News

၀မ်းသာစရာ သတင်း မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကို သွေးရည်ကြည်ကုထုံးဖြင့် ကုသရာတွင် ပျောက်ကင်းသူနှစ်ဦးရှိ

Written by Aung Lay

၀မ်းသာစရာ သတင်း မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကို သွေးရည်ကြည်ကုထုံးဖြင့် ကုသရာတွင် ပျောက်ကင်းသူနှစ်ဦးရှိ

မြန် မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ကုသရာတွင် သွေးရည်ကြည်ကုသမှုကို အသုံးပြုနေပြီး ပျောက်ကင်းသူ နှစ်ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောသည်။

ဒီကနေ့ Yangon Journalism School က ပြုလုပ်သည့် “ သတိပြုရတော့မည့် ရာသီတုပ်ကွေး အန္တရာယ်များနှင့် ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေ”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်သက်သာကောင်းမွန်သွားသော ကိုဗစ် – ၁၉ လူနာ၏ သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများအား စမ်းသပ်ကုသနိုင်ရေးအတွက် (Ad hoc) အကြံပေးအဖွဲ့ကို ဧပြီ ၁၆ ရက်တွင် စတင်ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ သွေးရည်ကြည်ကုထုံးတွေပေးနေပါပြီ။ သွေးရည်ကြည်ကုထုံးပေးနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေကို လေးလပိုင်းကတည်းက ဖွဲ့ထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပျောက်ကင်းသူ ၂ ယောက်ရှိပါပြီ။ လက်ရှိကုသမှုပေးနေတာလဲ သုံးယောက်ရှိပါတယ်”ဟု ဒေါက်တာခင်ခင်ကြီး ကပြောသည်။

အဆိုပါ သွေးရည်ကြည်ကုထုံးကို ရောဂါပြင်းထန်သည့်လူနာများတွင် အသုံးပြုကြောင်း ၎င်းကဆက်ပြောသည်။

“ရောဂါဆိုးရွားပြင်းထန်တဲ့လူနာတွေ အသက်လုနေရတဲ့လူနာမျိုးတွေမှာ သွေးရည်ကြည်ကုထုံးကိုသုံးပါတယ်။ ကိုဗစ်မှာ လက္ခဏာ မပြဘဲ စစ်လိုက်တော့မှ ရောဂါပိုးရှိတဲ့လူက ၄၀ ရာခိုင်နှုန်းရှိတယ်။ သာမန် နမိုးနီးယား၊ ချောင်းဆိုး၊ နှာချေ အဆုတ်နမိုးနီးယားဖြစ်တဲ့လူက ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ်ခုပေါင်းက ၈၀ ရာခိုင်နှုန်း ဖြစ်တယ်။ တစ်နည်းအားဖြင့် လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက ဆိုးဆိုးရွားရွားမဖြစ်ဘဲ ပြန်ကောင်းနိုင်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းမှာ ၁၅ ရာခိုင်နှုန်း က ရောဂါပြင်းထန်ပြီး အောင်စီဂျင်ပေးရလောက်တဲ့ထိဖြစ်ပါတယ်။ အသက်ရှူအားကူစက်တွေပေးရတဲ့လူနာက ၅ ရာခိုင်နှုန်းရှိပါတယ်။ အဲ့လိုရောဂါပြင်းထန်တဲ့လူနာတွေအတွက်တော့ ဒီသွေးရည်ကြည်ကုထုံးကိုသုံးပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးကဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၂၄၉ ဦး ရှိပြီး သေဆုံးသူ ၆ယောက်နှင့်ရောဂါမှပြန်လည်သက်သာသူ ၁၆၆ ယောက်ရှိသည်။

လေးစားစွာဖြင့် ခရစ်ဒက် …….စံတော်ချိန်

Zawgyi

၀မ္းသာစရာ သတင္း ျမန္မာႏိုင္ငံ တြင္ ကိုဗစ္-၁၉ ေရာဂါ ကို ေသြးရည္ၾကည္ကုထုံးျဖင့္ ကုသရာတြင္ ေပ်ာက္ကင္းသူႏွစ္ဦးရွိ

ျမန္ မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါကို ကုသရာတြင္ ေသြးရည္ၾကည္ကုသမႈကို အသုံးျပဳေနၿပီး ေပ်ာက္ကင္းသူ ႏွစ္ဦးရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကေျပာသည္။

ဒီကေန႔ Yangon Journalism School က ျပဳလုပ္သည့္ “ သတိျပဳရေတာ့မည့္ ရာသီတုပ္ေကြး အႏၲရာယ္မ်ားႏွင့္ ကိုဗစ္-၁၉ ေနာက္ဆုံးအေျခအေန”ေခါင္းစဥ္ျဖင့္ အြန္လိုင္းေဆြးေႏြးပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပန္လည္သက္သာေကာင္းမြန္သြားေသာ ကိုဗစ္ – ၁၉ လူနာ၏ ေသြးရည္ၾကည္ျဖင့္ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳ လူနာမ်ားအား စမ္းသပ္ကုသႏိုင္ေရးအတြက္ (Ad hoc) အႀကံေပးအဖြဲ႕ကို ဧၿပီ ၁၆ ရက္တြင္ စတင္ဖြဲ႕စည္း တာဝန္ေပးအပ္ၿပီး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံမွာ ေသြးရည္ၾကည္ကုထုံးေတြေပးေနပါၿပီ။ ေသြးရည္ၾကည္ကုထုံးေပးႏိုင္ဖို႔ ကြၽမ္းက်င္ပညာရွင္ေတြကို ေလးလပိုင္းကတည္းက ဖြဲ႕ထားတာျဖစ္ပါတယ္။ လက္ရွိမွာလည္း ေပ်ာက္ကင္းသူ ၂ ေယာက္ရွိပါၿပီ။ လက္ရွိကုသမႈေပးေနတာလဲ သုံးေယာက္ရွိပါတယ္”ဟု ေဒါက္တာခင္ခင္ႀကီး ကေျပာသည္။

အဆိုပါ ေသြးရည္ၾကည္ကုထုံးကို ေရာဂါျပင္းထန္သည့္လူနာမ်ားတြင္ အသုံးျပဳေၾကာင္း ၎ကဆက္ေျပာသည္။

“ေရာဂါဆိုး႐ြားျပင္းထန္တဲ့လူနာေတြ အသက္လုေနရတဲ့လူနာမ်ိဳးေတြမွာ ေသြးရည္ၾကည္ကုထုံးကိုသုံးပါတယ္။ ကိုဗစ္မွာ လကၡဏာ မျပဘဲ စစ္လိုက္ေတာ့မွ ေရာဂါပိုးရွိတဲ့လူက ၄၀ ရာခိုင္ႏႈန္းရွိတယ္။ သာမန္ နမိုးနီးယား၊ ေခ်ာင္းဆိုး၊ ႏွာေခ် အဆုတ္နမိုးနီးယားျဖစ္တဲ့လူက ၄၀ ရာခိုင္ႏႈန္း ရွိပါတယ္။ ဒီႏွစ္ခုေပါင္းက ၈၀ ရာခိုင္ႏႈန္း ျဖစ္တယ္။ တစ္နည္းအားျဖင့္ လူ ၁၀၀ မွာ ၈၀ ရာခိုင္ႏႈန္းက ဆိုးဆိုး႐ြား႐ြားမျဖစ္ဘဲ ျပန္ေကာင္းႏိုင္ပါတယ္။ က်န္တဲ့ ၂၀ ရာခိုင္ႏႈန္းမွာ ၁၅ ရာခိုင္ႏႈန္း က ေရာဂါျပင္းထန္ၿပီး ေအာင္စီဂ်င္ေပးရေလာက္တဲ့ထိျဖစ္ပါတယ္။ အသက္ရႉအားကူစက္ေတြေပးရတဲ့လူနာက ၅ ရာခိုင္ႏႈန္းရွိပါတယ္။ အဲ့လိုေရာဂါျပင္းထန္တဲ့လူနာေတြအတြက္ေတာ့ ဒီေသြးရည္ၾကည္ကုထုံးကိုသုံးပါတယ္” ဟု ေဒါက္တာခင္ခင္ႀကီးကဆိုသည္။

လက္ရွိျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိသူ ၂၄၉ ဦး ရွိၿပီး ေသဆုံးသူ ၆ေယာက္ႏွင့္ေရာဂါမွျပန္လည္သက္သာသူ ၁၆၆ ေယာက္ရွိသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …….စံေတာ္ခ်ိန္

About the author

Aung Lay

Leave a Comment