက်တာ တေဇကျော်… မေမြို့ )

Zawgyi

အလွျပင္ဆုိင္ လုိ အေရျပား ေဆးခန္းလုိ နဲ႔ ဂ်င္းထည့္ေန တဲ့ မႏၱေလး က တရုတ္ေ ဆးခန္းေတြ

ဒီေန႔ အေတြ႕အႀကဳံ ကေတာ့ လြမ္း လို႔ ရတယ္ ဝန္ထမ္း ဆရာဝန္ အေပါင္းတို႔ .. ျဖဴျဖဴ သြယ္သြယ္ ေလဒီေလး ႏွစ္ေယာက္ စကားသံ ဝဲဝဲနဲ႔ ကိုယ့္ေဆးခန္းကို ေရာက္လာတယ္ ။ အေၾကာင္းရင္း က ပိုးသတ္ေဆး ထိုးခ်င္လိုတဲ့ ။

လြန္ခဲ့တဲ့ ႏွစ္ (၂၀) ေက်ာ္ ျမစ္ႀကီးနားမွာ ဆာဝန္ေပါက္စ ဘဝ ကတည္းက ကိုယ့္ ေဆးခန္းေလးကို အဲ့သလို ပိုးသတ္ေဆး ထိုးခ်င္လို႔ပါ ဆရာ… ဆိုၿပီး လာခဲ့တဲ့ ေလဒီေတြ နည္းမွ မနည္းပဲ ။ တခ်ိဳ႕နဲ႔ေတာင္ ေဘာ္ဒါ ေဘာ္ဂြၽတ္ေတြ ျဖစ္လိုက္ေသး ။ (အဲ့ အေၾကာင္း အေသးစိတ္ေတြ ေနာက္မွ ေရးမယ္ )

အခု ေလဒီ ေတြရဲ႕ History ကို အစ ေကာက္ေတာ့မွ ကိုယ့္မွာ တအံ့တဩ ျဖစ္ရတယ္ ။ မန္းေလး ရဲ႕ တစ္ခုေသာ တ႐ုတ္ နံမည္နဲ႔ ဖြင့္ထားတဲ့ အလွျပင္ဆိုင္လိုလို အလွအပ အေရျပား ဆိုင္ရာ ကုသမႈေနရာလိုလိုမွာ မ်က္ရစ္ သြားေဖာ္တဲ့ Minor operation သြားလုပ္ခဲ့တာတဲ့ ။ ဟိုက… မွာလိုက္ေသး သေဘာေကာင္းတဲ့ ဆရာဝန္ တစ္ေယာက္ဆီ ပိုးသတ္ေဆး သြားထိုးလိုက္လို႔… ဆိုလို႔ လာတာပါတဲ့… ။

အေတာ္ စိတ္ဝင္စားသြားတယ္.. ညီမေလးတို႔ ကို ခြဲစိတ္ေပးတာ ဆရာဝန္ လား ဆိုေတာ့ မသိဘူးတဲ့… ႏိုင္ငံျခားက Certificate ေတာ့ ျပတယ္တဲ့ ။ ထားလိုက္ေတာ့ ဆက္ေမးမိတယ္.. မခြဲခင္ ဆီးခ်ိဳေသြးခ်ိဳ စစ္တာေတြ ေသြးေပါင္ ခ်ိန္တာေတြ ထုံေဆး တည့္မတည့္ စမ္းတာေတြ လုပ္လား ဆိုေတာ့ မလုပ္ပါဘူးတဲ့ ။ ေသခ်ာၿပီေပါ့ ဆရာဝန္ မဟုတ္တာ ။

ခြဲစိတ္ ခဲ့တဲ့ ပတ္တီးေတြ ျဖည္ၾကည့္မိေတာ့ ပါးပါးေလးပါပဲ ။ အေပၚမ်က္ခြံကို မ်က္ရစ္ အတိုင္း အရာေလး ေပးတယ္ ။ အေပၚဖက္ အေရျပားကို နည္းနည္းေလး ေခါက္ၿပီး အေရျပားေအာက္မွာ ခ်ဳပ္ထားတယ္။ ​အရစ္ေလး အခ်ိဳင့္ေလး ေပၚေအာင္.. ၿပီးေတာ့ အေရျပားအစြန္းအခ်င္းခ်င္း ေဟာလိဝုဒ္ လိုက္တယ္… ဒါပဲ ။

တကယ့္ကို အေသးစား လြယ္လြန္းတဲ့ ခြဲစိတ္မႈပဲ ။ ဆရာဝန္ အေခၚ Day surgery ေပါ့ဗ်ာ။ သူတို႔ကို ေမးၾကည့္တယ္.. လုပ္တာ ဘယ္ေလာက္ ၾကာလဲလို႔ ? မ်က္ခြံ ႏွစ္ဖက္လုံးကို တစ္နာရီ နီးပါးေလာက္ပဲ ၾကာတယ္တဲ့ ။ ထုံေဆး ေတာ့ ထိုးတယ္တဲ့ ။ သိပ္မနာပါဘူးတဲ့ ။

လာၿပီ အဓိက Question! ညီမေလး တို႔ တစ္ေယာက္ကို ဘယ္ေလာက္ ေပးလိုက္ရလဲ.. ဆိုေတာ့ တစ္ေယာက္ကို ၁၂ သိန္း တဲ့ ။ ကိုယ့္မွာ မယုံသကၤာ နဲ႔ ထပ္ေမးမိတယ္။ အဟုတ္ကို ၁၂ သိန္းပဲ။ ေသြးလည္း မစစ္ဘူး ေဆးလည္း မစမ္းဘူး ေမးခိုင္ ကာကြယ္ေဆးလည္း မထိုးဘူး ​ပိုးသတ္ေဆး လည္း နီးရာ ဆရာဝန္ထံ သြားထိုးတဲ့ ေသာက္ေဆးလည္း တစ္လုံးမွေတာင္ မေပးလိုက္ဘူး.. အေသးစား ခြဲစိတ္မႈေလး လုပ္ေပးလိုက္တယ္။

(ည အိပ္စရာေတာင္ မလိုတဲ့ အေသးစား ခြဲစိတ္မႈ ) အလွအပ ေရးရာ ကိစၥေပါ့ ။ ကုန္က် ခဲ့တဲ့ ေငြက တစ္ေယာက္ကို ၁၂ သိန္း ။ ခြဲေပးသူက ဆရာဝန္ မဟုတ္။ တစ္လ လုံး လုပ္ခလစာ သုံးသိန္း ေပ်ာ့ေပ်ာ့ သုံးသိန္း စြန္းစြန္း ဝန္ထမ္း ဆရာဝန္ အေပါင္းတို႔ အမွ်… အမွ်… အမွ်…..

(ေဒါက္တာ ေတဇေက်ာ္… ေမၿမိဳ႕ )

About the author

Aung Lay

Leave a Comment