Cele News

မွေးနေ့မှာ မောင်ဖြစ်သူ ဂျွန်ကိုအ တွက်ရည်စူးပြီး အလှူပြုလုပ်ခဲ့တဲ့ မြသင်းခြယ်

Written by Aung Lay

ဒီနေ့ ဇွန်လ (၁၂)ရက်နေ့လေးကတော့ မြန်မာနိုင်ငံရဲ့ အက်ရှင်မင်းသား နေထူးနိုင်ရဲ့ ဇနီးဖြစ်သူ အဆိုတော် မြသင်းခြယ်ကတော့ မွေးနေ့ကျရောက်တဲ့ ရက်မြတ်နေရက်လေးပဲဖြစ်ပါတယ်။ အဆိုေ တာ် မြသင်းခြယ်ကတော့ ဒီနေ့မွေးနေ့ရက်လေးမှာ မောင်ဖြစ်သူဂျွန်ကိုအတွက် ရည်စူး ပြီး မွေးနေ့အလှူလေးလှူဒါန်းပြုလုပ်ခဲ့ပါတယ်။

အခုလို အလှူလေးပြုလုပ်တဲ့ အကြောင်းကိုတော့ မြသင်းခြယ်က သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာကနေ “မွေးနေ့အလှူလေးကိုတော့ မောင်လေး ဂျွန်ကိုအတွက်ရည် စူးမှုလေးနဲ့ပဲ လှူပါ တယ်။” လို့ မောင်ဖြစ်သူကိုရည်စူးပြီး သံဃာတော်တွေကို သင်္ကန်း၊ အုန်းနို့ခေါက်ဆွဲဆွမ်း၊ ဆေး နဲ့ ဝတ္ထုငွေတွေလှူဒါန်းတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ ဒီနေ့ပြုလုပ်ပေးတဲ့ အလှူလေး ကိုတော့ မောင်ဖြစ်သူ ဂျွန်ကိုတစ်ယောက် သိနိုင်ကြားနိုင်မြင်နိုင်စေဖို့ကိုလည်း မြသင်းခြယ်က တောင်းဆုပြုထားပါသေးတယ်။

မြသင်းခြယ်က ဒီနေ့မွေးနေ့လေးအတွက်မွေးနေ့ဆုတောင်းပေးကြတဲ့ ချစ်ရတဲ့ ပရိသတ်တွေရဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ကျေးဇူးတင်ရှိပါတယ်တဲ့။ ပရိသတ်ကြီးတွေထဲက အဆိုတော်မြသင်းခြယ်ရဲ့ ပရိသတ်တွေအတွက် မြသင်းခြယ်ရဲ့ ဒီနေ့မွေးနေ့အလှူလေးကို သာ ဓုခေါ်လို့ရအောင်မျှဝေဖော်ပြလိုက်ပါတယ်။

Zawgyi




About the author

Aung Lay

Leave a Comment