Cele News

ကျွန်တော်မိန်းမရဲ့ သံသယတစ်ခုကြောင့် ဒီလို ထိဒုက္ခရောက်ခဲ့ရတာပါဆိုတဲ့ မင်းရာဇာ

Written by Aung Lay





Unicode

ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့မင်းရာဇာကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အိမ်အကူကောင်မလေးကို အက်စစ်နဲ့ပက်ခဲ့တဲ့အမှုကြောင့် တရားရင်ဆိုင်နေရပါတယ်။ သူကတော့ အင်တာဗျူးတိုင်းမှာ သူအက်စစ်နဲ့ပက်ခဲ့တာမဟုတ်ပါဘူးလို့လည်း ထပ်တလဲလဲ ဖြေကြားနေသူပါ။

ဒီနေ့ရုံးချိန်းမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ” မိန်းကလေးတစ်ယောက်ယောက် သူ့ဆီသွားကြည့်ပါ.. အက်စစ်ဒဏ်ရာလုံးဝမရှိပါဘူး… အဓိကက သူ့အမေရယ် သူ့ပထွေးရယ် အဓိကပါ.. ငွေသိန်း(၁၀၀)လည်း ယူမယ်.. လူကိုလည်း အထဲထည့်မယ်လို့ ပြောပါတယ်.. သူ့အပေါ်မှာလည်း အများကြီးကူညီပေးခဲ့တယ်..

ဒီလောက်ထိလုပ်လိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး… အခုလုပ်လိုက်တဲ့ဟာကြီးက အရမ်းဆိုးပါတယ်.. အခုဟာက ကျွန်တော့်မိန်းမရဲ့သံသယတစ်ခုကြောင့် ဖြစ်သွားတဲ့အရာတစ်ခုကို အခွင့်အရေးသမားတွေလက်ထဲရောက်သွားတဲ့အခါကျတော့ အားလုံးဒုက္ခရောက်သွားတာပါ.. ကျွန်တော် အက်စစ်နဲ့လုံးဝ မပက်ခဲ့ပါဘူးဗျာ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

ပရိသတ်ကြီးရေ မင်းရာဇာကတော့ လက်ရှိတရားရုံးနှစ်ခုမှာ အမှုရင်ဆိုင်နေရသလို ရုံးချိန်းတိုင်းမှာလည်း ပရိသတ်တွေကို အမှန်တရားချပြနိုင်ဖို့ အချိန်မရှိတဲ့ကြားက သူ့ပြောပြချင်တဲ့အကြောင်းအရာတွေ ဖြေကြားနေသူပါ။

About the author

Aung Lay

Leave a Comment