မပြောချင်ပေမယ့်လည်း ပြောရဦးမယ်။ မိန်းမလှကျွန်းဒေသမှာ မိကျောင်းတွေ ရှင်သန်ကျက်စားနေခဲ့တာ ဟိုး ပဝေဏသီ ကတည်းက သူ့ သဘာဝ အတိုင်းနေခဲ့ကြတာ။ နောက်ပိုင်းမှ လူနေထူထပ်ပြီး လူတွေကရောက်လာကြတာ။ မိကျောင်းဆိုတာ မိတ်လိုက်ချိန်ရှိတယ်။ ဥဥချိန်ရှိတယ် ။ သားပေါက်ချိန်ရှိတယ်။ သက်ဆိုင်ရာ ဝန်းကျင်သားငှက်ဌာန ကလည်း ပညာပေး ဟောပြောပွဲတွေ မိတ်လိုက်ရာသီ March / April / May စကတည်းက ရွာတွေထိဆင်းပြီး ဟောပြော ပွဲလုပ်တယ်။
ပုံမှန်ဆို ဧက ၃၃၇၇၉ ရှိတဲ့ ဒီကျွန်းကြီးထဲမှာ သဘာဝကပေးထားတဲ့ Ecosystem ကောင်းမွန်မှု့ကြောင့် ကျွန်းထဲမှာ ကျက်စားနေထိုင်ကြတဲ့ မိကျောင်းအထီးတွေရော အမတွေရော က ကျွန်းထဲကနေ အပြင်မထွက်ဘူး။ အဲ သူတို့ မိတ်လိုက် ရာသီဆို အမ တွေကလည်း နန့်ပြီး ကြုံရာချောင်းတွေ လျှောက်ထွက် နောက်က အထီးတွေက ပိုးပန်းလိုက်ကြ။ ရိုးရိုးလေး တွေးကြည့်ရင် ကျွန်းထဲနေတဲ့အချိန် ကောင်းမွန်လုံလောက်တဲ့ ဒီရေတောတွေရှိတော့ အစာမရှားဘူးပေါ့။ ခုလို မိတ်လိုက် ချိန် ကျွန်းပြင်ထွက်တော့ သူတို့က တွေ့တဲ့ရွာ နွား ဝက် ဘဲ ကျွဲစတာတွေကို လစ်ရင် လစ်သလို တက်ဆွဲကြတယ်။ အစာ ရှားတာရယ် ကိုယ်လိုက်နေတဲ့ ပိုးပန်းနေတဲ့ မိကျောင်းမ သဘောကျဖို့ရယ်အစွမ်းပြကြတယ်ပေါ့။
မိချောင်းကိုက်ခံရတဲ့ လူအများစုကို လေ့လာကြည့်တဲ့အခါ ဒီအချက်တွေကို သွားတွေ့တယ်။၁။ အလုပ်တခုကို အချိန်တခု သတ်သတ်မှတ်မှတ်ထားပြီး ရေစပ်မှာ လုပ်တဲ့သူတွေ၂။ ဘဲစာ အချိန်မှန်ကျွေးမယ် ဥပမာ ညနေ၅နာရီဆို ဘဲစာကျွေးနေကြလူ မြစ်ကမ်းနားမှာနေတဲ့သူ၃။ မိကျောင်းတွေနေတဲ့ အရပ်မှာ ရိုးရာယုံကြည်မှုကို အားကိုးပြီး ရေထဲဆင်းလမ်းလျှောက်ပြီး ကမ်းနားတလျှောက် ပိုက်ထောင်တဲ့ “ဘဝင်း” ငါးဖမ်းနည်းနဲ့ ငါးဖမ်းတဲ့သူ
၄။ မိန်းမလှကျွန်းထဲ ခိုးဝင်ပြီး ချောင်းငယ် မြောင်းငယ်များအကြား ဂဏန်းထောင်သူ သစ်ခိုးခုတ်သူ၅။ လှေပေါ်ကနေ ရေထဲ ခြေထောက်ချပြီး ရေကို ခြေထောက်နဲ့ ယက်ပြီး ခြေဆေးတဲ့သူ။အဲ့ ၅မျိုးက လွဲရင် ကျန်တဲ့ သူ လှေပေါ် ထိုင်နေတဲ့သူကို မိချောင်းတက်ဆွဲဖူးလား ခင်ဗျားတို့ဖြေပါ။ Crocodylus Porosus လို့ ခေါ်တဲ့ ငမိုးရိပ်မိကျောင်းမျိုးဟာ ကမ္ဘာမှာ ဒေါသအကြီးဆုံး ၊အန္တရာယ်အပြုဆုံး ၊ အရက်စက်ဆုံးပါ။ မိကျောင်းသားရေ ဈေးကွက်မှာလည်း ဈေးအကြီးဆုံး သားရေ အရည်အသွေးပိုင်ဆိုင်ထားတဲ့ မိကျောင်းမျိုးပါ။
ကျွန်တော် ဒီကျွန်းထဲကို နိုင်ငံခြားသား ဧည့်သည် ထောင်ချီနဲ့ အခေါက်ပေါင်းမရေတွက်နိုင်အောင် ရောက်ခဲ့ လည်ခဲ့ ကျင်လည်ခဲ့ပါတယ်။ အန္တရာယ်များသလို စိတ်လှုပ်ရှားစရာ အလွန်ကောင်းသလို နေတတ်ရင် ဘေးကင်းပါတယ်။ အဓိက က ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ သားရဲတိရိစ္ဆာန်တွေရဲ့ စရိုက် အမူအကျင့်ကို နားလည်လေ့လာထားဖို့ပါ။ ကျွန်တော့် မျက်စိရှေ့တင် ကိုက်ခံခဲ့ ရတာကိုလည်း တွေ့ဖူးတာ ခနခနပါ။ တခါတလေ အကိုက်ခံရပြီး အပြင်ကိုသတင်းမရောက်လို့ မသိလိုက်ရတာတွေ ဒုနဲ့ဒေးပါ။
တိရိစ္ဆာန်သည် တိရိစ္ဆာန်လောက်ပဲ အသိတရားရှိမှာပါ။ လူဆိုတာ သတ္တဝါတွေထဲမှာ အသိဉာဏ်အမြင့်မားဆုံးပါ။ မိချောင်းတိုက်ခိုက်ခံရတဲ့ လူတော်တော်များများကြည့်ရင် အပေါ်၅ချက်ကြောင့်ပါ။ တခါတလေ မိကျောင်းက ချောင်းထဲမှာ အကောင်လိုက်ကြီးဖော်ကူးနေတာကို ကမ်းစပ်ရေထဲမှာ ပိုက်ချနေကြတာ မမြင်ချင်မှ အဆုံးပါ။ အန္တရာယ်မရှိဘူးလို့ ရူးရူး မိုက်မိုက်ယုံကြည်တတ်တဲ့ လူက သက်သက်တစုရှိနေတာ အသေချာပါပဲ။ သတိတချက်လစ်ရင် မှားတဲ့ကောင် ခံကြေးပါ။
ကျွန်တော့် Tour သွားတဲ့ အချိန် တခါတလေ သူတို့ကို အနားထိကပ်ပြီး ၆ ပေလောက်ပဲဝေးတဲ့နေရာကနေ စိမ်ပြေနပြေ ကြည့်ပါတယ်။ မှန်ပါတယ် ။ အန္တရာယ်များပါတယ်။ အသားလွတ်တော့ ဒုက္ခမပေးပါ။ ကိုယ်ကြည့်တဲ့နေရာရယ် သူတို့ ရှိနေတဲ့ နေရာရယ် သူတို့ပြန်ဆင်းရမယ့် လမ်းကြောင်းရယ် သိရင် အဆင်ပြေပါတယ်။ သူ့ပြေးပေါက်ပိတ်ရပ်ရင်တော့ ကံပေါ့။ မိချောင်းဟာ သူ့အစာတခုကို ချောင်းမြောင်းဖို့ ၃ရက် ၄ရက် သေချာစောင့်ကြည့်လေ့လာပြီး ပိုင်ပြီဆိုမှ တိုက်ခိုက် ပါတယ်။
တချို့ Tour Company တွေ ကြုံရာ Guide နဲ့ ဒီခရီးစဉ်ကို လွှတ်ကြပါတယ်။ တော်တော်အံ့သြရပါတယ်။ တောအုပ် တောခေါင်း တယောက်အမြဲပါတယ် ဆိုပေမယ့် အရေးကြုံရင် လူတိုင်း ကိုယ့်အသက်အတွက်ပဲ ကြည့်ကြမှာပါ။ ငြင်းလို့ မရပါဘူး။ လိုက်လာတဲ့ Guide ဟာ နယ်မြေကျွမ်းရပါတယ်။ ရေချိန်ကြည့်တတ် တွက်တက်ရပါတယ်။ နယ်မြေမကျွမ်းလို့ လမ်းမှားရင် ၆နာရီပြန်စောင့်ပေတော့ပဲ။ တချို့ချောင်းတွေက ရေကျချိန်ဆို ရေလုံးဝမရှိတော့ပဲ လှေကြီးဒီတိုင်းတင်နေရင် အန္တရာယ်ဆိုတာ ဂျိုမပါပါဘူး။ ကိုယ်ခေါ်တဲ့ စက်လှေသမားက အထာမနပ်ရင် သွားမောကြီးဖြစ်မယ့် ခရီးဖြစ်မယ့်အပြင် အန္တရာယ်ထဲ ဆင်းလိုက်သလိုပါပဲ။ တချို့ Tour တွေဆို ၄ရက်လောက်နေပြီး ဘာမိကျောင်းမှ မတွေ့ကြပါဘူး။ ရှင်းပါ တယ်။ နယ်မြေမကျွမ်းရင် ဆုံးဖြတ်ချက်မှားရင် အောင်မြင်တဲ့ ခရီးစဉ်တခု မဖြစ်နိုင်ပါဘူး။
ဒီတော့ သိထားရမှာက မိကျောင်းဟာ ငါး ပုဇွန် တွေထက် နို့တိုက်သတ္တဝါတွေကို စားရတာ ပိုနှစ်သက်ပါတယ်။ Mammal တခါစားပြီးရင် တနှစ်လောက် အစာမစားပဲ အေးဆေး နေနိုင်လို့ပါ။ နို့တိုက်သတ္တဝါသည် အန္တရာယ်ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။ ခု မိန်းမလှကျွန်းပတ်ဝန်းကျင်မှာ ရွာပေါင်း ၅၀ကျော် ရှိနေပြီး တနှစ်ကို ၃ ယောက် ၄ယောက် မိကျောင်း အကိုက်ခံရလို့ သေပါတယ်။ မိကျောင်းဟာ သူ့လက်၂ဖက် ထောက်လို့ရတဲ့ အနေထားမျိုးမှာ အန္တရာယ်တော်တော်ကြီးပါတယ်။ ရေထဲမှာ သွားနေချိန်ထက် ကမ်းစပ်တဝက် ရေတဝက်ရှိနေချိန်ဟာ Ready to fight ပါ။ ပြေးရင် လေးဘက်ထောက်ပြီး ပြေးနိုင်ပြီး ခွေးတောင်မလွတ်ပါဘူး။ သူ့ရဲ့ ကိုက်ခဲခံရအပြီး ဆွဲရမ်းလှုပ်ခါနိုင်တဲ့ ပြင်းအားဟာ နွားတကောင်ကိုတောင်တစစီ ဖြစ်သွား စေနိုင်ပါတယ်။ လူကတော့ ထည့်မပြောတော့ပါ။
အဲ့တော့ သွားသတိ လာသတိ စားသတိနေရမှာပါ။ ရေဘယ်လောက်တိမ်တိမ် မပေါ့ဆသင့်ပါ ။ မမြင်ရလို့လည်း မရှိဘူးလို့ မပြောနိုင်ပါ။ ငမိုးရိပ်မိကျောင်းမျိုးဟာ ပေ၂၀ကျော်ခန့်ထိ ကြီးမားကြလို့ အန္တရာယ်အလွန်ကြီးပါတယ်။ မျက်စိရှေ့မှာတင် ဘာမှ မလုပ်နိုင်ပဲ ကြည့်နေခဲ့ရတဲ့ အခိုက်တန့်တွေ အများကြီးပါ။အဲ့တော့ မိန်းမလှကျွန်းနဲ့နီးတဲ့ဒေသမှာ နေထိုင်ကြသောမိတ်ဆွေများ ရေနဲ့နီးစပ်တဲ့အလုပ် လုပ်ကိုင်နေကြသူများ “အသိ” နဲ့ “သတိ” ကို ယှဉ်တွဲထားပါ။ အသက်ကို ဉာဏ်စောင့်ပါတယ်။ ဖြစ်လာမှ ဘာမှမလုပ်တတ်ပါ။ ဘယ်သူမှ မကယ်နိုင်ပါ။ ဒီတိုင်းသွားနေရင် လှေကိုအမြီးနဲ့ရိုက်ချပြီး အန္တရာယ်ပြုတာတို့ အောက်ကနေပင့်ပြီး လှေမှောက်အောင်လုပ်တာတို့ တခါမှ မကြားခဲ့ မကြုံခဲ့ဖူးပါ။ လူကို တက်နိုင်သမျှ ရှောင်ပါတယ်။
မိန်းမလှကျွန်းအနီးနေထိုင်ကြသော ကျွန်တော့်မိတ်ဆွေအပေါင်းအသင်းများ အန္တရာယ်ကင်းရှင်းပြီး အသက်ကို စောင့်ရှောက်အပ်သည့် ဉာဏ်အသိတရားများရှိကြပါစေ။
လေးစားစွာဖြင့် စိုးမိုးအောင် (ဧည့်လမ်းညွှန်)
Zawgyi
မေျပာခ်င္ေပမယ့္လည္း ေျပာရဦးမယ္။ မိန္းမလွကြၽန္းေဒသမွာ မိေက်ာင္းေတြ ရွင္သန္က်က္စားေနခဲ့တာ ဟိုး ပေဝဏသီ ကတည္းက သူ႔ သဘာဝ အတိုင္းေနခဲ့ၾကတာ။ ေနာက္ပိုင္းမွ လူေနထူထပ္ၿပီး လူေတြကေရာက္လာၾကတာ။ မိေက်ာင္းဆိုတာ မိတ္လိုက္ခ်ိန္ရွိတယ္္။ ဥဥခ်ိန္ရွိတယ္ ။ သားေပါက္ခ်ိန္ရွိတယ္။ သက္ဆိုင္ရာ ဝန္းက်င္သားငွက္ဌာန ကလည္း ပညာေပး ေဟာေျပာပြဲေတြ မိတ္လိုက္ရာသီ March / April / May စကတည္းက ႐ြာေတြထိဆင္းၿပီး ေဟာေျပာ ပြဲလုပ္တယ္။
ပံုမွန္ဆို ဧက ၃၃၇၇၉ ရွိတဲ့ ဒီကြၽန္းႀကီးထဲမွာ သဘာဝကေပးထားတဲ့ Ecosystem ေကာင္းမြန္မႈ့ေၾကာင့္ ကြၽန္းထဲမွာ က်က္စားေနထိုင္ၾကတဲ့ မိေက်ာင္းအထီးေတြေရာ အမေတြေရာ က ကြၽန္းထဲကေန အျပင္မထြက္ဘူး။ အဲ သူတို႔ မိတ္လိုက္ ရာသီဆို အမ ေတြကလည္း နန္႔ၿပီး ႀကံဳရာေခ်ာင္းေတြ ေလ်ွာက္ထြက္ ေနာက္က အထီးေတြက ပိုးပန္းလိုက္ၾက။ ရိုးရိုးေလး ေတြးၾကည့္ရင္ ကြၽန္းထဲေနတဲ့အခ်ိန္ ေကာင္းမြန္လံုေလာက္တဲ့ ဒီေရေတာေတြရွိေတာ့ အစာမရွားဘူးေပါ့။ ခုလို မိတ္လိုက္ ခ်ိန္ ကြၽန္းျပင္ထြက္ေတာ့ သူတို႔က ေတြ႕တဲ့႐ြာ ႏြား ဝက္ ဘဲ ကြၽဲစတာေတြကို လစ္ရင္ လစ္သလို တက္ဆြဲၾကတယ္။ အစာ ရွားတာရယ္ ကိုယ္လိုက္ေနတဲ့ ပိုးပန္းေနတဲ့ မိေက်ာင္းမ သေဘာက်ဖို႔ရယ္အစြမ္းျပၾကတယ္ေပါ့။
မိေခ်ာင္းကိုက္ခံရတဲ့ လူအမ်ားစုကို ေလ့လာၾကည့္တဲ့အခါ ဒီအခ်က္ေတြကို သြားေတြ႕တယ္။၁။ အလုပ္တခုကို အခ်ိ္န္တခု သတ္သတ္မွတ္မွတ္ထားၿပီး ေရစပ္မွာ လုပ္တဲ့သူေတြ၂။ ဘဲစာ အခ်ိန္မွန္ေကြၽးမယ္ ဥပမာ ညေန၅နာရီဆို ဘဲစာေကြၽးေနၾကလူ ျမစ္ကမ္းနားမွာေနတဲ့သူ၃။ မိေက်ာင္းေတြေနတဲ့ အရပ္မွာ ရိုးရာယံုၾကည္မႈကို အားကိုးၿပီး ေရထဲဆင္းလမ္းေလ်ွာက္ၿပီး ကမ္းနားတေလ်ွာက္ ပိုက္ေထာင္တဲ့ “ဘဝင္း” ငါးဖမ္းနည္းနဲ႔ ငါးဖမ္းတဲ့သူ
၄။ မိန္းမလွကြၽန္းထဲ ခိုးဝင္ၿပီး ေခ်ာင္းငယ္ ေျမာင္းငယ္မ်ားအၾကား ဂဏန္းေထာင္သူ သစ္ခိုးခုတ္သူ၅။ ေလွေပၚကေန ေရထဲ ေျခေထာက္ခ်ၿပီး ေရကို ေျခေထာက္နဲ႔ ယက္ၿပီး ေျခေဆးတဲ့သူ။အဲ့ ၅မ်ိဳးက လြဲရင္ က်န္တဲ့ သူ ေလွေပၚ ထိုင္ေနတဲ့သူကို မိေခ်ာင္းတက္ဆြဲဖူးလား ခင္ဗ်ားတို႔ေျဖပါ။ Crocodylus Porosus လို႔ ေခၚတဲ့ ငမိုးရိပ္မိေက်ာင္းမ်ိဳးဟာ ကမၻာမွာ ေဒါသအႀကီးဆံုး ၊အႏၲရာယ္္အျပဳဆံုး ၊ အရက္စက္ဆံုးပါ။ မိေက်ာင္းသားေရ ေစ်းကြက္မွာလည္း ေစ်းအႀကီးဆံုး သားေရ အရည္အေသြးပိုင္ဆိုင္ထားတဲ့ မိေက်ာင္းမ်ိဳးပါ။
ကြၽန္ေတာ္ ဒီကြၽန္းထဲကို နိုင္ငံျခားသား ဧည့္သည္ ေထာင္ခ်ီနဲ႔ အေခါက္ေပါင္းမေရတြက္နိုင္ေအာင္ ေရာက္ခဲ့ လည္ခဲ့ က်င္လည္ခဲ့ပါတယ္။ အႏၲရာယ္မ်ားသလို စိတ္လႈပ္ရွားစရာ အလြန္ေကာင္းသလို ေနတတ္ရင္ ေဘးကင္းပါတယ္။ အဓိက က ကိုယ္ေနထိုင္ရာ ပတ္ဝန္းက်င္ရဲ႕ သားရဲတိရိစၦာန္ေတြရဲ႕ စရိုက္ အမူအက်င့္ကို နားလည္ေလ့လာထားဖို႔ပါ။ ကြၽန္ေတာ့္ မ်က္္စိေရွ႕တင္ ကိုက္ခံခဲ့ ရတာကိုလည္း ေတြ႕ဖူးတာ ခနခနပါ။ တခါတေလ အကိုက္ခံရၿပီး အျပင္ကိုသတင္းမေရာက္လို႔ မသိလိုက္ရတာေတြ ဒုနဲ႔ေဒးပါ။
တိရိစၦာန္သည္ တိရိစၦာန္ေလာက္ပဲ အသ္ိတရားရွိမွာပါ။ လူဆိုတာ သတၲဝါေတြထဲမွာ အသိဥာဏ္အျမင့္မားဆံုးပါ။ မိေခ်ာင္းတိုက္ခိုက္ခံရတဲ့ လူေတာ္ေတာ္မ်ားမ်ားၾကည့္ရင္ အေပၚ၅ခ်က္ေၾကာင့္ပါ။ တခါတေလ မိေက်ာင္းက ေခ်ာင္းထဲမွာ အေကာင္လိုက္ႀကီးေဖာ္ကူးေနတာကို ကမ္းစပ္ေရထဲမွာ ပိုက္ခ်ေနၾကတာ မျမင္ခ်င္မွ အဆံုးပါ။ အႏၲရာယ္မရွိဘူးလို႔ ရူးရူး မိုက္မိုက္ယံုၾကည္တတ္တဲ့ လူက သက္သက္တစုရွိေနတာ အေသခ်ာပါပဲ။ သတိတခ်က္လစ္ရင္ မွားတဲ့ေကာင္ ခံေၾကးပါ။
ကြၽန္ေတာ့္ Tour သြားတဲ့ အခ်ိန္ တခါတေလ သူတို႔ကို အနားထိကပ္ၿပီး ၆ ေပေလာက္ပဲေဝးတဲ့ေနရာကေန စိမ္ေျပနေျပ ၾကည့္ပါတယ္။ မွန္ပါတယ္ ။ အႏၲရာယ္မ်ားပါတယ္။ အသားလြတ္ေတာ့ ဒုကၡမေပးပါ။ ကိုယ္ၾကည့္တဲ့ေနရာရယ္ သူတို႔ ရွိေနတဲ့ ေနရာရယ္ သူတို႔ျပန္ဆင္းရမယ့္ လမ္းေၾကာင္းရယ္ သိရင္ အဆင္ေျပပါတယ္။ သူ႔ေျပးေပါက္ပိတ္ရပ္ရင္ေတာ့ ကံေပါ့။ မိေခ်ာင္းဟာ သူ႔အစာတခုကို ေခ်ာင္းေျမာင္းဖို႔ ၃ရက္ ၄ရက္ ေသခ်ာေစာင့္ၾကည့္ေလ့လာၿပီး ပိုင္ၿပီဆိုမွ တိုက္ခိုက္ ပါတယ္။
တခ်ိဳ႕ Tour Company ေတြ ႀကံဳရာ Guide နဲ႔ ဒီခရီးစဥ္ကို လႊတ္ၾကပါတယ္။ ေတာ္ေတာ္အံ့ၾသရပါတယ္။ ေတာအုပ္ ေတာေခါင္း တေယာက္အၿမဲပါတယ္ ဆိုေပမယ့္ အေရးႀကံဳရင္ လူတိုင္း ကိုယ့္အသက္အတြက္ပဲ ၾကည့္ၾကမွာပါ။ ျငင္းလို႔ မရပါဘူး။ လိုက္လာတဲ့ Guide ဟာ နယ္ေျမကြၽမ္းရပါတယ္။ ေရခ်ိန္ၾကည့္တတ္ တြက္တက္ရပါတယ္။ နယ္ေျမမကြၽမ္းလို႔ လမ္းမွားရင္ ၆နာရီျပန္ေစာင့္ေပေတာ့ပဲ။ တခ်ိဳ႕ေခ်ာင္းေတြက ေရက်ခ်ိန္ဆို ေရလံုးဝမရွိေတာ့ပဲ ေလွႀကီးဒီတိုင္းတင္ေနရင္ အႏၲရာယ္ဆိုတာ ဂ်ိဳမပါပါဘူး။ ကိုယ္ေခၚတဲ့ စက္ေလွသမားက အထာမနပ္ရင္ သြားေမာႀကီးျဖစ္မယ့္ ခရီးျဖစ္မယ့္အျပင္ အႏၲရာယ္ထဲ ဆင္းလိုက္သလိုပါပဲ။ တခ်ိဳ႕ Tour ေတြဆို ၄ရက္ေလာက္ေနၿပီး ဘာမိေက်ာင္းမွ မေတြ႕ၾကပါဘူး။ ရွင္းပါ တယ္။ နယ္ေျမမကြၽမ္းရင္ ဆံုးျဖတ္ခ်က္မွားရင္ ေအာင္ျမင္တဲ့ ခရီးစဥ္တခု မျဖစ္နိုင္ပါဘူး။
ဒီေတာ့ သိထားရမွာက မိေက်ာင္းဟာ ငါး ပုဇြန္ ေတြထက္ နို႔တိုက္သတၲဝါေတြကို စားရတာ ပိုနွစ္သက္ပါတယ္။ Mammal တခါစားၿပီးရင္ တနွစ္ေလာက္ အစာမစားပဲ ေအးေဆး ေနနိုင္လို႔ပါ။ နို႔တိုက္သတၲဝါသည္ အႏၲရာယ္ျဖစ္ဖို႔ ပိုနီးစပ္ပါတယ္။ ခု မိန္းမလွကြၽန္းပတ္ဝန္းက်င္မွာ ႐ြာေပါင္း ၅၀ေက်ာ္ ရွိေနၿပီး တနွစ္ကို ၃ ေယာက္ ၄ေယာက္ မိေက်ာင္း အကိုက္ခံရလို႔ ေသပါတယ္။ မိေက်ာင္းဟာ သူ႔လက္၂ဖက္ ေထာက္လို႔ရတဲ့ အေနထားမ်ိဳးမွာ အႏၲရာယ္ေတာ္ေတာ္ႀကီးပါတယ္။ ေရထဲမွာ သြားေနခ်ိန္ထက္ ကမ္းစပ္တဝက္ ေရတဝက္ရွိေနခ်ိန္ဟာ Ready to fight ပါ။ ေျပးရင္ ေလးဘက္ေထာက္ၿပီး ေျပးနိုင္ၿပီး ေခြးေတာင္မလြတ္ပါဘူး။ သူ႔ရဲ႕ ကိုက္ခဲခံရအၿပီး ဆြဲရမ္းလႈပ္ခါနိုင္တဲ့ ျပင္းအားဟာ ႏြားတေကာင္ကိုေတာင္တစစီ ျဖစ္သြား ေစနိုင္ပါတယ္။ လူကေတာ့ ထည့္မေျပာေတာ့ပါ။
အဲ့ေတာ့ သြားသတိ လာသတိ စားသတိေနရမွာပါ။ ေရဘယ္ေလာက္တိမ္တိမ္ မေပါ့ဆသင့္ပါ ။ မျမင္ရလို႔လည္း မရွိဘူးလို႔ မေျပာနိုင္ပါ။ ငမိုးရိပ္မိေက်ာင္းမ်ိဳးဟာ ေပ၂၀ေက်ာ္ခန္႔ထိ ႀကီးမားၾကလို႔ အႏၲရာယ္အလြန္ႀကီးပါတယ္။ မ်က္စိေရွ႕မွာတင္ ဘာမွ မလုပ္နိုင္ပဲ ၾကည့္ေနခဲ့ရတဲ့ အခိုက္တန္႔ေတြ အမ်ားႀကီးပါ။အဲ့ေတာ့ မိန္းမလွကြၽန္းနဲ႔နီးတဲ့ေဒသမွာ ေနထိုင္ၾကေသာမိတ္ေဆြမ်ား ေရနဲ႔နီးစပ္တဲ့အလုပ္ လုပ္ကိုင္ေနၾကသူမ်ား “အသိ” နဲ႔ “သတိ” ကုိ ယွဥ္တြဲဲထားပါ။ အသက္ကို ဥာဏ္ေစာင့္ပါတယ္။ ျဖစ္လာမွ ဘာမွမလုပ္တတ္ပါ။ ဘယ္သူမွ မကယ္နိုင္ပါ။ ဒီတိုင္းသြားေနရင္ ေလွကိုအၿမီးနဲ႔ရိုက္ခ်ၿပီး အႏၲရာယ္ျပဳတာတို႔ ေအာက္ကေနပင့္ၿပီး ေလွေမွာက္ေအာင္လုပ္တာတို႔ တခါမွ မၾကားခဲ့ မႀကံဳခဲ့ဖူးပါ။ လူကို တက္နိုင္သမ်ွ ေရွာင္ပါတယ္။
မိန္းမလွကြၽန္းအနီးေနထိုင္ၾကေသာ ကြၽန္ေတာ့္မိတ္ေဆြအေပါင္းအသင္းမ်ား အႏၲရာယ္ကင္းရွင္းၿပီး အသက္ကို ေစာင့္ေရွာက္အပ္သည့္ ဥာဏ္အသိတရားမ်ားရွိၾကပါေစ။
ေလးစားစြာျဖင့္ စိုးမိုးေအာင္ (ဧည့္လမ္းၫႊန္)