ျမန္ မာျပည္က ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရသူမ်ားတြင္ အဖ်ားလကၡဏာျပသသူအမ်ားဆုံးျဖစ္ၿပီး ကူးစက္ခံရသူမ်ားထဲမွ ၇၇ ရာခိုင္ႏႈန္းမွာ အဖ်ားလကၡဏာခံစားရေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ယေန႔ (ဧၿပီ ၂၇) တြင္ ထုတ္ျပန္သည့္ ကိုဗစ္-၁၉ ျဖစ္ပြားမႈ အေျခအေန အစီရင္ခံစာအမွတ္-၂၀ အရ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံရသူမ်ားတြင္ အဖ်ားလကၡဏာခံစားရသူ ၇၇ ရာခိုင္ႏႈန္း ၊ ေခ်ာင္းဆိုးသည့္ လကၡဏာခံစားရသူ ၅၅ ရာခိုင္ႏႈန္း၊ အသက္ရွဴမဝျခင္းခံစားရသူ ၂၀ ရာခိုင္ႏႈန္း၊ လည္ေခ်ာင္းနာျခင္း လကၡဏာကို ခံစားရသူမွာ ၁၉ ရာခိုင္ႏႈန္းႏွင့္ အနံ႔အရသာ မခံစားရျခင္း လကၡဏာကို ခံစားရသူမွာ ၆ ရာခိုင္ႏႈန္း သာရွိေၾကာင္း သိရသည္။
ထို႔ျပင္ ဖ်ားျခင္း၊ အစားစားခ်င္စိတ္မရွိျခင္း၊ ခႏၶာကိုယ္ႏုံးျခင္းကဲ့သို႔ ေရာဂါလကၡဏာမ်ားကို ခံစားရသူ ၁၃ ရာခိုင္ႏႈန္းႏွင့္ ႏွာေခ်ျခင္းႏွင့္ ဝမ္းဗိုက္နာက်င္ျခင္း လကၡဏာမ်ားကို ခံစားရသူ ၁၁ ရာခိုင္ႏႈန္းရွိေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ျမန္ မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါပိုးကူးစက္ခံရသူမွာ ဧၿပီလ ၂၅ ရက္အထိ ၁၄၆ ဦးရွိၿပီး ထိုလူနာမ်ားခံစားရသည့္ ေရာဂါလကၡဏာမ်ားကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက တြက္အခ်က္ထားျခင္းျဖစ္သည္။
ထို႔အျပင္ ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံရသူ ၅၆ ရာခိုင္ႏႈန္းရွိၿပီး အသက္ ၁၅ ႏွစ္မွ ၆၄ ႏွစ္အ႐ြယ္အတြင္း ကူးစက္ခံရသူဦးေရမွာ အမ်ားဆုံးျဖစ္ကာ ၈၅ ရာခိုင္ႏႈန္းရွိေၾကာင္း အဆိုပါအစီရင္ခံစာအရ သိရသည္။
ယေန႔အထိ ျမန္မာႏိုင္ငံတြင္ ေရာဂါပိုးကူးစက္ခံရသူ ၁၄၆ ဦးရွိၿပီး ပိုးကင္းစင္သူ ၁၀ ဦးႏွင့္ ေသဆုံးသူ ၅ ဦးရွိေနၿပီျဖစ္သည္။
Credit : Original Writer
Unicode
မြန် မာပြည်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများတွင် အဖျားလက္ခဏာပြသသူအများဆုံးဖြစ်ပြီး ကူးစက်ခံရသူများထဲမှ ၇၇ ရာခိုင်နှုန်းမှာ အဖျားလက္ခဏာခံစားရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီ ၂၇) တွင် ထုတ်ပြန်သည့် ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေ အစီရင်ခံစာအမှတ်-၂၀ အရ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများတွင် အဖျားလက္ခဏာခံစားရသူ ၇၇ ရာခိုင်နှုန်း ၊ ချောင်းဆိုးသည့် လက္ခဏာခံစားရသူ ၅၅ ရာခိုင်နှုန်း၊ အသက်ရှူမဝခြင်းခံစားရသူ ၂၀ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း လက္ခဏာကို ခံစားရသူမှာ ၁၉ ရာခိုင်နှုန်းနှင့် အနံ့အရသာ မခံစားရခြင်း လက္ခဏာကို ခံစားရသူမှာ ၆ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။
ထို့ပြင် ဖျားခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ခန္ဓာကိုယ်နုံးခြင်းကဲ့သို့ ရောဂါလက္ခဏာများကို ခံစားရသူ ၁၃ ရာခိုင်နှုန်းနှင့် နှာချေခြင်းနှင့် ဝမ်းဗိုက်နာကျင်ခြင်း လက္ခဏာများကို ခံစားရသူ ၁၁ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန် မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူမှာ ဧပြီလ ၂၅ ရက်အထိ ၁၄၆ ဦးရှိပြီး ထိုလူနာများခံစားရသည့် ရောဂါလက္ခဏာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တွက်အချက်ထားခြင်းဖြစ်သည်။
ထို့အပြင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ ၅၆ ရာခိုင်နှုန်းရှိပြီး အသက် ၁၅ နှစ်မှ ၆၄ နှစ်အရွယ်အတွင်း ကူးစက်ခံရသူဦးရေမှာ အများဆုံးဖြစ်ကာ ၈၅ ရာခိုင်နှုန်းရှိကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။
ယနေ့အထိ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ ၁၄၆ ဦးရှိပြီး ပိုးကင်းစင်သူ ၁၀ ဦးနှင့် သေဆုံးသူ ၅ ဦးရှိနေပြီဖြစ်သည်။
Credit : Original Writer