News

လိုင်စင်မဲ့ ယာဉ်မောင်းနှ င်ပါ က ဌာနဆိုင် ရာဝန်ထမ်းများ ပါ ဥပဒေအ တိုင်း ထောင် ဒဏ် သုံးနှစ်အထိ ချမည်

Written by Aung Lay

လိုင်စ င်မဲ့ ယာဉ်မောင်းနှ င်ပါ က ဌာနဆိုင် ရာဝန်ထမ်းများ ပါ ဥပဒေအ တိုင်း ထောင် ဒဏ် သုံးနှစ်အထိ ချမည်

ယခု အသစ်ပြဋ္ဌာန်းထားသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲရေးဥပဒေသစ်အရ မည်သူမျှ ခွဲခြားမည်မဟုတ်ဘဲ ဌာနဆိုင်ရာ ဝန်ထမ်းများသာမက မည်သူမဆို လိုင်စင်မဲ့ယာဉ်မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေပါအတိုင်း ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

မေ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲရေးဥပဒေတွင် မည်သူမျှ မှတ်ပုံတင်ထားခြင်း မရှိသည့် မော်တော်ယာဉ်ကို သီးခြားခွင့်ပြုထားသည့်နေရာမှအပ အများပြည်သူဆိုင်ရာ နေရာအပါအဝင် မည်သည့်နေရာတွင်မျှ မောင်းနှင်ခြင်းရပ်နားခြင်းမပြုရန်ဟု ပါရှိသည်။

ထို့ပြင် ဦးစီးဌာနက ထုတ်ပေးသည့် စာတမ်းအမှတ်အသားကို မှတ်ပုံတင်ထားခြင်းမရှိသော မော်တော်ယာဉ်တွင်ပြောင်းလဲအသုံးမပြုခြင်း သု့ိမဟုတ် အသုံးပြုခြင်းမရှိစေရ၊ ဥပဒေနှင့်အညီ အခွင့်အာဏာမရှိဘဲ သို့မဟုတ် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည် ရုပ်သဏ္ဌာန် ပျက်ပြားစေသည့်အထိ ပြုပြင်ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ် အသုံးပြုစေခြင်းမပြုစေရဟု ဖော်ပြထားရှိရာ ထိုကဲ့သို့ ပုဒ်မ ၈၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြေင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်မည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသ ည်။

“၂၀၁၅ မော်တော်ယာဉ် ဥပဒေကို ဖျက်သိမ်းလိုက်ပြီ ဖြစ်လို့အခုလက်ရှိ မော်တော်ယာဉ်ဥပဒေအသစ်နဲ့ အရေးယူဆောင်ရွက်နေပါပြီ။လိုင်စင်မဲ့ Without ကားမောင်းရင် ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်တယ်လို့ မော်တော်ယာဉ် ဥပဒေအသစ်မှာ ဖော်ပြထားပါတယ်။ ပြစ်ဒဏ်ဘယ်လောက်အထိဆိုတာကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ အမိန့်ချမှတ်တာပါ။ ကညနမှာ မှတ်ပုံတင်ထားတာမရှိတဲ့ တရားမဝင်တင်သွင်းလာတဲ့ ကားဆိုရင် ထုတ်ကုန်သွင်းကုန် ဥပဒေပု်မ ၈ အရ အရေးယူပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေ လိုင်စင်မဲ့ကားစီးရင်လည်း ဒီအတိုင်းဘဲအရေးယူမှာပါ။ ဘယ်သူမှ ဥပဒေမှာ မခွဲခြားထားပါဘူး။”ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးဆန်းထွန်းက ဇွန် ၁၂ ရက်တွင်မြန်မာတိုင်းနေ့စဉ် သို့ပြောကြားသည်။

ကိုဗစ်မဖြစ်ခင်အချိန်က ဂျပန်နိုင်ငံထုတ်ကားများ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်သန်း၍ မြဝတီနယ်စပ် တရားမဝင်ဂိတ်များမှတစ်ဆင့် လိုင်စင်မဲ့တင်သွင်းလာမှုမှာ တစ်ရက်လျှင် စီးရေ ၃၀၀ ခန့်နေ့စဉ် ရှိသည်ဟု သိရသည်။ မတ် ၁၉ ရက်မှစတင်၍ မြဝတီရှိ တရားမဝင် ဂိတ်များမှ ဖြတ်သန်း သွားလာမှုအား ရပ်ဆိုင်းလိုက်၍ လိုင်စင်မဲ့ကားတင်သွင်းမှု ရပ်သွားခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တရားမဝင် လိုင်စင်မဲ့ကားများ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေရာတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၌ လိုင်စင်မဲ့ကားအများဆုံး ဖမ်းဆီးရမိကြောင်း စာရင်းဇယားများအရ သိရသည်။

မြန်မာတိုင်းမ်

Zawgyi

လိုင္စ င္မဲ့ ယာဥ္ေမာင္းႏွ င္ပါ က ဌာနဆိုင္ ရာဝန္ထမ္းမ်ား ပါ ဥပေဒအ တိုင္း ေထာင္ ဒဏ္ သုံးႏွစ္အထိ ခ်မည္

ယခု အသစ္ျပ႒ာန္းထားေသာ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲေရးဥပေဒသစ္အရ မည္သူမွ် ခြဲျခားမည္မဟုတ္ဘဲ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားသာမက မည္သူမဆို လိုင္စင္မဲ့ယာဥ္ေမာင္းႏွင္ပါက ေမာ္ေတာ္ယာဥ္ ဥပေဒပါအတိုင္း ေထာင္ဒဏ္ သုံးႏွစ္အထိ ခ်မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

ေမ ၂၆ ရက္က ျပ႒ာန္းခဲ့သည့္ ယာဥ္အႏၲရာယ္ ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲေရးဥပေဒတြင္ မည္သူမွ် မွတ္ပုံတင္ထားျခင္း မရွိသည့္ ေမာ္ေတာ္ယာဥ္ကို သီးျခားခြင့္ျပဳထားသည့္ေနရာမွအပ အမ်ားျပည္သူဆိုင္ရာ ေနရာအပါအဝင္ မည္သည့္ေနရာတြင္မွ် ေမာင္းႏွင္ျခင္းရပ္နားျခင္းမျပဳရန္ဟု ပါရွိသည္။

ထို႔ျပင္ ဦးစီးဌာနက ထုတ္ေပးသည့္ စာတမ္းအမွတ္အသားကို မွတ္ပုံတင္ထားျခင္းမရွိေသာ ေမာ္ေတာ္ယာဥ္တြင္ေျပာင္းလဲအသုံးမျပဳျခင္း သု႔ိမဟုတ္ အသုံးျပဳျခင္းမရွိေစရ၊ ဥပေဒႏွင့္အညီ အခြင့္အာဏာမရွိဘဲ သို႔မဟုတ္ ခိုင္လုံေသာအေၾကာင္းျပခ်က္မရွိဘဲ ေမာ္ေတာ္ယာဥ္၏ မူလအမ်ိဳးအမည္ ႐ုပ္သဏၭာန္ ပ်က္ျပားေစသည့္အထိ ျပဳျပင္ေျပာင္းလဲအသုံးျပဳျခင္း သို႔မဟုတ္ အသုံးျပဳေစျခင္းမျပဳေစရဟု ေဖာ္ျပထားရွိရာ ထိုကဲ့သို႔ ပုဒ္မ ၈၅ ပါ တားျမစ္ခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကင္း ျပစ္မႈ ထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို ေထာင္ဒဏ္ ၃ ႏွစ္ျဖစ္ေစ ေငြဒဏ္ျဖစ္ေစ သို႔မဟုတ္ ျပစ္ဒဏ္ႏွစ္ရပ္စလုံး ခ်မွတ္မည္ျဖစ္ေၾကာင္း အသိေပးေဖာ္ျပထားသ ည္။

“၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒကို ဖ်က္သိမ္းလိုက္ၿပီ ျဖစ္လို႔အခုလက္ရွိ ေမာ္ေတာ္ယာဥ္ဥပေဒအသစ္နဲ႔ အေရးယူေဆာင္႐ြက္ေနပါၿပီ။လိုင္စင္မဲ့ Without ကားေမာင္းရင္ ေထာင္ဒဏ္ ၃ ႏွစ္အထိခ်မွတ္ႏိုင္တယ္လို႔ ေမာ္ေတာ္ယာဥ္ ဥပေဒအသစ္မွာ ေဖာ္ျပထားပါတယ္။ ျပစ္ဒဏ္ဘယ္ေလာက္အထိဆိုတာကေတာ့ တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားအရ အမိန႔္ခ်မွတ္တာပါ။ ကညနမွာ မွတ္ပုံတင္ထားတာမရွိတဲ့ တရားမဝင္တင္သြင္းလာတဲ့ ကားဆိုရင္ ထုတ္ကုန္သြင္းကုန္ ဥပေဒပု္မ ၈ အရ အေရးယူပါတယ္။ ဌာနဆိုင္ရာဝန္ထမ္းေတြ လိုင္စင္မဲ့ကားစီးရင္လည္း ဒီအတိုင္းဘဲအေရးယူမွာပါ။ ဘယ္သူမွ ဥပေဒမွာ မခြဲျခားထားပါဘူး။”ဟု ရန္ကုန္တိုင္းေဒသႀကီး အမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမႉးဆန္းထြန္းက ဇြန္ ၁၂ ရက္တြင္ျမန္မာတိုင္းေန႔စဥ္ သို႔ေျပာၾကားသည္။

ကိုဗစ္မျဖစ္ခင္အခ်ိန္က ဂ်ပန္ႏိုင္ငံထုတ္ကားမ်ား ထိုင္းႏိုင္ငံနယ္စပ္ကို ျဖတ္သန္း၍ ျမဝတီနယ္စပ္ တရားမဝင္ဂိတ္မ်ားမွတစ္ဆင့္ လိုင္စင္မဲ့တင္သြင္းလာမႈမွာ တစ္ရက္လွ်င္ စီးေရ ၃၀၀ ခန႔္ေန႔စဥ္ ရွိသည္ဟု သိရသည္။ မတ္ ၁၉ ရက္မွစတင္၍ ျမဝတီရွိ တရားမဝင္ ဂိတ္မ်ားမွ ျဖတ္သန္း သြားလာမႈအား ရပ္ဆိုင္းလိုက္၍ လိုင္စင္မဲ့ကားတင္သြင္းမႈ ရပ္သြားခဲ့သည္။ ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာအရ တရားမဝင္ လိုင္စင္မဲ့ကားမ်ား ဖမ္းဆီးစစ္ေဆးမႈမ်ားျပဳလုပ္ေနရာတြင္ မြန္ျပည္နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၌ လိုင္စင္မဲ့ကားအမ်ားဆုံး ဖမ္းဆီးရမိေၾကာင္း စာရင္းဇယားမ်ားအရ သိရသည္။

ျမန္မာတိုင္းမ္

About the author

Aung Lay

Leave a Comment