ရွှေဘိုခင်ဦးဒေသ က ရွှေမုဌော စေတီများ ကို စောင့်ကြပ်နေကြ တဲ့ ဥစ္စာစောင့်မလေး များ
စစ် ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ လက်ပန်လှကျေးရွာလေး၏ အနောက်ဘက်တွင် ရွှေမုဌောဟု အမည်တွင်သော စေတီများစွာရှိလေ၏။ မြန်မာနိုင်ငံ၏ ရွှေမုဌောအမည်ရှိ ဘုရားများစွာထဲမှ လက်ပန်လှကျေးရွာနှင့် ရွာသန်းရွာကြားတွင် တည်ရှိနေခဲ့သော ထိုရွှေမုဌော စေတီသည်လည်း တစ်ဆူအပါအဝင် ဖြစ်ပါသည်။
ထို့ကြောင့် လက်ပန်လှကျေးရွာနှင့် ရွာသန်းရွာကျေးရွာလေးကြားတွင် ထိုစေတီလေးမှာ တည်ရှိနေခဲ့ခြင်းကြောင့် အချို့သော နယ်ခံများမှာ ထိုစေတီကိုပင် လက်ပန်လှရွှေမုဌော စေတီဟု ခေါ်တွင်လေ့ရှိကြပြီး၊ တစ်ချို့သော နယ်ခံများမှာမူ ရွာသန်းရွာ ရွှေမုဌောစေတီဟု ခေါ်ဆိုကြပြန်သည်။ ပုထုဇဉ်လူသားတို့၏ မည်သို့ပင် ပညတ်များစွာ တပ်နေခဲ့ပါစေ၊ စေတီလေးမှာ ရွှေမုဌောအစစ်သာလျင် ဖြစ်ပြီး၊ ရှေးယခင်မှ သစ္စာတရားတည်ကြည် ခိုင်မြဲကြသော မင်းကောင်းမင်းမြတ်များမှ တည်ထားကိုးကွယ်ခဲ့သည်ကြောင့် လွန်စွာတန်ခိုးကြီးမားလှပါသည်။ ရှေးလူကြီးများသည်လည်း ထိုစေတီလေးတွင် ဥစ္စာများစွာ စောင့်ကြပ်လျက်ရှိသည်ဟု ပြောဆိုလာခဲ့သည်မှာ ယနေ့တိုင်ထိပင် ဖြစ်လေသည်။
စေတီပေါင်းမှာ (၁၈)ဆူရှိပြီး၊ ရွှေမုဌောအစစ်မှာမူ (၁)ဆူတည်းသာလျင် ဖြစ်ပါသည်။ ထိုစေတီလေးနှင့် အနီးစပ်ဆုံး လမ်းပန်းဆက်သွယ်ရေး တစ်ခုမှာ မန္တလေး-မြစ်ကြီးနား မီးရထားလမ်း၏ အနောက်ဘက် ကပ်လျက်တွင် တည်ရှိနေခဲ့ပါသည်။ နယ်ခံများ၏ ပြောဆိုချက်များအရ လပြည့်ညနှင့် လကွယ်ညများဆိုလျင် စေတီလေးတွင် စောင့်ကြပ်လျက်ရှိကြသော ဥစ္စာစောင့်များမှာ မီးရထားလမ်းကိုပင် ဖြတ်ကူးလေ့ရှိသည်ဟု ရထားမောင်းသူများမှ ပြောဆိုကြပြန်သည်။
ထိုသူများမှာ သာမာန်နှင့်မတူ နန်းဝတ်၊နန်းစားများနှင့်အတူ လမ်းမကြီးပေါ်တွင် ကခြင်း၊ ခုန်ခြင်းများ ပြုလုပ်လေ့ရှိပြီး ရထားလမ်းကိုပင် ဖြတ်ကူးလေ့ရှိသောကြောင့် ရထားမောင်းသူများမှာ ဥသြဆွဲသံများကိုပင် ဆူညံနေလောက်အောင် ဆွဲကြရပေသည်။ ထိုကဲ့သို့သော အချိန်ခါမျိုးဆိုလျင် အဆက်မပျက် ဥသြဆွဲနေခဲ့ကြသည့် မီးရထားသံများကိုမူ နယ်ခံများမှ ကြားသိနေခဲ့ရသည်ဟု နယ်ခံလူကြီးများထံမှ သိရှိခဲ့ရပေသည်။ ရှေးယခင်မှ လောဘသမားများဖြစ်ကြသော သိုက်တူး၊ သိုက်ဆရာများ၏ လက်ချက်ဖြင့် ယခုခေတ်ကာလတွင်မူ စေတီလေးများမှာ ပြိုကျပျက်စီးနေခဲ့ပြီး၊ စေတီအိုများသဖွယ်အဖြစ်သို့ ရောက်ရှိနေလျက်ရှိနေခဲ့ပါပြီ။
ထိုရွှေမုဌောစေတီများကိုပင် သီတင်းကျွတ်လပြည့် နှစ်စဉ်တိုင်း ဘုရားမီးပွဲဇော်ပွဲများ ကျင်းပလေ့ရှိလေ၏။ ဘုရားပွဲမကျင်းပမီ လဆန်း(၁၃)ရက်နေ့များဆိုလျင် ရွာသူ၊ရွာသားများမှာ စေတီပတ်ဝတ်းကျင်ရှိ သစ်ပင်၊ ခြုံနွယ်များကိုပင် ရှင်းလင်းမှု့များစွာအား ပြုလုပ်လေ့ရှိပါသည်။ ခြုံနွယ်များကိုပင် ရှင်းလင်းကြသည့် ရွာသူ၊ရွာသားတို့မှာ အရက်သေစာ သောက်စား၍ ရှင်းလင်းလျင် ပိုင်ရာဆိုင်ရာများမှ မနှစ်သတ်သည်ကြောင့် အလွန်ပင်ကြီးမားလှစွာသော မြွေကြီးများကိုပင် မြင်တွေ့ရတတ်သည်ဟု ကျေးရွာအတွင်းရှိ လူကြီးများမှ ပြောဆိုကြလေသည်။
သို့သော် လက်ပန်လှကျေးရွာရှိ မျိုးဟန်ဟုခေါ်သော ထိုသူမှာ ထိုကဲ့သို့သော် အယူဆများကိုပင် လက်မခံ၊ အယုံကြည်သည်လည်း မရှိသည်ကြောင့် ဘုရားပွဲမကျင်းပမီ ရက်ပိုင်းအတွင်းများ၌ ခြုံနွယ်များကိုပင် ရှင်းလင်းကြရာ၌ သူသည်လည်း ပါဝင်လုပ်ကိုင်ပေးလေသည်။ အသက်အားဖြင့် (၃၅)နှစ်ခန့်ရှိနေခဲ့သော မျိုးဟန်မှာ အရက်သေစာ သောက်စားထားလျက် ခြုံနွယ်များကိုပင် ရှင်းလင်းနေခဲ့ခြင်း ဖြစ်လေသည်။
တခြားသော ရွာသူ၊ရွာသားများမှလည်း မျိုးဟန်အား အရက်သေစာ သောက်စားထားလျင် လာရောက် မရှင်းလင်းပါနှင့်ဟု ပြောဆိုခဲ့သေးသည်။ သို့သော် မျိုးဟန်မှာ လက်မခံ၊ အရက်မူးမူးဖြင့် ခြုံနွယ်များကိုပင် ရှင်းလင်းစေခဲ့၏။ အရက်ကလေး၏ အရှိန်များကြောင့် မျိုးဟန်သည်လည်း စကားများကိုပင် မဆင်မခြင် ပြောဆိုလေမိသည်။
ထိုကဲ့သို့ အချိန်အတောတွင်းမှာပင် ခြုံနွယ်များကြားမှာ ယောက်ျားလက်မောင်းလုံးခန့်ရှိသော မြွေပွေးကြီးတစ်ကောင်မှာ ထွက်ပေါ်လာခဲ့လေသည်။ အလွန်ပင်ကြီးမားလှစွာသော မြွေပွေးကြီးပင် ဖြစ်သည်ကြောင့် တစ်ခြားသော ရွာသူ၊ရွာသားများမှာ ထိတ်လန့်ကြောက်ရွှံ့၍ ပြေးရှောင်ကြသော်လည်း မျိုးဟန်မှာမူ ပြေးလွှားခြင်းမရှိ၊ ထွက်ရောက်လာခဲ့သော မြွေပွေးကြီးကိုပင် မြတ်ခုတ်ဓားဖြင့် ခုတ်သတ်လိုက်လေသည်။
ထို့နောက် အိမ်အပြန်ချိန်တွင် မိမိခုတ်သတ်ခဲ့သော မြွေပွေးကြီးကိုပင် ယူဆောင်လျက် အရက်နှင့်မြည်းစေရန် ချက်ပြုတ်လေခဲ့သည်။ မြွေပွေးဟင်းကိုပင် ချက်ပြုတ်လျက် အရက်နှင့် သောက်သုံးလေခဲ့ပြီး၊ ညဦးအပိုင်းချိန်များတွင် မျိုးဟန်၏ အိမ်ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင်မူ မြွေတွန်သံများအား ကြားသိနေခဲ့ရပေသည်။
ပတ်ဝန်းကျင်ရှိ လူများသည်လည်း မျိုးဟန်၏ အိမ်ပတ်ဝန်းကျင်၌ မြွေတွန်သံများအား ကြားသိနေခဲ့ရလေပြီး၊ မျိုးဟန်၏ နားအတွင်းတွင်မူ ထိုကဲ့သို့သော မြွေတွန်သံများကိုပင် မကြားရပဲ၊ သူ၏မိန်းမဖြစ်သူမှ မိမိအား နားပူနားစာပြုလုပ်နေခဲ့သော စကားသံများကိုသာလျင် ကြားသိနေရခြင်းဖြစ်သည်။
ထို့ကြောင့် စိတ်ရှုတ်မှု့များဖြင့် နံရံတွင် ထိုးထားခဲ့သော ဓားမကြီးကိုပင် ဆွဲယူလေခါ၊ ခြင်ထောင်အတွင်း၌ အိပ်ပျော်နေခဲ့သော မိန်းမဖြစ်သူကိုပင် ဓားဖြင့်ခုတ်မိလိုက်လေသည်။ မိန်းမဖြစ်သူသည်လည်း လင်ယောက်ျားဖြစ်သူ မျိုးဟန်၏ စေတီလေးများအနားတွင် ပြုမူခဲ့လေသော အကြောင်းကိုပင် သိရှိထားခဲ့သည်ကြောင့် ကျောချမ်းနေခဲ့ရသည်။ ထို့ကြောင့် ခြင်ထောင်အတွင်း၌ ဝင်ရောက်အိပ်နေခဲ့သော်လည်း အိပ်ပျော်ခြင်းပင်မရှိသေး၊
တစ်ရွာလုံးနီးပါး ကြားနေခဲ့ရသည့် မြွေတွန်သံများအားလည်း သူမတစ်ယောက် ကြားသိနေခဲ့ရလေသည်။ ထို့ကြောင့် စိတ်ရိုင်းများစွာဝင်လျက် ခြင်ထောင်အတွင်း၌ ရှိနေခဲ့သော မိမိအား ဓားဖြင့်လာရောက် ခုတ်သတ်သည့် လင်ယောကျ်ားဖြစ်သူ မျိုးဟန်၏ ဓားချက်ကိုပင် ကဗျာကယာ လက်ဖြင့် တားဆီးလိုက်နိုင်သည်။ ထို့ကြောင့် သူမ၏ လက်တွင်သာ ဓားချက်ထိခိုက်မိသွားပြီး၊ အသက်အန္တရယ်ကို ကာကွယ်လိုက်နိုင်၏။
ထို့နောက်မှ ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများမှာ ဝင်ရောက်တားဆီးကြသည်ကြောင့် မျိုးဟန်၏မိန်းမဖြစ်သူမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပေသည်။ မျိုးဟန်၏ ဓားချက်ထိခိုက်မိသွားသော မိန်းမဖြစ်သူမှာ ဆယ့်ချက်တိတိချုပ်လိုက်ရလေပြီး၊ မျိုးဟန်တို့၏ အိမ်ထောင်ရေးသည်လည်း ပျက်ပြယ်သွားခဲ့ရပေသည်။
ထိုဖြစ်ရပ်များမှာ မကြာသေးမီကာလအတွင်းမှ လက်ပန်လှကျေးရွာလေးတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်ကြီးတစ်ခုပင် ဖြစ်လေသည်။ ဤသို့ဆိုလျှင် မျိုးဟန်မှာ အရက်သေစာ သောက်စားထားမိပြီး၊ စေတီပုထိုးနားတွင် ညစ်ညမ်းသော စကားများကိုပင် ပြောဆိုခဲ့မိခြင်းကြောင့် ဤကဲ့သို့သော အဖြစ်ပျက်များနှင့် ကြုံတွေ့လိုက်ရခြင်းပင်လား…. ။
(ပြီးပါပြီ) (လက်ပန်လှကျေးရွာသူ တစ်ဦးဖြစ်သော မဖြူလွင်ထွန်း၏ ပြောပြချက်များကိုပင် စာစီလျက်ရေးသား တင်ပြလိုက်ရပါသည်။ မဖြူလွင်ထွန်းအား စာရေးသူကျွနု်ပ်မှ အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။)
ထီးကလေး (ရင်နှင့်ရင်း၍ရေးသားသည်။)
Zawgyi
ေရႊဘုိခင္ဦးေဒသ က ေရႊမုေဌာ ေစတီမ်ား ကုိ ေစာင့္ၾကပ္ေနၾက တဲ့ ဥစၥာေစာင့္မေလး မ်ား
စစ္ ကိုင္းတိုင္ေဒသၾကီး၊ ေရႊဘိုခရိုင္၊ ခင္ဦးျမိဳ႕နယ္အတြင္းရွိ လက္ပန္လွေက်းရြာေလး၏ အေနာက္ဘက္တြင္ ေရႊမုေဌာဟု အမည္တြင္ေသာ ေစတီမ်ားစြာရွိေလ၏။ ျမန္မာနိုင္ငံ၏ ေရႊမုေဌာအမည္ရွိ ဘုရားမ်ားစြာထဲမွ လက္ပန္လွေက်းရြာႏွင့္ ရြာသန္းရြာၾကားတြင္ တည္ရွိေနခဲ့ေသာ ထိုေရႊမုေဌာ ေစတီသည္လည္း တစ္ဆူအပါအဝင္ ျဖစ္ပါသည္။
ထို႔ေၾကာင့္ လက္ပန္လွေက်းရြာႏွင့္ ရြာသန္းရြာေက်းရြာေလးၾကားတြင္ ထိိုေစတီေလးမွာ တည္ရွိေနခဲ႔ျခင္းေၾကာင့္ အခ်ိဳ႔ေသာ နယ္ခံမ်ားမွာ ထုိေစတီကိုပင္ လက္ပန္လွေရႊမုေဌာ ေစတီဟု ေခၚတြင္ေလ့ရွိၾကျပီး၊ တစ္ခ်ိဳ႕ေသာ နယ္ခံမ်ားမွာမူ ရြာသန္းရြာ ေရႊမုေဌာေစတီဟု ေခၚဆိုၾကျပန္သည္။ ပုထုဇဥ္လူသားတို႔၏ မည္သို႔ပင္ ပညတ္မ်ားစြာ တပ္ေနခဲ႔ပါေစ၊ ေစတီေလးမွာ ေရႊမုေဌာအစစ္သာလ်င္ ျဖစ္ျပီး၊ ေရွးယခင္မွ သစၥာတရားတည္ၾကည္ ခိုင္ျမဲၾကေသာ မင္းေကာင္းမင္းျမတ္မ်ားမွ တည္ထားကိုးကြယ္ခဲ႔သည္ေၾကာင့္ လြန္စြာတန္ခိုးၾကီးမားလွပါသည္။ ေရွးလူၾကီးမ်ားသည္လည္း ထိုေစတီေလးတြင္ ဥစၥာမ်ားစြာ ေစာင့္ၾကပ္လ်က္ရွိသည္ဟု ေျပာဆိုလာခဲ႔သည္မွာ ယေန႔တိုင္ထိပင္ ျဖစ္ေလသည္။
ေစတီေပါင္းမွာ (၁၈)ဆူရွိျပီး၊ ေရႊမုေဌာအစစ္မွာမူ (၁)ဆူတည္းသာလ်င္ ျဖစ္ပါသည္။ ထိုေစတီေလးႏွင့္ အနီးစပ္ဆံုး လမ္းပန္းဆက္သြယ္ေရး တစ္ခုမွာ မႏၱေလး-ျမစ္ၾကီးနား မီးရထားလမ္း၏ အေနာက္ဘက္ ကပ္လ်က္တြင္ တည္ရွိေနခဲ႔ပါသည္။ နယ္ခံမ်ား၏ ေျပာဆိုခ်က္မ်ားအရ လျပည့္ညႏွင့္ လကြယ္ညမ်ားဆိုလ်င္ ေစတီေလးတြင္ ေစာင့္ၾကပ္လ်က္ရွိၾကေသာ ဥစၥာေစာင့္မ်ားမွာ မီးရထားလမ္းကိုပင္ ျဖတ္ကူးေလ့ရွိသည္ဟု ရထားေမာင္းသူမ်ားမွ ေျပာဆိုၾကျပန္သည္။
ထိုသူမ်ားမွာ သာမာန္ႏွင့္မတူ နန္းဝတ္၊နန္းစားမ်ားႏွင့္အတူ လမ္းမၾကီးေပၚတြင္ ကျခင္း၊ ခုန္ျခင္းမ်ား ျပဳလုပ္ေလ့ရွိျပီး ရထားလမ္းကိုပင္ ျဖတ္ကူးေလ့ရွိေသာေၾကာင့္ ရထားေမာင္းသူမ်ားမွာ ဥၾသဆြဲသံမ်ားကိုပင္ ဆူညံေနေလာက္ေအာင္ ဆြဲၾကရေပသည္။ ထိုကဲ႔သို႔ေသာ အခ်ိန္ခါမ်ိဳးဆိုလ်င္ အဆက္မပ်က္ ဥၾသဆြဲေနခဲ႔ၾကသည့္ မီးရထားသံမ်ားကိုမူ နယ္ခံမ်ားမွ ၾကားသိေနခဲ႔ရသည္ဟု နယ္ခံလူၾကီးမ်ားထံမွ သိရွိခဲ႔ရေပသည္။ ေရွးယခင္မွ ေလာဘသမားမ်ားျဖစ္ၾကေသာ သိုက္တူး၊ သိုက္ဆရာမ်ား၏ လက္ခ်က္ျဖင့္ ယခုေခတ္ကာလတြင္မူ ေစတီေလးမ်ားမွာ ျပိဳက်ပ်က္စီးေနခဲ႔ျပီး၊ ေစတီအိုမ်ားသဖြယ္အျဖစ္သို႔ ေရာက္ရွိေနလ်က္ရွိေနခဲ႔ပါျပီ။
ထိုေရႊမုေဌာေစတီမ်ားကိုပင္ သီတင္းကြ်တ္လျပည့္ ႏွစ္စဥ္တိုင္း ဘုရားမီးပြဲေဇာ္ပြဲမ်ား က်င္းပေလ့ရွိေလ၏။ ဘုရားပြဲမက်င္းပမီ လဆန္း(၁၃)ရက္ေန႔မ်ားဆိုလ်င္ ရြာသူ၊ရြာသားမ်ားမွာ ေစတီပတ္ဝတ္းက်င္ရွိ သစ္ပင္၊ ျခံဳႏြယ္မ်ားကိုပင္ ရွင္းလင္းမႈ႕မ်ားစြာအား ျပဳလုပ္ေလ့ရွိပါသည္။ ျခံဳႏြယ္မ်ားကိုပင္ ရွင္းလင္းၾကသည့္ ရြာသူ၊ရြာသားတို႔မွာ အရက္ေသစာ ေသာက္စား၍ ရွင္းလင္းလ်င္ ပိုင္ရာဆိုင္ရာမ်ားမွ မႏွစ္သတ္သည္ေၾကာင့္ အလြန္ပင္ၾကီးမားလွစြာေသာ ေျမြၾကီးမ်ားကိုပင္ ျမင္ေတြ႔ရတတ္သည္ဟု ေက်းရြာအတြင္းရွိ လူၾကီးမ်ားမွ ေျပာဆိုၾကေလသည္။
သို႔ေသာ္ လက္ပန္လွေက်းရြာရွိ မ်ိဳးဟန္ဟုေခၚေသာ ထိုသူမွာ ထိုကဲ႔သို႔ေသာ္ အယူဆမ်ားကိုပင္ လက္မခံ၊ အယံုၾကည္သည္လည္း မရွိသည္ေၾကာင့္ ဘုရားပြဲမက်င္းပမီ ရက္ပိုင္းအတြင္းမ်ား၌ ျခံဳႏြယ္မ်ားကိုပင္ ရွင္းလင္းၾကရာ၌ သူသည္လည္း ပါဝင္လုပ္ကိုင္ေပးေလသည္။ အသက္အားျဖင့္ (၃၅)ႏွစ္ခန္႔ရွိေနခဲ႔ေသာ မ်ိဳးဟန္မွာ အရက္ေသစာ ေသာက္စားထားလ်က္ ျခံဳႏြယ္မ်ားကိုပင္ ရွင္းလင္းေနခဲ႔ျခင္း ျဖစ္ေလသည္။
တျခားေသာ ရြာသူ၊ရြာသားမ်ားမွလည္း မ်ဳိးဟန္အား အရက္ေသစာ ေသာက္စားထားလ်င္ လာေရာက္ မရွင္းလင္းပါနွင့္ဟု ေျပာဆိုခဲ႔ေသးသည္။ သို႔ေသာ္ မ်ိဳးဟန္မွာ လက္မခံ၊ အရက္မူးမူးျဖင့္ ျခံဳႏြယ္မ်ားကိုပင္ ရွင္းလင္းေစခဲ႔၏။ အရက္ကေလး၏ အရွိန္မ်ားေၾကာင့္ မ်ိဳးဟန္သည္လည္း စကားမ်ားကိုပင္ မဆင္မျခင္ ေျပာဆိုေလမိသည္။
ထိုကဲ႔သို႔ အခ်ိန္အေတာတြင္းမွာပင္ ျခံဳႏြယ္မ်ားၾကားမွာ ေယာက္်ားလက္ေမာင္းလံုးခန္႔ရွိေသာ ေျမြေပြးၾကီးတစ္ေကာင္မွာ ထြက္ေပၚလာခဲ႔ေလသည္။ အလြန္ပင္ၾကီးမားလွစြာေသာ ေျမြေပြးၾကီးပင္ ျဖစ္သည္ေၾကာင့္ တစ္ျခားေသာ ရြာသူ၊ရြာသားမ်ားမွာ ထိတ္လန္႔ေၾကာက္ရႊံ႕၍ ေျပးေရွာင္ၾကေသာ္လည္း မ်ိဳးဟန္မွာမူ ေျပးလႊားျခင္းမရွိ၊ ထြက္ေရာက္လာခဲ႔ေသာ ေျမြေပြးၾကီးကိုပင္ ျမတ္ခုတ္ဓားျဖင့္ ခုတ္သတ္လိုက္ေလသည္။
ထို႔ေနာက္ အိမ္အျပန္ခ်ိန္တြင္ မိမိခုတ္သတ္ခဲ႔ေသာ ေျမြေပြးၾကီးကိုပင္ ယူေဆာင္လ်က္ အရက္ႏွင့္ျမည္းေစရန္ ခ်က္ျပဳတ္ေလခဲ႔သည္။ ေျမြေပြးဟင္းကိုပင္ ခ်က္ျပဳတ္လ်က္ အရက္ႏွင့္ ေသာက္သံုးေလခဲ႔ျပီး၊ ညဦးအပိုင္းခ်ိန္မ်ားတြင္ မ်ိဳးဟန္၏ အိမ္ပတ္ဝန္းက်င္ အနီးတစ္ဝိုက္တြင္မူ ေျမြတြန္သံမ်ားအား ၾကားသိေနခဲ႔ရေပသည္။
ပတ္ဝန္းက်င္ရွိ လူမ်ားသည္လည္း မ်ိဳးဟန္၏ အိမ္ပတ္ဝန္းက်င္၌ ေျမြတြန္သံမ်ားအား ၾကားသိေနခဲ႔ရေလျပီး၊ မ်ိဳးဟန္၏ နားအတြင္းတြင္မူ ထိုကဲ႔သို႔ေသာ ေျမြတြန္သံမ်ားကိုပင္ မၾကားရပဲ၊ သူ၏မိန္းမျဖစ္သူမွ မိမိအား နားပူနားစာျပဳလုပ္ေနခဲ့ေသာ စကားသံမ်ားကိုသာလ်င္ ၾကားသိေနရျခင္းျဖစ္သည္။
ထို႔ေၾကာင့္ စိတ္ရႈတ္မႈ႕မ်ားျဖင့္ နံရံတြင္ ထိုးထားခဲ႔ေသာ ဓားမၾကိီးကိုပင္ ဆြဲယူေလခါ၊ ျခင္ေထာင္အတြင္း၌ အိပ္ေပ်ာ္ေနခဲ႔ေသာ မိန္းမျဖစ္သူကိုပင္ ဓားျဖင့္ခုတ္မိလိုက္ေလသည္။ မိန္းမျဖစ္သူသည္လည္း လင္ေယာက္်ားျဖစ္သူ မ်ိဳးဟန္၏ ေစတီေလးမ်ားအနားတြင္ ျပဳမူခဲ႔ေလေသာ အေၾကာင္းကိုပင္ သိရွိထားခဲ႔သည္ေၾကာင့္ ေက်ာခ်မ္းေနခဲ႔ရသည္။ ထို႔ေၾကာင့္ ျခင္ေထာင္အတြင္း၌ ဝင္ေရာက္အိပ္ေနခဲ႔ေသာ္လည္း အိပ္ေပ်ာ္ျခင္းပင္မရွိေသး၊
တစ္ရြာလံုးနီးပါး ၾကားေနခဲ႔ရသည့္ ေျမြတြန္သံမ်ားအားလည္း သူမတစ္ေယာက္ ၾကားသိေနခဲ႔ရေလသည္။ ထို႔ေၾကာင့္ စိတ္ရိုင္းမ်ားစြာဝင္လ်က္ ျခင္ေထာင္အတြင္း၌ ရွိေနခဲ႔ေသာ မိမိအား ဓားျဖင့္လာေရာက္ ခုတ္သတ္သည့္ လင္ေယာက်္ားျဖစ္သူ မ်ိဳးဟန္၏ ဓားခ်က္ကိုပင္ ကဗ်ာကယာ လက္ျဖင့္ တားဆီးလိုက္နိုင္သည္။ ထို႔ေၾကာင့္ သူမ၏ လက္တြင္သာ ဓားခ်က္ထိခိုက္မိသြားျပီး၊ အသက္အႏၱရယ္ကို ကာကြယ္လိုက္နိုင္၏။
ထို႔ေနာက္မွ ပတ္ဝန္းက်င္ရွိ ရြာသူရြာသားမ်ားမွာ ဝင္ေရာက္တားဆီးၾကသည္ေၾကာင့္ မ်ိဳးဟန္၏မိန္းမျဖစ္သူမွာ အသက္ေဘးမွ လြတ္ေျမာက္ခဲ႔ရေပသည္။ မ်ိဳးဟန္၏ ဓားခ်က္ထိခိုက္မိသြားေသာ မိန္းမျဖစ္သူမွာ ဆယ့္ခ်က္တိတိခ်ဳပ္လိုက္ရေလျပီး၊ မ်ဳိးဟန္တို႔၏ အိမ္ေထာင္ေရးသည္လည္း ပ်က္ျပယ္သြားခဲ႔ရေပသည္။
ထိုျဖစ္ရပ္မ်ားမွာ မၾကာေသးမီကာလအတြင္းမွ လက္ပန္လွေက်းရြာေလးတြင္ ျဖစ္ပ်က္ခဲ႔သည့္ အျဖစ္ပ်က္ၾကီးတစ္ခုပင္ ျဖစ္ေလသည္။ ဤသို႔ဆိုလွ်င္ မ်ိဳးဟန္မွာ အရက္ေသစာ ေသာက္စားထားမိျပီး၊ ေစတီပုထိုးနားတြင္ ညစ္ညမ္းေသာ စကားမ်ားကိုပင္ ေျပာဆိုခဲ႔မိျခင္းေၾကာင့္ ဤကဲ႔သို႔ေသာ အျဖစ္ပ်က္မ်ားႏွင့္ ၾကံဳေတြ႔လိုက္ရျခင္းပင္လား…. ။
(ျပီးပါျပီ) (လက္ပန္လွေက်းရြာသူ တစ္ဦးျဖစ္ေသာ မျဖဴလြင္ထြန္း၏ ေျပာျပခ်က္မ်ားကိုပင္ စာစီလ်က္ေရးသား တင္ျပလိုက္ရပါသည္။ မျဖဴလြင္ထြန္းအား စာေရးသူကြ်နု္ပ္မွ အထူးပင္ေက်းဇူးတင္ရွိပါသည္ခင္ဗ်ာ။)
ထီးကေလး (ရင္ႏွင့္ရင္း၍ေရးသားသည္။)