Health

ကြက်သွန်ဖြူကို တစ်နေ့တစ်မွှာ စားပေးခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများ

Written by Aung Lay

ကြက်သွန်ဖြူက လူမျိုးတော်တော်များများရဲ့ တိုင်းရင်းဆေးတွေမှာ အဓိက ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ် ပေါင်းများစွာ ကတည်းက ဟင်းလျာတွေ အရသာရှိဖို့ နိုင်ငံတော်တော် များများမှာ အသုံးပြုကြပါတယ်။

ကြက်သွန်ဖြူမှာ ဆာလဖာ ကွန်ပေါင်းနဲ့ Phytonutrients ဓာတ်တွေ ပါဝင်တာကြောင့် ဖျားနာတွေ ပျောက်အောင် ကုတဲ့နေရာမှာ ထည့်သုံး ခဲ့ကြဖူးပါတယ်။ကြက်သွန်ဖြူ တစ်မွှာ ကို နေ့စဉ်စားရင် အစာခြေစနစ်ကို အားကောင်းစေပြီး အာဟာရ တွေကိုလည်း အများကြီး ရရှိနိုင်ပါတယ်။

သွေးလည်ပတ်မှုကို မြှင့်တင်ပေး

ကြက်သွန်ဖြူမှာ ဗီတာမင် B ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် Homocysteine ကို လျော့ နည်း စေပါတယ်။ Homocysteine ဓာတ်က သွေးကြောတွေကို ကျဉ်းစေပြီး၊ သွေးကြောတွေ ပါးလာပြီး ထုံးလာတတ်ပါတယ်။

သဘာ၀ ပိုးသတ်ဆေး (Antibiotic)

ဒုတိယကမ္ဘာစစ်တုန်းက ဆေးဝါးတွေ ပြတ်လတ်တုန်းကဆိုရင် ကြက်သွန်ဖြူကို ပိုးသတ် ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ကြက်သွန်ဖြူက အစွမ်းထက်တဲ့ သဘာ ၀ ပိုးသတ်ဆေး တစ်မျိုး ဖြစ်တာကြောင့် နေ့စဉ် ကြက်သွန်ဖြူ တစ်မွှာစားရင် ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေပါတယ်။

တုပ်ကွေး၊ ဖျားနာခြင်းနဲ့ ရောဂါပိုးမွှားဝင်ခြင်းကို ကုသပေးပါတယ်။ အနာကို မြန်မြန်ကျ က်စေပါတယ်။ အသည်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ ကပ်ပါးကောင်းတွေနဲ့ Heavy Metals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်သွန်ဖြူမှာ ဗီတာမင် A,B, C ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ် ငန်းဆောင် တာတွေကို အထောက်အကူပြုပါတယ်။ အသည်းအဆီ ဖုံးတာကိုလည်း ကာ ကွယ် ပေးပါတယ်။

အ ချိန် ပေး ဖတ်ရှု တဲ့ ပရိတ် သတ် များ ကို ကျေးဇူး အထူ ပဲ တင် ရှိ ပါသည်။

မေတ္တာများစွာဖြင့်

Source : MyFood Myanmar

Zawgyi

ၾကက္သြန္ျဖဴက လူမ်ိဳးေတာ္ေတာ္မ်ားမ်ားရဲ႕ တိုင္းရင္းေဆးေတြမွာ အဓိက ပါဝင္ပါတယ္။

လြန္ခဲ့တဲ့ ရာစုႏွစ္ ေပါင္းမ်ားစြာ ကတည္းက ဟင္းလ်ာေတြ အရသာရွိဖို႔ ႏိုင္ငံေတာ္ေတာ္ မ်ားမ်ားမွာ အသုံးျပဳၾကပါတယ္။

ၾကက္သြန္ျဖဴမွာ ဆာလဖာ ကြန္ေပါင္းနဲ႔ Phytonutrients ဓာတ္ေတြ ပါဝင္တာေၾကာင့္ ဖ်ားနာေတြ ေပ်ာက္ေအာင္ ကုတဲ့ေနရာမွာ ထည့္သုံး ခဲ့ၾကဖူးပါတယ္။ၾကက္သြန္ျဖဴ တစ္မႊာ ကို ေန႔စဥ္စားရင္ အစာေျခစနစ္ကို အားေကာင္းေစၿပီး အာဟာရ ေတြကိုလည္း အမ်ားႀကီး ရရွိႏိုင္ပါတယ္။

ေသြးလည္ပတ္မႈကို ျမႇင့္တင္ေပး

ၾကက္သြန္ျဖဴမွာ ဗီတာမင္ B ဓာတ္ႂကြယ္ဝစြာပါဝင္တာေၾကာင့္ Homocysteine ကို ေလ်ာ့ နည္း ေစပါတယ္။ Homocysteine ဓာတ္က ေသြးေၾကာေတြကို က်ဥ္းေစၿပီး၊ ေသြးေၾကာေတြ ပါးလာၿပီး ထုံးလာတတ္ပါတယ္။

သဘာ၀ ပိုးသတ္ေဆး (Antibiotic)

ဒုတိယကမာၻစစ္တုန္းက ေဆးဝါးေတြ ျပတ္လတ္တုန္းကဆိုရင္ ၾကက္သြန္ျဖဴကို ပိုးသတ္ ေဆးအျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ၾကက္သြန္ျဖဴက အစြမ္းထက္တဲ့ သဘာ ၀ ပိုးသတ္ေဆး တစ္မ်ိဳး ျဖစ္တာေၾကာင့္ ေန႔စဥ္ ၾကက္သြန္ျဖဴ တစ္မႊာစားရင္ ကိုယ္ခံအားစနစ္ကို ေကာင္း မြန္ေစပါတယ္။

တုပ္ေကြး၊ ဖ်ားနာျခင္းနဲ႔ ေရာဂါပိုးမႊားဝင္ျခင္းကို ကုသေပးပါတယ္။ အနာကို ျမန္ျမန္က် က္ေစပါတယ္။ အသည္း က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစပါတယ္။

ၾကက္သြန္ျဖဴက ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြ၊ ကပ္ပါးေကာင္းေတြနဲ႔ Heavy Metals ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသည္းက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။

ၾကက္သြန္ျဖဴမွာ ဗီတာမင္ A,B, C ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အသည္းရဲ႕ လုပ္ ငန္းေဆာင္ တာေတြကို အေထာက္အကူျပဳပါတယ္။ အသည္းအဆီ ဖုံးတာကိုလည္း ကာ ကြယ္ ေပးပါတယ္။

အ ခ်ိန္ ေပး ဖတ္ရႈ တဲ့ ပရိတ္ သတ္ မ်ား ကို ေက်းဇူး အထူ ပဲ တင္ ရွိ ပါသည္။

ေမတၱာမ်ားစြာျဖင့္

Source : MyFood Myanmar

About the author

Aung Lay

Leave a Comment