ရွ မ္းျပည္နယ္ေတာင္ပိုင္း၊ အင္းေလးေဒသတြင္ ျဖစ္ပြားေနေသာ ၀က္အေကာင္ ၅၀၀ ခန္႔ေသဆံုးခဲ့မႈကို စစ္ေဆးရာ ၀က္အားနည္းေရာဂါအျပင္ အာဖရိက၀က္အျပင္းဖ်ားေရာဂါျဖစ္ေၾကာင္း အတည္ျပဳခ်က္ရရွိသျဖင့္ ၀က္ႏွင့္၀က္ထြက္ပစၥည္း တင္သြင္း၊ သယ္ေဆာင္၊ ေရာင္းခ်ျခင္းကို (၃)လၾကာပိတ္သြားမယ္လုိ႔ သိရပါတယ္။
၀က္ေသဆံုးမႈမ်ားအတြက္ ရြာေပါင္း(၁၇)ရြာကို ေစာင့္ၾကည့္စစ္ေဆးျခင္းျပဳလုပ္ၿပီး သေျပပင္ေက်းရြာတြင္ ေသဆံုးခဲ့သည့္ ၀က္နမူနာမ်ားကို မႏၱေလးသို႔ပို႔ေဆာင္ဓာတ္ခြဲရာ ၀က္အားနည္းေရာဂါ (Porcine Circovirus Type-2 ) ေရာဂါကိုေတြ႕ရွိခဲ့ပါတယ္။
ထပ္မံ၍ ေတာင္တိုေက်းရြာအုပ္စု၊ ဆီဆံုေက်းရြာရွိ တစ္ပိုင္တစ္ႏိုင္ေမြးျမဴေရးမွ နာမက်န္း ၀က္ႏွင့္ ေသဆံုး၀က္တို႔၏ ေသြးနမူနာ/ကိုယ္တြင္းအဂၤါမ်ားကို မႏၱေလးသို႔ပို႔၍ ဓာတ္ခြဲစစ္ေဆးရာတြင္ အာဖရိက၀က္အျပင္းဖ်ားေရာဂါဗိုင္းရပ္စ္ပိုး၏ မ်ိဳးရိုးဗီဇကို စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္တယ္လုိ႔ သိရပါတယ္။
အဲဒါေၾကာင့္ ေရာဂါထိန္းခ်ဳပ္ေရး လုပ္ထံုးလုပ္နည္းမ်ားအရ ကမၻာ့တိရိစာၦန္က်န္းမာေရး(OIE) သုိ႔ အစီရင္ခံစာေပးပို႔ခဲ့ေၾကာင္း၊ ေညာင္ေရႊၿမိဳ႕နယ္တြင္ ေရာဂါထိန္းခ်ဳပ္ေရး အစီအမံမ်ား၊ ေဆာင္ရြက္ျခင္းႏွင့္ (၃)လခန္႔ ေရာဂါေစာင့္ၾကည့္စစ္ေဆးျခင္း လုပ္ငန္းမ်ားကို စနစ္တက် ဆက္လက္ေဆာင္ရြက္သြားမယ္လုိ႔ သိရပါတယ္။
“အာဖရိက၀က္ အျပင္းဖ်ားေရာဂါအတြက္ လုပ္ထံုးလုပ္နည္းမ်ားအတိုင္း ေဆးခတ္တာ၊ သန္႔ရွင္းေရးျပဳလုပ္တာ၊ အခိ်န္မီသတင္းပို႔တာေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ေရာဂါအေျခအေနအေပၚမွာ တစ္လၾကာဆန္းစစ္မွဳ ဆိုတာမ်ိဳးလုပ္ေဆာင္ၿပီး ေရာင္းခ်တာကို ေျဖေလ်ာ့သြားႏိုင္ေပမယ့္ တင္သြင္း/သယ္ေဆာင္တာကိုေတာ့ (၃)လကန္႔သတ္မွာ ျဖစ္ပါတယ္” ဟု ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ေဒါက္တာေအာင္မင္းထြန္းက ေျပာပါတယ္။
လက္ရွိအခ်ိန္အထိ အင္ေလးေဒသတြင္ ၀က္ေကာင္ေရ ၄၉၅ ေကာင္ေသဆံုးခဲ့ၿပီး က်န္းမာေရး၀န္ထမ္းမ်ားက ေက်းရြာအုပ္စု ၂၄ အုပ္စု၊ ေက်းရြာေပါင္း ၁၃၅ ရြာကို စစ္ေဆးေဆာင္ရြက္ခဲ့ၿပီးျဖစ္တယ္လုိ႕ သိရပါတယ္။
ယင္းေရာဂါမွာ ထိေရာက္ေသာ ကုသေဆးမရွိေသးေၾကာင္းနွင့္ လူသို႔ကူးစက္ျခင္းမရွိ ေၾကာင္းလည္း သိရပါတယ္။ ေရာဂါေၾကာင့္ ျပည္နယ္ အာဖရိက၀က္အျပင္းဖ်ားေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ေကာ္မတီက ေညာင္ေရႊၿမိဳ႕နယ္ႏွင့္ ဆက္စပ္ေနသည့္ ၿမိဳ႕နယ္မ်ားသို႔ပါ ဇြန္လ ၁ ရက္ေန႔မွစတင္၍ ကန္႔သတ္ပိတ္ပင္ထားခဲ့တယ္လုိ႔ သိရပါတယ္။
Unicode
ရှ မ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ဖြစ်ပွားနေသော ဝက်အကောင် ၅၀၀ ခန့်သေဆုံးခဲ့မှုကို စစ်ဆေးရာ ဝက်အားနည်းရောဂါအပြင် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ကြောင်း အတည်ပြုချက်ရရှိသဖြင့် ဝက်နှင့်ဝက်ထွက်ပစ္စည်း တင်သွင်း၊ သယ်ဆောင်၊ ရောင်းချခြင်းကို (၃)လကြာပိတ်သွားမယ်လို့ သိရပါတယ်။
ဝက်သေဆုံးမှုများအတွက် ရွာပေါင်း(၁၇)ရွာကို စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ပြီး သပြေပင်ကျေးရွာတွင် သေဆုံးခဲ့သည့် ဝက်နမူနာများကို မန္တလေးသို့ပို့ဆောင်ဓာတ်ခွဲရာ ဝက်အားနည်းရောဂါ (Porcine Circovirus Type-2 ) ရောဂါကိုတွေ့ရှိခဲ့ပါတယ်။
ထပ်မံ၍ တောင်တိုကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာရှိ တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ နာမကျန်း ဝက်နှင့် သေဆုံးဝက်တို့၏ သွေးနမူနာ/ကိုယ်တွင်းအင်္ဂါများကို မန္တလေးသို့ပို့၍ ဓာတ်ခွဲစစ်ဆေးရာတွင် အာဖရိကဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ရောဂါထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းများအရ ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေး(OIE) သို့ အစီရင်ခံစာပေးပို့ခဲ့ကြောင်း၊ ညောင်ရွှေမြို့နယ်တွင် ရောဂါထိန်းချုပ်ရေး အစီအမံများ၊ ဆောင်ရွက်ခြင်းနှင့် (၃)လခန့် ရောဂါစောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
“အာဖရိကဝက် အပြင်းဖျားရောဂါအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆေးခတ်တာ၊ သန့်ရှင်းရေးပြုလုပ်တာ၊ အချိန်မီသတင်းပို့တာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ရောဂါအခြေအနေအပေါ်မှာ တစ်လကြာဆန်းစစ်မှု ဆိုတာမျိုးလုပ်ဆောင်ပြီး ရောင်းချတာကို ဖြေလျော့သွားနိုင်ပေမယ့် တင်သွင်း/သယ်ဆောင်တာကိုတော့ (၃)လကန့်သတ်မှာ ဖြစ်ပါတယ်” ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်မင်းထွန်းက ပြောပါတယ်။
လက်ရှိအချိန်အထိ အင်လေးဒေသတွင် ဝက်ကောင်ရေ ၄၉၅ ကောင်သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၁၃၅ ရွာကို စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ယင်းရောဂါမှာ ထိရောက်သော ကုသဆေးမရှိသေးကြောင်းနှင့် လူသို့ကူးစက်ခြင်းမရှိ ကြောင်းလည်း သိရပါတယ်။ ရောဂါကြောင့် ပြည်နယ် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီက ညောင်ရွှေမြို့နယ်နှင့် ဆက်စပ်နေသည့် မြို့နယ်များသို့ပါ ဇွန်လ ၁ ရက်နေ့မှစတင်၍ ကန့်သတ်ပိတ်ပင်ထားခဲ့တယ်လို့ သိရပါတယ်။