Knowledge

ဒါတွေဖြစ်နေရင်တော့ ကျိမ်းသေပါပြီ သင်လျှပ်စီးထိပြီး မိုးကြိုးပစ်ခံရပါတော့မယ်

Written by Aung Lay

နားထဲ … စီကနဲ ဝီကနဲ ခေါင်းထဲ … ကျင်ကနဲ

တစ်ကိုယ်လုံး … ဖျဉ်းကနဲ အမွှေးတွေ … မတ်ကနဲ

ဖြစ်သွားပြီလား ?

မျက်စေ့ မြင်ရသေးရင် ဝန်းကျင် တစ်ချက်ကြည့်လိုက်ပါ။

ဖြူကနဲ ပြာကနဲ … မြင်နေရင် အသက်ရှူရ ခက်နေရင် ကျိမ်းသေပါပြီ

လျှပ်စီးထိပြီး မိုးကြိုးပစ်ခံရပါတော့မယ်။

သင် … ပြေးနိုင်ပါသေးလား။ နိုင်ရင် အမိုးတစ်ခုခုအောက် ပြေးဝင်းပါ။ စက္ကန့် ၃၀ လောက် အချိန်ရပါတယ်။

သို့သော် … လှုပ်မရ‌တော့ဖို့ များပါတယ်။

ဒါ့ကြောင့် … ဖနောင့် နှစ်ဖက်ထိပြီး ခြေဖျားထောက် ထိုင်ချလိုက်ပါ။

ခေါင်းကို ရသလောက်ငုံ့ပါ။ လက်နှစ်ဖက်က နားတွေ အတင်း ဖိအုပ်ထားလိုက်ပါ။

လဲမသွားပါစေနဲ့။

လှဲမချ လိုက်ပါနဲ့။

သင့်ကို … မိုးကြိုး ဒဲ့ ပစ်ခံရခြင်းက လွတ်နိုင်ပါ‌သေးတယ်။

မိုးကြိုး အပစ်ခံရတဲ့သတင်း‌တွေ အများကြီးတွေ့နေလို့ ရေးပေးတာပါ။

ကွင်းထီးထီး တောင်ထီးထီး အပင်ထီးထီး တိုင်ထီးထီး

ရေပြင်ကြီးငယ် ပိုက်အသွယ်သွယ် မီးကြိုးမှန်သမျှ ဝေးဝေးရှောင်ကြပါလို့။

ဘေးကင်းကြပါစေ။

Aung Myo Oo

Zawgyi

နားထဲ … စီကနဲ ဝီကနဲ ေခါင္းထဲ … က်င္ကနဲ

တစ္ကိုယ္လုံး … ဖ်ဥ္းကနဲ အေမႊးေတြ … မတ္ကနဲ

ျဖစ္သြားၿပီလား ?

မ်က္ေစ့ ျမင္ရေသးရင္ ၀န္းက်င္ တစ္ခ်က္ၾကည့္လိုက္ပါ။

ျဖဴကနဲ ျပာကနဲ … ျမင္ေနရင္ အသက္ရႉရ ခက္ေနရင္ က်ိမ္းေသပါၿပီ

လွ်ပ္စီးထိၿပီး မိုးႀကိဳးပစ္ခံရပါေတာ့မယ္။

သင္ … ေျပးႏိုင္ပါေသးလား။ ႏိုင္ရင္ အမိုးတစ္ခုခုေအာက္ ေျပး၀င္းပါ။ စကၠန႔္ ၃၀ ေလာက္ အခ်ိန္ရပါတယ္။

သို႔ေသာ္ … လႈပ္မရ‌ေတာ့ဖို႔ မ်ားပါတယ္။

ဒါ့ေၾကာင့္ … ဖေနာင့္ ႏွစ္ဖက္ထိၿပီး ေျခဖ်ားေထာက္ ထိုင္ခ်လိုက္ပါ။

ေခါင္းကို ရသေလာက္ငုံ႔ပါ။ လက္ႏွစ္ဖက္က နားေတြ အတင္း ဖိအုပ္ထားလိုက္ပါ။

လဲမသြားပါေစနဲ႔။

လွဲမခ် လိုက္ပါနဲ႔။

သင့္ကို … မိုးႀကိဳး ဒဲ့ ပစ္ခံရျခင္းက လြတ္ႏိုင္ပါ‌ေသးတယ္။

မိုးႀကိဳး အပစ္ခံရတဲ့သတင္း‌ေတြ အမ်ားႀကီးေတြ႕ေနလို႔ ေရးေပးတာပါ။

ကြင္းထီးထီး ေတာင္ထီးထီး အပင္ထီးထီး တိုင္ထီးထီး

ေရျပင္ႀကီးငယ္ ပိုက္အသြယ္သြယ္ မီးႀကိဳးမွန္သမွ် ေဝးေဝးေရွာင္ၾကပါလို႔။

ေဘးကင္းၾကပါေစ။

Aung Myo Oo

About the author

Aung Lay

Leave a Comment