ပရိသတ်ကြီးရေ ပန်းရောင်ခြယ်ကတော့ ငယ်ငယ်ထဲက နိုင်ငံခြားမှာနေလာခဲ့ပေမယ့်လည်း မြန်မာဆန်တဲ့ ဆံကေသာ အရှည်လေးနဲ့ ရိုးရိုးယဉ်ယဉ်လေးတွေဝတ်စားတတ်တဲ့သူလေးပဲ ဖြစ်ပါတယ်။ နိုင်ငံကျော်ပြည်သူ့အချစ်တော် ဂရေဟမ်ရဲ့ သမီးလေး ဖြစ်ပြီး သူမရဲ့စူးရှရှအသံလေးကို အမျိုးသားပရိသတ်တွေကကြွေနေတာပဲ ဖြစ်ပါတယ်။
သူမကို အားပေးတဲ့ယောကျာ်းထုကြီးကတော့ ဖခင်ဖြစ်သူ ဂရေဟမ်ကိုလည်း ” ယောက္ခမ ” လို့ ခေါ်ဆိုနေကြတဲ့ သူတွေအများအပြားပါပဲ။အဖေ့အမွေကိုဆက်ခံတဲ့ မျိုးဆက်သစ်အနုပညာရှင်လေး ဖြစ်ပြီး အဆိုပိုင်းတင်မကဘဲ သရုပ်ဆောင်ပိုင်းကိုပါ ဝါသနာပါသူလေးဖြစ်ပါတယ်။အမျိုးသားပရိသတ်တွေတင် ချစ်ခင်အားပေးကြတာမဟုတ်ဘဲ သူမရဲ့သီချင်းတွေဟာ မိန်းကလေးပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားလေ့ရှိတာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်ဝါသနာပါတဲ့သူမကတော့ CANAL PlUS ရုပ်သံအစီအစဉ်မှာပြသခဲ့တဲ့ ” လိပ်ပြာ ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးလေးအဖြစ် ပါဝင်ထားပါသေးတယ်။ ဒီနေ့မှာသူမတို့မိသားစုလိုက် ကြော်ငြာရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ my dayမှာ ပရိသတ်ကြီးလည်း”ကြော်ငြာအသစ်ထပ်ရိုက်”ဆိုတဲ့စာလေးနဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။ ပရိသတ်ကြီးလည်းပန်းရောင်တို့မိသားစုလေးကိုချစ်ရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source:PanYaungChel’sMy Day
Zawgyi