ၾကားသိရသမ်ွ


Written by Aung Lay

ယနေ့တွင်ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏ သား အမွေ ၉.၆ ဘီလီယံကို စွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူအတော်ကို လေးစားထိုက်သူတစ်ဦးပါ။

ဘာကြောင့်လဲဆိုတော့ မိဘချမ်းသာကြွယ်ဝမှုအပေါ် မပျော်မွေ့လိုတော့တာကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းအဖြစ် ခံယူလိုက်သူ တစ်ယောက်ပါ။

နာမည်ကတော့ Ajahn Siripanno ဖြစ်ပြီး အဖေလုပ်သူ Ananda Krishnan သူဌေးကြီးဆီက ချမ်းသာကြွယ်ဝမှုတွေ အမွေတွေ မယူတော့ဘဲ ရဟန်းဝတ်သွားတာ ဖြစ်ပါတယ်။

Ajahn Siripanno ဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းပြီးထားသူတစ်ဦးဖြစ်ပြီး ဘာသာစကားပေါင်း ၈ မျိုးကို တတ်ကျွမ်းသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဖခင် Krishnan မှာလည်း မလေးရှားနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံးဖြစ်တဲ့အပြင် ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးတွေရဲ့စာရင်းကို ဖော်ပြပေးတဲ့ Frobes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ သူဌေးတစ်ယောက် ဖြစ်ပါတယ်။

Krishnan ရဲ့ ချမ်းသာမှုဟာ ဒေါ်လာ ၉.၆ ဘီလီယံ ရှိပြီး သားဖြစ်သူ Siripanno အတွက် အမွေလည်း ဖြစ်ပါတယ်။

Siripanno ရဲ့ အမေဖြစ်သူမှာ ထိုင်းလူမျိုးဖြစ်ပြီး မွေးချင်း ၃ – ယောက် ရှိပါတယ်။

Siripanno ဟာ မိခင်ဖြစ်သူရဲ့ မွေးရပ်မှာ ရဟန်းအဖြစ် ခံယူပြီး ထိုင်းနိုင်ငံရဲ့ တောစပ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ သတင်းသုံးလျက် ရှိပါတယ်။

Ref: HubPages Crd:မိဘဂုဏ်ရည် ဆရာတော်

Unicode










About the author

Aung Lay

Leave a Comment