Cele News

ကျေးဇူးတရားတွေကို အခုမှသိတာ ရှက်စရာမဟုတ်ဘူးဆိုတဲ့ ညီနန္ဒ

Written by Aung Lay

ဇာတ်ကားရိုက်ခဲ့ဖူးတဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ ညီနန္ဒကတော့ အနုပညာလော မှာ သရုပ်ဆောင် ဒွေး၊ ဒါရိုက်တာ ညီညီထွန်းလွင်နဲ့ ဒါရိုက်တာ နောင်ထွန်းလွင်တို့ဟာ သူ့အတွက် လက်ဦးဆရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ညီနန္ဒဟာ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ချိန်မှာ ကျေးဇူးရှိခဲ့ဖူးတဲ့ ဒါရိုက်တာ ညီညီထွန်းလွင် သွားရောက် ကန်တော့ခဲ့တာ တွေ့ရပါတယ်။အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာ “အက်စစ်ကတ္တီပါ” ဆိုတဲ့ ဇာတ်ကားမှာ ဒါရိုက်တာညီညီထွန်းလွင်နဲ့ စတ ဆုံတွေ့ခဲ့တဲ့ အမှတ်တရတွေကို ညီနန္ဒက ပြောပြလာပါတယ်။

“ ဒါရိုက်တာ ထဲမှာ ဆရာက အစ်ကို့အတွက် လက်ဦးဆရာပါပဲ။ ကိုသားကြီးနဲ့ အတူ ဇာတ် ကားရိုက်တာ (၂)ကား ၊ (၃) ကားလိုက်ကြည့်တယ်။ အဲဒီမှာ ကိုသားကြီးက ဦးမောင်တို့၊ ဦးညီတို့ဆီကိုသွားဆိုပြီးတော့ ဦးညီတို့နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အစ်ကိုတို့တုန်းက သရုပ်ေ ဆာင် သင်တန်းမရှိဘူး။ မှတ်မှတ်ရရ အက်စစ်ကတ္တီပါ ဇာတ်ကားမှာ ကိုမင်းဦးက နှစ်ကိုယ်ခွဲ၊ အစ်ကိုက ကိုမင်းဦးရဲ့ သူငယ်ချင်းနေရာ လုပ်ရတဲ့ အချိန်မှာ စကားပြောရတော့ အစ်ကိုစကားေြ ပာတာ အသံမထွက်ဘူး။ စလုပ်တာဆိုတော့ ရှိန်တဲ့၊ကြောက်တဲ့ စိတ်တွေရှိတာပေါ့နော်။

အဲဒီမှာ ဦးညီကလည်း ဇာတ်ညွှန်းရေးတော့ အစ်ကို့နေရာကို စကားပြောရမယ့်အခန်း မထည့်ေ တာ့ဘူး။ လက်ဖက်ရည်သောက်တယ်၊ မုန့်စားတယ် ဆိုတဲ့ နေရာကနေ ဖြတ်ကျော် လာရ တယ်။ နောက်ပိုင်းမှာ စကားပြောရဲအောင် လုပ်ရတယ်ဆိုတာ အဆင့်တွေ ကျော်ဖြတ်ရပါ တယ်။ ဒါကိုလည်း ဦးညီက ကူညီပေးခဲ့တာ။ အခုလည်း ကိုယ့်ရဲ့ လက်နဲ့လုပ်ထားတဲ့ ထောပတ် ထမင်းကို အစ်ကို့အတွက် လက်ဦးဆရာတွေ၊ သင်ဆရာ၊ မြင်ဆရာတွေကို ကန်တော့ချင်တဲ့ စိတ်က အလိုလိုဖြစ်လာတယ်။” လို့ သူကဆိုပါတယ်။

ညီနန္ဒက ကျေးဇူးတရားဆိုတဲ့အရာကို ငယ်စဉ်က မစဉ်းစားတတ်ခဲ့ဘူးလို့ ဆိုပါတယ်။ အခုချိန်မှ ကျေးဇူးတရားတွေကို ပြန်လည် သိလာတဲ့အပေါ် ရှက်စရာတစ်ခုမဟုတ်တဲ့အကြောင်း ဆက် လက် ပြောပြခဲ့ပါတယ်။

“အရင်တုန်းက အသက် (၃၀) လောက်မှာ အောင်မြင်တော့ မာန်တွေ ဘာတွေလည်းရှိတာေ ပါ့နော်။ ဒီလိုကျေးဇူးတရားတွေ မသိတတ်ခဲ့ဘူး။ ဒီအချိန်မှာတော့ ဘာပဲဖြစ်ဖြစ် သိလာတာဟာ ရှက်စရာ တစ်ခုမဟုတ်ပါဘူး။ အခုလို ကန်တော့ခွင့်ရတာကိုလည်း အရမ်းဝမ်းသာပီတိ ဖြစ်မိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ငယ်ငယ်တုန်းက ကျေးဇူးတရားတွေ၊ အသိတရားတွေ ဆိုတာ အစ်ကို တို့ခေါင်းထဲမှာ မရှိဘူး။ အခုနောက်ပိုင်း ဘုရား၊ တရားလုပ်လာလို့ ဒီစိတ်လေးေ တွက သူ့ဘာသာသူ ဖြစ်လာတာ။ အစ်ကို့ဆရာတွေထဲမှာ ဦးညီရယ်၊ ဦးမောင်( ဒါရိုက်တာ နော င်ထွန်းလွင်)ရယ်၊ ကိုသားကြီးရယ် သုံးယောက်ကတော့ လုံးဝ မေ့လို့မရပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ညီနန္ဒကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအ လုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

ဆယ်လီရပ်ကွက်

Zawgyi

ဇာတ္ကား႐ိုက္ခဲ့ဖူးတဲ့ အမွတ္တရေတြ ေျပာျပလာပါတယ္။ ညီနႏၵကေတာ့ အႏုပညာေလာ မွာ သ႐ုပ္ေဆာင္ ေဒြး၊ ဒါ႐ိုက္တာ ညီညီထြန္းလြင္နဲ႔ ဒါ႐ိုက္တာ ေနာင္ထြန္းလြင္တို႔ဟာ သူ႔အတြက္ လက္ဦးဆရာေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ ညီနႏၵဟာ အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခ်ိန္မွာ ေက်းဇူးရွိခဲ့ဖူးတဲ့ ဒါ႐ိုက္တာ ညီညီထြန္းလြင္ သြားေရာက္ ကန္ေတာ့ခဲ့တာ ေတြ႕ရပါတယ္။အႏုပညာအလုပ္ေတြ စလုပ္တဲ့အခ်ိန္မွာ “အက္စစ္ကတၱီပါ” ဆိုတဲ့ ဇာတ္ကားမွာ ဒါ႐ိုက္တာညီညီထြန္းလြင္နဲ႔ စတ ဆုံေတြ႕ခဲ့တဲ့ အမွတ္တရေတြကို ညီနႏၵက ေျပာျပလာပါတယ္။

“ ဒါ႐ိုက္တာ ထဲမွာ ဆရာက အစ္ကို႔အတြက္ လက္ဦးဆရာပါပဲ။ ကိုသားႀကီးနဲ႔ အတူ ဇာတ္ ကား႐ိုက္တာ (၂)ကား ၊ (၃) ကားလိုက္ၾကည့္တယ္။ အဲဒီမွာ ကိုသားႀကီးက ဦးေမာင္တို႔၊ ဦးညီတို႔ဆီကိုသြားဆိုၿပီးေတာ့ ဦးညီတို႔နဲ႔ မိတ္ဆက္ေပးခဲ့တယ္။ အစ္ကိုတို႔တုန္းက သ႐ုပ္ေ ဆာင္ သင္တန္းမရွိဘူး။ မွတ္မွတ္ရရ အက္စစ္ကတၱီပါ ဇာတ္ကားမွာ ကိုမင္းဦးက ႏွစ္ကိုယ္ခြဲ၊ အစ္ကိုက ကိုမင္းဦးရဲ႕ သူငယ္ခ်င္းေနရာ လုပ္ရတဲ့ အခ်ိန္မွာ စကားေျပာရေတာ့ အစ္ကိုစကားေျ ပာတာ အသံမထြက္ဘူး။ စလုပ္တာဆိုေတာ့ ရွိန္တဲ့၊ေၾကာက္တဲ့ စိတ္ေတြရွိတာေပါ့ေနာ္။

အဲဒီမွာ ဦးညီကလည္း ဇာတ္ၫႊန္းေရးေတာ့ အစ္ကို႔ေနရာကို စကားေျပာရမယ့္အခန္း မထည့္ေ တာ့ဘူး။ လက္ဖက္ရည္ေသာက္တယ္၊ မုန႔္စားတယ္ ဆိုတဲ့ ေနရာကေန ျဖတ္ေက်ာ္ လာရ တယ္။ ေနာက္ပိုင္းမွာ စကားေျပာရဲေအာင္ လုပ္ရတယ္ဆိုတာ အဆင့္ေတြ ေက်ာ္ျဖတ္ရပါ တယ္။ ဒါကိုလည္း ဦးညီက ကူညီေပးခဲ့တာ။ အခုလည္း ကိုယ့္ရဲ႕ လက္နဲ႔လုပ္ထားတဲ့ ေထာပတ္ ထမင္းကို အစ္ကို႔အတြက္ လက္ဦးဆရာေတြ၊ သင္ဆရာ၊ ျမင္ဆရာေတြကို ကန္ေတာ့ခ်င္တဲ့ စိတ္က အလိုလိုျဖစ္လာတယ္။” လို႔ သူကဆိုပါတယ္။

ညီနႏၵက ေက်းဇူးတရားဆိုတဲ့အရာကို ငယ္စဥ္က မစဥ္းစားတတ္ခဲ့ဘူးလို႔ ဆိုပါတယ္။ အခုခ်ိန္မွ ေက်းဇူးတရားေတြကို ျပန္လည္ သိလာတဲ့အေပၚ ရွက္စရာတစ္ခုမဟုတ္တဲ့အေၾကာင္း ဆက္ လက္ ေျပာျပခဲ့ပါတယ္။

“အရင္တုန္းက အသက္ (၃၀) ေလာက္မွာ ေအာင္ျမင္ေတာ့ မာန္ေတြ ဘာေတြလည္းရွိတာေ ပါ့ေနာ္။ ဒီလိုေက်းဇူးတရားေတြ မသိတတ္ခဲ့ဘူး။ ဒီအခ်ိန္မွာေတာ့ ဘာပဲျဖစ္ျဖစ္ သိလာတာဟာ ရွက္စရာ တစ္ခုမဟုတ္ပါဘူး။ အခုလို ကန္ေတာ့ခြင့္ရတာကိုလည္း အရမ္းဝမ္းသာပီတိ ျဖစ္မိတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ငယ္ငယ္တုန္းက ေက်းဇူးတရားေတြ၊ အသိတရားေတြ ဆိုတာ အစ္ကို တို႔ေခါင္းထဲမွာ မရွိဘူး။ အခုေနာက္ပိုင္း ဘုရား၊ တရားလုပ္လာလို႔ ဒီစိတ္ေလးေ တြက သူ႔ဘာသာသူ ျဖစ္လာတာ။ အစ္ကို႔ဆရာေတြထဲမွာ ဦးညီရယ္၊ ဦးေမာင္( ဒါ႐ိုက္တာ ေနာ င္ထြန္းလြင္)ရယ္၊ ကိုသားႀကီးရယ္ သုံးေယာက္ကေတာ့ လုံးဝ ေမ့လို႔မရပါဘူး” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

ညီနႏၵကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈ ရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သူဟာ စီးပြားေရးဘက္ကို ဦးစားေပးလိုက္တဲ့ အခ်ိန္မွာ အႏုပညာေလာကနဲ႔ ၃ ႏွစ္ေက်ာ္ ေဝးကြာသြားတယ္လို႔လည္း သိရပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းက အႏွစ္ ၂၀ ေက်ာ္ ရပ္တည္ လွ်က္ ရွိပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနရတာကိုလည္း ေတြ႕ရပါတယ္။ အႏုပညာအ လုပ္ေတြ ျပန္လည္ လုပ္ကိုင္လာခ်ိန္မွာ သူ႔ကို လက္တြဲေခၚယူခဲ့တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ခင္လႈိင္ကိုလည္း ေက်းဇူးတင္တဲ့အေၾကာင္းေတြကို သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါတယ္။

ဆယ္လီရပ္ကြက္

About the author

Aung Lay

Leave a Comment