ၾကားသိရသမ်ွ

သီတဂူဆရာတော်ဘုရားကြီးထံ ပုပ်ရဟန်းမင်းကြီး၏(ကိုယ်စား)ပေးပို့လာတဲ့ ကျေးဇူးတင်လွှာ

Written by Aung Lay

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ဘုရားႀကီးကို ေပးပို႔လာတဲ့ ပုပ္ရဟန္းမင္းႀကီး၏(ကိုယ္စား)ေပးပို႔လာေသာေက်းဇူးတင္လႊာ (ျမန္မာျပန္) ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္…

ေလးစားၾကည္ညိဳရပါေသာ သီတဂူဆရာေတာ္ႀကီးဘုရား…

COVID-19 ကပ္ေရာဂါ ျဖစ္ပြားရာကာလအတြင္းမွာ မရွိမျဖစ္ အသုံးဝင္လွသည့္ ၾကက္သြန္၊ စားသုံးဆီဗူး ၁၀၀၊ ဆန္အိတ္ ၁၀၀ တို႔ကို မႏၲေလးရွိ ခရစ္ယာန္အသင္းေတာ္ဝင္တို႔အား ရက္ေရာစြာ ေပးလႉဒါန္းခဲ့ေၾကာင္းကို မႏၲေလးၿမိဳ႕မွ ဘုန္းေတာ္ႀကီး မာကို တင္ဝင္း ေျပာျပလို႔ တပည့္ေတာ္ ၾကားသိရပါသည္။

ဒါ့အျပင္ COVID-19 ဆိုး႐ြားစြာ ခံစားရသူတို႔ကို အကူအညီေပးရန္ ပုပ္ရဟန္းမင္းႀကီး ဖရန႔္စစ္ တည္ေထာင္သည့္ အေရးေပၚ ရံပုံေငြအတြက္ အေဆြေတာ္ အရွင္ဘုရား ရက္ေရာစြာ ေစတနာနဲ႔ လႉဒါန္းသည့္ အေမရိကန္ ေဒၚလာ – ၁၀,၀၀၀ အတြက္လည္း က်ေနာ္မ်ိဳး အထူးေက်းဇူးတင္ရွိပါေၾကာင္း ေျပာပါရေစဘုရား။

မႏၲေလးရွိ ခရိယာန္ဘာသာဝင္ အဖြဲ႕အစည္းမ်ားအေပၚ ႏွင့္ ပုပ္ရဟန္းမင္းႀကီးမွ တဆင့္ ေပးအပ္သည့္ အကူအညီလိုအပ္ေနသည့္ တစ္ကမာၻလုံးရွိသူ လူသားမ်ားအေပၚ အေဆြေတာ္ အရွင္ဘုရားထားရွိသည့္ ကာယကံေျမာက္ က႐ုဏာ အလႉေတာ္တို႔ေၾကာင့္ အေဆြေတာ္ အရွင္ဘုရားကို က်ေနာ္မ်ိဳး အထူးေလးစားၾကည္ညိဳရပါသည္ဘုရား။

အေဆြေတာ္ အရွင္ဘုရား၏ ျမင့္ျမတ္တဲ့ အလႉဒါနေၾကာင့္ က်ေနာ္မ်ိဳးတို႔၏ ျမင့္ျမတ္တဲ့ ပုပ္ရဟန္းမင္းႀကီးလည္း အေဆြေတာ္ အရွင္ဘုရားကို အထူးေလးစားၾကည္ညိဳမိမွာ ေသခ်ာပါသည္ဘုရား။

အေဆြေတာ္ အရွင္ဘုရား၏ စိတ္ေကာင္း ႏွလုံးေကာင္းႏွင့္ အကူအညီေပးမႈမ်ားအတြက္ အထူးေက်းဇူးတင္ပါေၾကာင္း ေျပာၾကားလိုပါသည္ဘုရား။ အေဆြေတာ္ အရွင္ဘုရားႏွင့္အတူ က်ေနာ္မ်ိဳးလည္း တစ္ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါႀကီး အျမန္ဆုံး ခ်ဳပ္ၿငိမ္းပါေစလို႔ ဘုရားထံမွာ ဆုေတာင္းပါတည္ဘုရား။

အေဆြေတာ္ အရွင္ဘုရားလည္း လိုရာဆႏၵျပည့္ဝၿပီး က်န္းမာခ်မ္းသာပါေစ။ ဗုဒၶသာသနာေတာ္ျမတ္ႀကီး ေနလို လလို ထြန္းေတာက္ပေအာင္ ေဆာင္႐ြက္ႏိုင္ပါေစ။ အေဆြေတာ္ အရွင္ဘုရား၏ ေဆြမ်ိဳးမိတ္သဂၤဟမ်ားႏွင့္ အေဆြေတာ္၏ အဖြဲ႕အစည္းဝင္အားလုံး အႏၲရာယ္ကင္း ေဘးရွင္းပါေစ၊ ေပ်ာ္႐ႊင္၊ က်န္းမာပါေစေၾကာင္း က်ေနာ္မ်ိဳး တပည့္ေတာ္ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္ဘုရား။

ခ်စ္ခင္ေလးစားစြာျဖင့္…ဘုန္းေတာ္ႀကီး ေပၚ တေခ်ာင္ အင္ နန္…ဘန္ေကာက္၊ ၂၄၊ ဧၿပီလ၊ ၂၀၂၀။ Remark – မူရင္းအဂၤလိပ္စာဖိုင္ကို ဓါတ္ပုံတြင္ၾကည့္ရႈပါ။ Ashin Visuta (သီတဂူအရွင္ဝိသုတ)မွဆီေလွ်ာ္စြာဘာသာျပန္သည္။

Credit : Jeeptoolay , Source ; သီတဂူဆရာေတာ္ဓမၼသဘင္ – LIVE

Unicode

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးကို ပေးပို့လာတဲ့ ပုပ်ရဟန်းမင်းကြီး၏(ကိုယ်စား)ပေးပို့လာသောကျေးဇူးတင်လွှာ (မြန်မာပြန်) လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

လေးစားကြည်ညိုရပါသော သီတဂူဆရာတော်ကြီးဘုရား…

COVID-19 ကပ်ရောဂါ ဖြစ်ပွားရာကာလအတွင်းမှာ မရှိမဖြစ် အသုံးဝင်လှသည့် ကြက်သွန်၊ စားသုံးဆီဗူး ၁၀၀၊ ဆန်အိတ် ၁၀၀ တို့ကို မန္တလေးရှိ ခရစ်ယာန်အသင်းတော်ဝင်တို့အား ရက်ရောစွာ ပေးလှူဒါန်းခဲ့ကြောင်းကို မန္တလေးမြို့မှ ဘုန်းတော်ကြီး မာကို တင်ဝင်း ပြောပြလို့ တပည့်တော် ကြားသိရပါသည်။

ဒါ့အပြင် COVID-19 ဆိုးရွားစွာ ခံစားရသူတို့ကို အကူအညီပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် တည်ထောင်သည့် အရေးပေါ် ရံပုံငွေအတွက် အဆွေတော် အရှင်ဘုရား ရက်ရောစွာ စေတနာနဲ့ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ – ၁၀,၀၀၀ အတွက်လည်း ကျနော်မျိုး အထူးကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေဘုရား။

မန္တလေးရှိ ခရိယာန်ဘာသာဝင် အဖွဲ့အစည်းများအပေါ် နှင့် ပုပ်ရဟန်းမင်းကြီးမှ တဆင့် ပေးအပ်သည့် အကူအညီလိုအပ်နေသည့် တစ်ကမ္ဘာလုံးရှိသူ လူသားများအပေါ် အဆွေတော် အရှင်ဘုရားထားရှိသည့် ကာယကံမြောက် ကရုဏာ အလှူတော်တို့ကြောင့် အဆွေတော် အရှင်ဘုရားကို ကျနော်မျိုး အထူးလေးစားကြည်ညိုရပါသည်ဘုရား။

အဆွေတော် အရှင်ဘုရား၏ မြင့်မြတ်တဲ့ အလှူဒါနကြောင့် ကျနော်မျိုးတို့၏ မြင့်မြတ်တဲ့ ပုပ်ရဟန်းမင်းကြီးလည်း အဆွေတော် အရှင်ဘုရားကို အထူးလေးစားကြည်ညိုမိမှာ သေချာပါသည်ဘုရား။

အဆွေတော် အရှင်ဘုရား၏ စိတ်ကောင်း နှလုံးကောင်းနှင့် အကူအညီပေးမှုများအတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်ဘုရား။ အဆွေတော် အရှင်ဘုရားနှင့်အတူ ကျနော်မျိုးလည်း တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး အမြန်ဆုံး ချုပ်ငြိမ်းပါစေလို့ ဘုရားထံမှာ ဆုတောင်းပါတည်ဘုရား။

အဆွေတော် အရှင်ဘုရားလည်း လိုရာဆန္ဒပြည့်ဝပြီး ကျန်းမာချမ်းသာပါစေ။ ဗုဒ္ဓသာသနာတော်မြတ်ကြီး နေလို လလို ထွန်းတောက်ပအောင် ဆောင်ရွက်နိုင်ပါစေ။ အဆွေတော် အရှင်ဘုရား၏ ဆွေမျိုးမိတ်သင်္ဂဟများနှင့် အဆွေတော်၏ အဖွဲ့အစည်းဝင်အားလုံး အန္တရာယ်ကင်း ဘေးရှင်းပါစေ၊ ပျော်ရွှင်၊ ကျန်းမာပါစေကြောင်း ကျနော်မျိုး တပည့်တော် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။

ချစ်ခင်လေးစားစွာဖြင့်…ဘုန်းတော်ကြီး ပေါ် တချောင် အင် နန်…ဘန်ကောက်၊ ၂၄၊ ဧပြီလ၊ ၂၀၂၀။ Remark – မူရင်းအင်္ဂလိပ်စာဖိုင်ကို ဓါတ်ပုံတွင်ကြည့်ရှုပါ။ Ashin Visuta (သီတဂူအရှင်ဝိသုတ)မှဆီလျှော်စွာဘာသာပြန်သည်။

Credit : Jeeptoolay , Source ; သီတဂူဆရာတော်ဓမ္မသဘင် – LIVE

About the author

Aung Lay

Leave a Comment